Thursday, July 16, 2009

ကျောင်းတုန်းကဆိုးပေ...



မှတ်မှတ်ရရကျောင်းသားဘဝ

၅ တန်းရောက်ပြီဆိုတော့ အရင်မူလတန်းကျောင်းလေးကနေ အထက်တန်းကျောင်းကြီးကို ပြောင်းရလေပြီ။အဲဒီအချိန်တုန်းက ကိုယ်ကငယ်သေးတော့ ကိုယ့်ရှေ့မှာမြင်မြင်ရသမျှ အရာတွေအကုန်မှန်သမျှဟာ ကြီးမားပြီးအကုန်လုံးကို ဟိုကြည့်လိုက်ဒီကြည့်လိုက်ပေါ့။မူလတန်းကျောင်းနဲ့ အထက်တန်းကျောင်းရဲ့ အရွယ်အစားက ကွာသွားပြီလေ။ ကျောင်းမပြောင်းခင်ကလဲ မိဘတွေကဘယ်ကျောင်းသွားမလဲတဲ့။ မိဘတွေက အမှတ် ၁ ကျောင်းထွက်တွေဆိုတော့ သူတို့တက်ခဲ့တဲ့ကျောင်းကို ပေးတက်စေချင်ပုံရတယ်။ ဒါပေမဲ့ အမှတ် ၂ ကျောင်းက ကိုယ်နေတဲ့အိမ်ရဲ့ရှေ့တည့်တည့်မှာ။လမ်းကူးရုံနဲ့တင်ကျောင်းကိုရောက်ရော။ ကျောင်း ၂ ကျောင်းလုံးက ဆရာ/ ဆရာမတွေက ကိုယ်တို့မောင်နှမတွေကို သူတို့ကျောင်း မှာလာတက်စေချင်ကြတယ်။ အမှတ် ၁ ကျောင်းက မြို့ပြင်က မြသပိတ်တောင်ခြေ နားက လေယဉ်ကွင်းနားမှာ ဆိုတော့အိမ်က အကြိုအပို့လုပ်ရမှာ။ ဆိုက္ကား သို့မဟုတ် အိမ်ကကားနဲ့ လိုက်ပို့ပေးရမှာ။ စက်ဘီးနင်းတက်ပေမဲ့ အိမ်ကကျောင်းကို အဲလိုစက်ဘီးနင်းသွားရမှာတော့ မကြိုက်ပါဘူး။ မြို့မှာကလူတိုင်းလိုလို စက်ဘီးစီးတာဆိုတော့ ကျောင်းတက်ကျောင်းဆင်းဆိုရင် စက်ဘီးတွေက တော်တော်လေးကိုရှုပ်ပါတယ်။ ဖေဖေကတော့ပြတ်တယ် မောင်နှမနှစ်ယောက်လုံးကို နေ့တိုင်းတော့ ကားနဲ့မလိုက်ပို့နိုင်ဘူး။ ဆိုက္ကားနဲ့ သွားမလားဆိုတော့ မိုးတွင်းကျရင် ဆိုက္ကားက ကသိကအောင့်နိုင်တယ်။ မူလတန်းတုန်းက ကျူရှင်အကြိုအပို့ကို ဆိုက္ကားနဲ့ သွားရတာ ဆိုက္ကားသမားနဲ့ ကိုယ်တို့မောင်နှမက အပင်းတည့်တဲ့ လူနဲ့မှအဆင်ပြေတာ။ ဆိုက္ကားပေါ်မှာ ပြောင်းဆန်အောင်လဲထိုင်ကြတယ်။အမေးအမြန်းကလဲ အရမ်းထူသလားလဲ မမေးနဲ့။ ဆိုက္ကားသမားက နီးတဲ့လမ်းကပြန်ရင် မကြိုက်ဘူး။ ဝေးတဲ့လမ်းကို ပတ်ပြီးနင်းခိုင်းတယ်။ အဲဒီတော့ အမှတ် ၂ ကျောင်းမှာပဲနောက်ဆုံးကျောင်းအပ်ဖြစ်လိုက်ပါတယ်။ ထမင်းဘူးလဲ ယူစရာမလိုတော့ဘဲ အိမ်မှာပဲပြန်စားဖြစ်တော့တယ်။ထမင်းဘူးနဲ့ ကျောင်းမှာစားရတဲ့အရသာကိုလိုချင်ရင်တော့ သူငယ်ချင်းရဲ့ထမင်းဘူးနဲ့ ကျောင်းမလွှတ်ခင်မှာ အရင်ကုန်အောင်ခိုးစားပြီး အဲဒီသူငယ်ချင်းကို အိမ်မှာနေ့လည်စာခေါ်ကျွေးတယ်။ မပိုင်ဘူးလား။တခါတလေကျရင် သူငယ်ချင်းက သူ့ထမင်းဘူးကိုယူပြီး အိမ်မှာလိုက်စားရင် ကျမနဲ့မောင်လေးက သူ့ထမင်းဘူးကပာင်းကိုယူစားပြီး သူ့ကိုအိမ်ကပာင်းနဲ့ပြန်ကျွေးလိုက်တယ်။ ၇တန်းက စပြီး ၁၀တန်းအထိ ၄နှစ်လုံးလုံး အဆင့် ၁ ကနေ ၅၀ အထိ A အခန်းမှာထားတော့ နှစ်တိုင်း ဒီလူတွေချည်းပဲဆိုတော့ တယေက်နဲ့တယောက်က အကြောင်းသိအစင်းသိတွေဆိုတော့ ပေါင်းရတာအဆင်ပြေတော့ ကျောင်းတက်တာအဲဒီတော့မှအဆင်ပြေတော့တယ်။ နောက်တခုက အဆင့် ၁ ကနေ ၅၀ ထိက အများအားဖြင့်က မိန်းကလေးတွေ၊ ယော်ကျားလေးက ၁၀ယောက်မှမပြည့်ချင်တော့ ကိုယ်တို့ မမ တွေအကြိုက်ပေါ့။ ယောက်ျားလေးနဲ့ မိန်းကလေးတွေက တယောက်နဲ့တယောက် အပြိုင်စာပြိုင်ကြတော့ တစောင်းစေးနဲ့ မျက်ချေးလို မျက်နှာကြောမတည့်ခဲ့ပါဘူး။ ( အခုမှပြန်တွေ့တဲ့ သူငယ်ချင်းနဲ့ gtalk မှာ စကားစပ်မိတော့ သူ့ကောင်လေးက ကိုယ်တွေနဲ့High school တုန်းကဆိုတော့ ဟိုတုန်းကတယောက်နဲ့တယောက် ဖုတ်လေတဲ့ငပိရှိတယ်လိုတောင် မထင်တဲ့သူနှစ်ယောက် ဘယ်လိုများမျက်စိလယ်သွားကြလဲမသိပါဘူး)

၇ တန်း၈တန်း ရောက်တော့ English ကျူရှင်ကို ကိုယ်အိမ်မှာ ဝိုင်းဖွဲ့ဖြစ်တော့ အရင်ဆုံးကတော့မိန်းကလေးကြီးပဲ ၁၀ ယောက်လောက်ဝိုင်းတာပေါ့။ အဲဒီမှာ ကိုယ်တို့ကျောင်းမှာ မဆော့ခဲ့ရသမျှ အတိုးချပြီးကစားတော့တာပေါ့။ ကျောင်းမှာ ဆရာမတွေက ကိုယ်တို့တွေကို တုတ်တချောင်းနဲ့စောင့်ကြည့်နေတာကိုး။ကျူရှင်က ၂ နာရီမှာ စမယ်ဆိုရင် ၁၂ နာရီကျော်ကျော်လောက် လူစုပြီး ခြံထဲမှာမျိုးစုံအောင် ကစားကြတော့တာပဲ။ ခိုဖမ်းတမ်း၊ ထုပ်ဆီးထိုး၊စိန်ပြေးတမ်း၊စသည် စသည်ဖြင့် မဆုံးနိုင်အောင်ပါပဲ။ ဆရာမလာမှ ကစားတာရပ်တော့တယ်။ တခါတလေကျရင် ကျောင်းကစိန်ပန်းပင်အောက်က စိန်ပန်းပွင့်တွေကို သွားကောက်၊ အဲဒီ စိန်ပန်းပွင့် အဖူးလေးတွေနဲ့ ကြက်ဖခွပ်တန်း ကစားကြသေးတယ်။ ဆရာမလာရင်တော့ ကမန်းကတန်း တင်ပါးအောက်မှာ ဖွက်ထားရတယ်။ ကျူရှင်ပြီးရင်တော့ နောက်ထပ်တခါ ထက်ပြီးမျောက်ချကြသေးတယ်။ အဲဒီအချိန်တုန်းက အိမ်မှာ အယ်လဇေးရှင်းခွေး၂ ကောင်မွေးထားတဲ့အချိန်။ခွေးတွေကိုနေ့ခင်းကြရင် ခြံနောက်ဖက်က ခွေးအိမ်မှာထားပြီး ညဘက်လူတွေအိပ်ချိန်ကြမှ ခြံထဲကိုလွှတ်ပေးလေ့ရှိပါတယ်။ တနေ့ နေ့ခင်းဖက် ထုံးစံအတိုင်း မိန်းမတအုပ်စု မျောက်ဆုံးအောင်ကစားတဲ့အချိန်၊ ဘယ်ကဘယ်လို ခြံဘေးမှာ ကစားနေရာကနေ ခြံအနောက်ဘက် ခွေးအိမ်ရှေ့ကို ရောက်သွားမှန်းမသိပါဘူး။ ခွေးနှစ်ကောင် အိမ်ထဲကနေခုန်ထွက်ပြီး ကိုယ်တို့မိန်းမအုပ်စုနောက်ကို လိုက်တာ ခြံထဲမှာ ခွေး၂ ကောင်နဲ့ မိန်းကလေး ၁၀ ယောက်ပတ်ပြီးပြေးခဲ့ရတာ ပျားအုံကို တုတ်ထိုးလို့တိုင်းပြည်ပျက်သလား ပွက်လောရိုက်ခဲ့ရတယ်။ အိမ်ပေါ်ကို တက်ပြေးတဲ့လူကပြေး၊ ခြံအပြင်ကို ပြေးတဲ့လူပြေး။ သူငယ်ချင်းတယောက်ဆိုရင် ပြေးတာခြံကထွက် လမ်းမရောက်ပြီး လမ်းရဲ့ ဟိုးဘက်ထိပ်တောင်ရောက်ခဲ့ပြီး သူ့ဖိနပ်က တနေရာဆီမှာကျန်ခဲ့လို့ နောက်မှပြန်ကောက်ယူရတယ်။ ဖြစ်ပုံက ခြံစောင့်ကခွေးတွေကိုနေ့လည်စာကျွေးပြီး ခွေးအိမ်တံခါးပိတ်ဖို့မေ့နေခဲ့တယ်လေ။ မေမေ နေ့ခင်းဖက် အိမ်ပြန်လာတော့ အိမ်ပေါ်မှာစာအုပ်တွေ ထိုင်ဖတ်နေတဲ့ ကိုယ်တို့ကိုမြင်တော့ ဒီနေ့ ဒီအုပ်စု ထူးထူးခြားခြား လိမ္မာလှချည်လားတဲ့။ ခွေးအလိုက်ခံရလို့ ငြိမ်နေမှန်းသိတော့ ဒီလောက်ဆော့တာ နည်းတောင်နည်းသေးတယ်တဲ့။ ၁ ရက် ၂ ရက်လောက်ပဲငြိမ်ပြီး နောက်တော့လဲ အရင်အချိုးပြန်ချိုးကြတာပါပဲ။
