Thursday, July 16, 2009

သူလား...ဝိတ်လျော့နေတယ်.....



အခုနေနေတဲ့မြို့လေးမှာ မြန်မာပြည်ကနေကျောင်းလာတက်တဲ့ ကျောင်းသား ၁၀ ယောက်နဲ့ ဒီမှာအခြေချနေထိုင်ပြီး ဆူ၇ှီလုပ်ကိုင်တဲ့ဗမာမိသားစု ၁၀ ယောက်နဲ့ဆိုရင် ၂၀ ဝန်းကျင်လောက်တော့၇ှိပါတယ်။လူလဲနည်းတဲ့အတွက်စုစုစည်းစည်းရှိပြီး တခုခုလုပ်စားမယ်ဆို အကုန်လုံးက “အမရေ မေးမနေနဲ့၊ လုပ်သာလုပ်။ အမတို့ မလုပ်ရင်ကောင်းကောင်းဝါးတီးဖွင့်ရမှာ မပာုတ်ဘူးတဲ့”။ အဲလိုဆိုတော့ နဂိုထဲကမှ လူကိုငိုချင်ရဲ့လက်တို့ဆိုသလိုပဲ၊ ချက်ချင်း ချက်မဲ့စားရင်းကိုလုပ်၊ ဈေးဝယ်ဖို့အတွက် Grocery store ကိုပြေးပြီးသားပဲ။ အဲလိုမျိုးအလုပ်ကောင်း၊ အိမ်မှာလဲ အလုပ်အားရင် ကိုယ်စားချင်တာတွေချက်စားရင်း ပျော်နေတဲ့လူဆိုတော့လဲခက်သားကလား။ ကျောင်းနေစဉ်တုန်းကတော့ အလုပ်တဖက်၊ ကျေင်းတဘက်နဲ့ဆိုတော့စိတ်ဖိစီးမှုများပြီး လူကငယ်စဉ်ကအတိုင်းပဲ။ May 2009 တုန်းက New York ကိုသွားလည်တော့အဒေါ်က အိမ်တံခါးဖွင့်ပြီး လူကတံခါးအပြင်ဘက်မှာ၇ှိ
ှိသေး၊ အိမ်ထဲကိုခြေလှမ်းမှမချရသေးခင် “ လာ လာလာ အောင်မလေးလေး အောင်မလေးလေး နည်းတာကြီးမပာုတ်ဘူးပာယ်။ ကြည့်စမ်းပါဦးဆိုတော့” ကိုယ့်နောက်ကများတက်လာတဲ့၇ှိလို့ ခေါင်းလေးများစောင်းပြီးကြည့်ဖို့လုပ်ရုံ၇ှိသေး အဒေါ်က “နှင်းပွင့်ရယ် ဒီလောက်တောင်ထွားလာရသလာလို့ဆိုတော့” ဩော်ငါ့ကိုပြောနေတာဆိုတော့မှ ဒီကလဲအားကျမခံ “အန်တီအေးရယ် မတွေ့တာ ၈နှစ်လောက်ရှိပြီမှတ်လား။ အသက်ကလဲကြီးလာပြီဆိုတော့ နဲနဲပါးပါးအပြောင်းအလဲတော့ရှိမှာပေါ့” ဆိုပြီးတာနဲ့ အိမ်ထဲကိုအတင်းတိုးဝင်တော့တာပဲ။ အဲဒီနဲနဲပါးပါးကလဲ ၁၅ ပေါင်လေးပါ။အဲဒီအန်တီကမြန်မာနိုင်ငံမှာ နေစဉ်ကတည်းက စည်းနဲ့ကမ်းနဲ့မှတိုင်းထွားပြီး ပိုက်ဆံကိုသုံးသူ၊ပာင်းချက်တက်သူလို့နာမည်ကြီးတော့ ငါ့ပုံကိုမြင်ပြီးနှင်ထုတ်ရင်ဒုက္ခလို့ တွေးပြီးတော့ ကိုယ်ကအိမ်ထဲအရင်ဝင် ပြီးတာနဲ့တယောက်သောသူကိုဆွဲခေါ် နောက် Luggage တွေဆွဲသွင်း။ အိမ်ထဲရောက်တာနဲ့ အန်တီကို စားဖို့မပူနဲ့။ ဒီမှာရောက်တုန်းရောက်ခိုက်ဆိုတော့ အပြင်မှာပဲဝယ်စားမှာဆိုတဲ့အကြောင်းကို တန်းပြီးပြောရတော့တာပဲ။ နောက်ထပ်လဲ အန်တီအေးကို မေမေနဲ့ သထုံခေါင်းရင်းအိမ်မှာနေတဲ့ အိမ်နီးချင်း အန်တီဌေးတို့ရဲ့ လက်သုံးစကားလေးကို ယူသုံးပြီးတော့ “ ငါတို့ယောက်ျားတွေကငါတို့ကိုပြည့်ပြည့်စုံစုံထား၊ ပူပန်စရာမရှိဆိုတော့ စိတ်ချမ်းသာပြီး ဝလို့လှလို့ဆိုတဲ့” စကားလုံးတွေကို မှီငြမ်းပြီးတော့ အိမ်ထောင်မကျသေးပေမဲ့ တယောက်သူကအလိုလိုက် အကြိုက်ဆောင်ပြီး စိတ်ချမ်းသာအောင်ထားတဲ့အပြင် ကျောင်းပြီးသွားတော့ Stress Level ကျဆင်းပြီးအရင်ကထက်စာရင် စိတ်ချမ်းသာ၊ကိုယ်ချမ်းသာ၇ှိနေတယ်ဆိုတဲ့ကိုလည်း ထပ်လောင်းပြီးအပ်လိုက်ရပါတယ်။ အမှန်မှာက ကိုယ်လက်လှုပ်ရှားမှု အရင်ကထက်လျော့နည်းသွားရခြင်းက အဓိကအကြောင်းရင်းဖြစ်တာကို ဝန်မခံရဲတာက ထိပ်ဆုံးကပါ။ တတ်နိုင်သလောက်တော့လဲ တနေ့တနေ့ ကြိုးကြိုးစားစား Calories တွေကျအောင်လုပ်ရတာ အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။ အန်တီကမြန်မာနိုင်ငံကို ပြန်သွားပြီး မေမေ့ကို ကျမအကြောင်းသွားပြောတော့ ဝိတ်ချပြီးမှပြန်လာတဲ့။ ဒီဝိတ်နဲ့ဆိုရင်ပြန်မလာနဲ့ဦးတဲ့လေ။
အဲလိုဆိုတော့ အခုလောလောဆယ်ကျမမှာ ဦးတည်ချက် ၃ရပ်၇ှိလာပါတော့တယ်။အဲဒါကတော့
“ ဝိတ်ကျဖို့အရေး ဒို့အရေး
၁၁၅ ပေါင်ရောက်ဖို့အရေး ဒို့အရေး
ဗိုက်ချပ်ဖို့အရေး ဒို့အရေး”

မဝါရဲ့ Blog ကိုဖတ်ပြီး ဗိုက်ချက်စေတဲ့စက်ကလေးကိုသဘောကျပြီး စမ်းကြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်တာနက်ကတော့ လှမ်းမှာလိုက်တယ်။ရရင်တော့အလုပ်ဖြစ်မဖြစ် စမ်းကြည့်ရအုံးမယ်။ ထူးထူးခြားခြား ဒီမှာရောက်တာကြာနေပေမယ့် ဒါလေးကပထမဦးဆုံး အင်တာနက်ကဝယ်တဲ့ ပစ္စည်းလေးပါ။

No comments:

Post a Comment