Thursday, July 16, 2009

မှတ်မှတ်ရရ၇ှိခဲ့တဲ့အိမ်သားတွေ..(၁)







ဒီတခါတော့ အိမ်မှာနေသွားတဲ့လူတွေရဲ့အကြောင်းကို စဉ်းစားမိလို့သူတို့ရဲ့အကြောင်းလေးတွေကိုပဲ စာစီလိုက်တော့မယ်။
ငယ်စဉ်ကလူတော်တော်များများနဲ့ကြီးပြင်းခဲ့လို့ ပတ်သတ်ခဲ့တဲ့လူတွေရဲ့အကြောင်းလေးတွေပါ......။
(၁)
ကျမရဲ့ဖေဖေဘက်ကအဖွားနဲ့မေမေဘက်က အမျိုးတွေအားလုံးနီးပါးပာာ သထုံကိုကျော်ပြီး မုတ္တမကားလမ်းပေါ်မှာရှိတဲ့ ရင်းငြိမ်ရွာကအဆက်တွေကြီးပါပဲ။ ရင်းငြိမ်ကိုသထုံကနေသွားမယ်ဆိုရင် မိနစ် ၂၀ လောက်ကားမောင်းယုံနဲ့ရောက်ရော။ တရွာလုံးကလူတွေနဲ့သိနေတော့ အိမ်မှာလူလိုလို့ အဖော်ခေါ်ရင်ရင်းငြိမ်ကလူတွေကိုပဲ ခေါ်ထားလေ့၇ှိတယ်။ တယောက်နဲ့တယောက်အကြောင်းသိဆိုတော့ စိတ်ချရတယ်လေ။ အဲဒီမှာတင်ပဲ မအိမိုးဆိုတော့အမကြီးတယောက် ကျမတို့အိမ်မှာနေဖို့အကြောင်းဖန်လာပါတယ်။ အမှန်မှာသူကအရင်ဆုံး ရန်ကုန်က ဘကြီးရဲ့အိမ်မှာ ၄ နှစ်လောက်နေနေရာက ကြီးကြီးကအရမ်းစည်းကမ်းကြီးတော့ မနေချင်တော့ဘူးလို့အဖွားကိုပြောတော့ အဖွားကအဲဒါဆို ဘယ်အိမ်မှာနေမလဲမေးတော့ သထုံကကျမတို့အိမ်မှာနေချင်တယ်တဲ့။ကျမတို့မိသားစုကလည်းအိမ်အသစ်ပြောင်းခါစဆိုတော့ ခေါ်တဲ့လူတိုင်းကသိပ်မငြိမ်၊ အဖွားတို့အိမ်မှာကလဲ နောက်လူတယောက်ရှိပြီးသားဆိုတော့ သူ့ကိုကျမတို့အိမ်မှာပဲခေါ်ထားလိုက်တော့တယ်။
ကြီးကြီးဆီမှာကောင်းကောင်း Training ရခဲ့တော့ မေမေအနေနဲ့သိပ်ပြီးသင်ပြနေစရာမလိုတော့ တော်တော်လေးအဆင်ပြေပါတယ်။ပာင်းချက်ကလဲကောင်း၊ အိမ်မှုကိစ္စလည်းတော်တော်နိုင်တယ်။ သူအဲဒီအချိန်တုန်းက ၁၇၊ ၁၈ ဝန်းကျင်လောက်ပဲရှိပါဦးမယ်။သူ့ကိုသူလည်း အသန့်ကြိုက်တော့သန့်သန့်၇ှင်းရှင်းရှိတယ်။ဖေဖေနဲ့မောင်လေးက ခေါ်ထားတဲ့မိန်းကလေးတွေ သန့်သန့်ရှင်းရှင်းမ၇ှိရင် ထမင်းကိုမစားတော့ မေမေကမီးဖိုချောင်ပြန်ဝင်ရတတ်ပါတယ်။ ကျမတို့မောင်နှမ ၃ ယောက်နဲ့တခါတလေမှာ စကားများတာကလွဲရင်တော်တော်ကောင်းပါတယ်။သူကျမထက် ၇နှစ် ၈နှစ်လောက်ကြီးတယ်ထင်တယ်။ သူ့အမေက မအိမိုးကျမတို့အိမ်မှာနေစဉ်ဆုံးသွားတော့ မဆုံးခင်အိမ်ကိုလာလည်စဉ်တုံးက မေမေကို့ သူ့သမီးကို စောင့်ရှောက်ဖို့အပ်သွားတော့ ကျမတို့က သူ့ကိုဆွေမျိုးလိုပဲထားပါတယ်။အိမ်ကိုလာလည်တဲ့လူတွေတောင်သူ့ကို ကျမတို့ရဲ့ဆွေမျိုးလို့ပဲထင်ပါတယ်။ကျမတို့ကလည်းအိမ်ဖော်လို့ ဘယ်တော့မှာမပြောပါဘူး။ ပိုက်ဆံပေးခေါ်ထားပေမဲ့ သူအိမ်မှာရှိတဲ့အတွက်ဖေဖေနဲ့မေမေပာာ ကျမတို့မောင်နှမ၃ယောက်ကိုအိမ်မှာထားပြီး စိတ်အေးလက်အေးစီးပွားရှာနိုင်တော့ တွေးတတ်ရင် သူ့ကျေးဇူးကိုယ့်အပေါ်မှာရှိပါတယ်။ မေမေက ကိုယ့်မိသားစုစားဖို့အတွက်ဆိုပြီးဈေးဝယ်တော့ ဈေးကြီးတယ်၊များတယ်မတွက်ဘူး။အဲလိုဆိုတော့ပိုက်ဆံပိုကုန်ပေမဲ့ သူ့ကိုဈေးလွှတ်လိုက်ရင်တော်တော်စေ့စေ့စပ်စပ်ဈေးဝယ်တတ်တယ်။ ပိုက်ဆံကိုဘယ်တော့မှလည်းမတိုဘူး။ မေမေက သူလိုအပ်လို့သုံးခြင်ဝယ်ချင်ရင် ပေးတတ်တော့ ဘာမှတိုနေစရာလည်းမလိုဘူးလေ။ အိမ်မှာကခေါ်ထားတဲ့လူအပြင် ဆိုင်မှာကော၊ အလုပ်ရုံမှာလုပ်တဲ့လူတွေကို သူများအလုပ်၇ှင်တွေလိုခွဲခွဲခြားခြား မဆက်ဆံတဲ့အတွက် တော်တော်လေးအနေချောင်တော့ နေတဲ့လူတွေက နှစ်တော်တော်ကြာအောင်နေကြတယ်။ သူများဆီမှာသွားလုပ်ပြီးရင်လည်း ကိုယ်ဆီပဲပြန်လာကြတယ်။
မအိမိုးနဲ့ဈေးဝယ်ထွက်ရင်သတိထားရတယ်။ ကျမဆိုကျောင်းပိတ်ရင်ဆိုရင် သူနဲ့ဈေးဆွဲခြင်းလိုက်ဆွဲတိုင်းပြေးပေါက်ကိုအရင်ကြည့်ထားရတယ်။ သူကဈေးဝယ်ရင် အရမ်းဆစ်တယ်။အဲဒီမှာဈေးသည်က စိတ်တိုပြီးအလေးနဲ့ချိန်ရော။ သူကဈေးသည်ကို "နင်တို့ကအရမ်းတင်ထားတာကိုး၊ မဆစ်လို့ရမလားတဲ့" ။ မအိမိုးကို ကျမတို့အိမ်ကမှန်းဈေးသည်တွေကသိတော့ "အမတောင်နင့်လောက်မဆစ်ဘူးတဲ့"။ သူတို့ပြောတဲ့အမဆိုတာ မေမေ့ကိုပြောတာပါ။
အဲဒါနဲ့မေမေက "အိမိုးရယ် နင်အဲဒီလောက်ထိဈေးမဆစ်ပါနဲ့၊ သူတို့မှာမ၇ှိလို့ဈေးရောင်းတာအမြတ်တော့ကျန်ဦးမှာ့ပေါ့တဲ့" ။မေမေကကိုယ်ကိုယ်တိုင် ကုန်သည်ဆိုပေမဲ့အဲလိုမျိုးပါ။ အမှန်မှာမအိမိုးအဲလိုဖြစ်တာ ရန်ကုန်ကကြီးကြီးကသွင်းပေးလိုက်တဲ့အကျင့်တွေပါ။ သူသနားဖို့ကောင်းတာက စာမသင်ခဲ့ရဘုး။ ကျမအဖွားနဲ့တွေ့တော့ သူ့အသက်က ၁၂၊ ၁၃ လောက်၇ှိနေပြီဆိုတော့စာသင်ဖို့နောက်ကျပြီး၇ှက်တတ်တဲ့အရွယ်ရောက်နေတော့ မသင်ဖြစ်တော့ဘူး။ သူကျမတို့အိမ်ကနေထွက်ပြီး မော်လမြိုင်က မွန်လူမျိုးအိမ်မှာသွားနေပြီး ကျမတို့အိမ်ပြန်လာနေတော့ ကျမအကြိုက်ပါဘဲ။ ဘာလို့လဲဆိုတော့ မွန်ပာင်းတော်တော်များများသူချက်တတ်လာတော့ ကျမတို့မောင်နှမတွေ တခါမှမစားဖူးတဲ့ပာင်းထူးထူဆန်းဆန်းတွေစားရတာပေါ့။
