Sunday, June 21, 2009

ဇာတ်ကြောင်းလှန်ခြင်း


မူလတန်းအစ…

ကျမငယ်ငယ်မူလတန်းအစက သိပ်ပြီးပျော်စ၇ာမကောင်းခဲ့ဘူး.။ ဘာကြောင့်လဲဆိုတော့ ကျမကအရေးခင်းပြီးနောက်ပိုင်းမှ သူငယ်တန်းကို စကျောင်းတက်ခဲ့ရတာဆိုတော့ အ၇င်ကလူဟောင်းတွေက တော်တော်ဆရာလုပ်ချင်ကြတယ်။ လူဆိုတာကလဲ ကိုယ်ကိုတိုင်ခံကြရမှ နားလည်ကြတယ်။ အခုချိန် ပြန်စဉ်းစားကြည့်တော့ ကလေးတွေဆိုတော့ ဒီလိုပဲပေါ့။ နောက်ပြီးကစားကြရင် အုပ်စုလိုက်အဖွဲ့တွေကစားကြ အဝေမတည့် ရန်တွေဖြစ် အုပ်စုတွေကွဲ တယောက်နဲ့တယာက် စကားတွေမပြောကြ..။ အိမ်မှာ ကိုယ်က မောင်နှမ ၃ ယောက်ထဲမှာအကြီးဆုံး..ကိုယ်ရှေ့မှာစာကြိုးစားဖို့ ပြောမဲ့လူတယောက်မှမရှိ သေသေချာချာ နားမလည်ရင် ရှင်းပြမယ့်လူတယောက်မှမရှိ ၊ ကျူရှင်ကိုပို့ပေမယ့် ၃ တန်းလောက်အထိ စာကိုသေသေချာချာ မကြိုးစားဖြစ်ခဲ့ဘူး.။ နောက် ၄ တန်းလောက်ကြမှ စာကိုကြိုးရမှန်းသိလာခဲ့တယ်..။ သိတတ်တဲ့အရွယ်ရောက်လာတော့ စာမရတာ ရှက်စရာဆိုတာ သိလာခဲ့တယ်..။ ၄ တန်းတုန်းက မြန်မာစာသင်တဲ့ ဆရာမက စာမရရင် နားရွက်ဆွဲပြီး စင်္ကြန်မှာ ဟိုဘက်ဒီဘက်ကို နားရွက်ဆွဲပြီး လမ်းထွက်လျှောက်ခိုင်းတယ်..။ အဲလိုဆိုတော့ စာကမကျက်ဘဲနဲ့ နေလို့မရတော့ဘူးလေ..။ ကျမ အဲဒီလောက်အထိ စာကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက တရက်မှာဆရာမစာမေးတော့ စာမရတဲ့လူတွေက အတန်းအနောက်မှာ အပြစ်ပေးခံရဖို့အတွက် သွားပြီးရပ်နေရတယ်…၊ ကျန်တဲ့လူတွေက ကိုယ့်အလှည့်ရောက်ဖို့အတွက် ဆရာမဘက်ကို မျက်နှာမူနေတဲ့အချိန်မှာ ကျမတို့ရဲ့အနောက်ဘက်က ရေကျတဲ့အသံကြားလို့ ကြည့်ကြည့်တော့ အပြစ်ပေးရဖို့ရပ်နေရတဲ့အထဲက မိန်းကလေးတယောက်က ရှူးတွေပေါက်ချလိုက်တာကိုး.။ အနားကကျောင်းသားတွေလည်း ရှူးနဲ့ဝေးရာကို ရွှေ့ကြပေါ့…အကုန်လုံးကလည်းကြောင်ပြီးကြည့်နေကြသေးတယ်။ နောက်ပြီးမှ ဆရာမက ကျောင်းသားတယောက်ကို အောက်ထပ်က စာသင်ခန်းကိုလွှတ်ပြီး အဲဒီရှုးပေါက်ချထားတဲ့နေရာအောက်က ကျောင်းသားတွေကိုနေရာရွှေ့ခိုင်းရတယ်..။ အဲဒီမိန်းကလေးက နှစ်ကျ ခန္ဒာကိုယ်ကလည်းကျန်တဲ့ လူတွေထက်လဲကြီးတော့ မစရဲတော့ ကျန်တဲ့လူတွေလည်း အဲဒီဟာကိုမေ့မေ့ပြောက်ပြောက် ဖြစ်သွားကြတာပါပဲ..။

No comments:

Post a Comment