(စကားမစပ်- သထုံကမွန်ပြည်နယ်ထဲမှဆိုပေမယ့် သထုံမှာနေတာများတာက ပအိုဝ်၊ကရင်၊ ဗမာ၊ ကုလား၊ တရုတ် တွေပဲများပါတယ်။ မွန်တွေကိုတွေ့၇မှာက ရင်းငြိမ်ရွာကို ကျော်သွားပြီး ဇင်းကျိုက်၊အပေါင်လောက်ရမှစပြီးတွေ့ရမှာပါ၊ ဒါတောင်အများကြီးမပာုတ်သေးပါဘူး။)
ဒီလိုနဲ့နှစ်တွေကုန်လွန်လာရင်းက ကျမညီမလေး ၄တန်းလောက်မှာ မအိမိုးက ညီမလေးကို သူ့နာမည် ဘယ်လိုရေးရမလဲဆိုတာသင်လာခိုင်းတယ်။ အရင်တုန်းက အိမ်မှာသင်ပေးမယ်ဆိုတာမသင်ခဲ့ဘူး။ သူကိုယ်နှိုက်က လိုလိုလားလားဆိုတော့ အကုန်လုံးကစိတ်ဝင်တစားနဲ့သင်ပေးကြတယ်။ ညီမလေးသူစာကျက်ပြီးလို့ ရှိရင်မအိမိုးအခန်းကိုသွားသွားပြီးသင်ပေးတယ်။ နောက်လအနည်းငယ်ကျတော့ သူအိမ်က အလုပ်ရုံထဲကကောင်လေးတယောက်နဲ့ ရောရောနှောနှောဖြစ်လာတော့ မေမေကသိပ်မရောနဲ့လို့သတိပေးတာသူမကြိုက်ပါဘူး။အဲဒီကောင်လေးက သူ့ထက်ငယ်ပြီးမအိမိုးက ကျမတို့အမျိုးဆိုပြီး အပိုင်ပဲလို့တွက်တယ်ဆိုတာ သူမသိပါဘူး။ သူကရုပ်ရည်သန့်ပြီး ဆံပင်ကတင်ပါးထိအောင်လဲရှည်၊ အိမ်မှာလုပ်ပိုင်ခွင့်လဲ၇ှိတော့မဆန်းလှပါဘူး။အဲဒီရက်ပိုင်းမှာသူကလန်ကဆန်လုပ်လာပါတယ်။ မေမေ့ အင်္ကျီတချို့လဲ အဲဒီရက်ပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။မေမေဆူတာသူမကြိုက်တော့ မေမေ့အကျီတွေကို သူ ခြံနောက်ဖက်ကအလုပ်သမားတွေသုံးတဲ့ အိမ်သာထဲမှာသွားပြစ်ချတာနောက်များမှသိရပါတယ်။ သူလား မကြာပါဘူး။ အဲဒီကောင်လေးနဲ့လင်နောက်လိုက်သွားပါတယ်။သူလင်နောက်လိုက်မှာမို့လို့ ညီမလေးဆီမှာ လက်ထပ်စာချုပ်မှာ ဆိုင်းထိုးဖို့အတွက်စာသင်မှန်းနောက်မှသိပါတယ်။ကောင်လေးမိသားစုက မအိမိုးကို ကျမတို့အိမ်ကအမျိုးဆိုပြီးလိုလိုလားလားရှိပြီးနောက်တော့အမျိုးမပာုတ်မှန်းသိတော့ ဘယ်လိုဆက်ဖြစ်လဲမသိတော့ပါဘူး။ မေမေကသူတပါးကို သူမတူအောင်ကောင်းပြီးကူညီတတ်ပေမဲ့ သူ့ကိုစိတ်တိုအောင်၊စိတ်ဆိုးအောင်လုပ်ရင် သိတ်လှည့်မကြည့်တတ်ပါဘူး။ ကျမသထုံပြန်ရောက်တဲ့အချိန်ခဏလေးမှာ ရှမ်းခေါက်ဆွဲဆိုင်မှာစားနေတုန်း သူ့ကို ဆေးရုံကကလေးမွေးပြီး ဆင်းလာတာတွေ့တာ နောက်ဆုံးအကြိမ်ပါဘဲ။ နောက်တော့သူဘာလုပ်နေလဲ၊ဘာဖြစ်နေလဲဆိုတာမသိတော့ပါဘူး။
.....ပိာုးငယ်စဉ်ကဘဝမှာခဏရှိဖူးခဲ့တဲ့ လူတယောက်အကြောင်းပါ။ ကျမအတွက်တော့ လူတယောက်အကြောင်း၊ ဖြစ်လေ့ဖြစ်ထရှိတဲ့လူတွေရဲ့ဘဝတွေထဲက အစိတ်အပိုင်းလေးတခုမို့ရေးလိုက်ရတာပါ။......

No comments:

Post a Comment