A အခန်းမှာကျောင်းတတ်ခဲ့ရတာသိပ်ပြီးလူဖြစ်ရကျိုးမနပ်လှပါဘူး။ နည်းနည်းလေးလှုပ်ရွပြီး ကစားမယ်ဆိုတာနဲ့ ဆရာမတယောက်က ဝင်လာပြီး စာမေးမယ် စာကျက်ထားကြလို့ လာလာပြီးပြောတော့တာပဲ။ ၈ တန်းရောက်တော့ အိမ်ကဝိုင်းမှာ ယောက်ျားလေး ၄၊ ၅ ယောက်လောက် လာပြီးဝိုင်းံကြတယ်။ သူတို့မိဘတွေနဲ့သိနေတော့ မိန်းကလေးဝိုင်းပေမဲ့လည်း သူတို့ကိုထည့်ဖြစ်လိုက်တယ်။ အဲဒီမှာတင် အရင်မိန်းမချည်းပဲ ကစားနေတဲ့ ဝိုင်းထဲကိုသူတို့လည်း အလိုလိုရောပါလာလေရော။ သူတို့ ကျားတွေလည်း ကိုယ်တွေနဲ့ရောပြီး ခိုဖမ်းတမ်း၊ စိန်ပြေးလိုက်တမ်းကစားကြတာပဲ။ ဘောလုံးကန်တမ်း ကစားရင်တော့ ယောက်ျားလေး ၄ ၊ ၅ ယောက်ကတဖက် မိန်းကလေးအုပ်စုကတဖက် ပြီးရင်ယောက်ျားလေးတွေက ကိုယ်တို့မိန်းကလေးဖက်ကို ၁၀ ဂိုးလောက်အကျောပေးရတယ်။ သူတို့တွေကဘောလုံးကောင်းကောင်းကန်တတ်ကြတယ်လေ။ကိုယ်တွေကတော့ ဘောလုံးကန်ချင်တာပဲသိပြီး ကောင်းကောင်းမကန်တတ်တော့ ဟိုလူ့အကျီလိုက်ဆွဲ၊ ဒီလူ့အကျီလိုက်ဆွဲပြီး ပြေးလို့မရအောင်လုပ်ထားပြီးတော့မှ ဂိုးဝင်အောင်လုပ်ရတယ်။ အဲလိုမျိုးအားကစားစိတ်ဓတ်လေးတွေနဲ့ဘောလုံးကန်ခဲ့တာလေးတွေကို တခါတလေစဉ်းစားမိရင်ပြုံးမိတယ်။
၈ တန်းတုန်းက အိမ်မှာ English ကျုရှင်ကို ကိုယ်တို့လူရင်း ၁၀ ယောက်လောက်ပဲဝိုင်းပေမဲ့ စာမေးပွဲဖြေဖို့ ကျောင်းတွေနောက်ဆုံးပိတ်မဲ့ရက်မှာ ဆရာမကသူသင်တဲ့ဝိုင်းက လူတွေအားလုံးကို ကျောင်းနဲ့နီးတဲ့ကိုယ့်အိမ်မှာဝိုင်းပြီး Review လုပ်မယ်ဆိုတော့ ကျောင်းသားအားလုံး အိမ်မှာလာစုတာ လူအယောက် ၅၀ ကျော်ကျော်လောက်။ လူတော်တော်များများကို မသိပေမဲ့ ကျောင်းလွှတ်ချိန်မှာ အကုန်လုံးစုပြီး သိသိမသိသိ ခိုဖမ်းတမ်းကစားကြတာ၊ ဘောလုံးကန်ကြတာ အသံတွေကဆူညံလွန်းလို့ ဆရာမတွေ ကျောင်းအပေါ်ထပ်က ကြိမ်လုံးနဲ့ ရွယ်ပြမှ ကိုယ်ရှိန်သပ်ပြီး ငြိမ်နေကြတာ။ တခါတ လေကျရင် အဲလိုမျိုးပြန်ကစားချင်စိတ်ပေါက်မိပေမဲ့ အသက်ကကိုယ့်ကို ပာန့်ထားနေတော့ အီလည်လည်ကြီးနဲ့။
၉တန်းတုန်းကဆိုရင် ဘောလုံကန်ချင်တော့ အတန်းထဲမှာ လေလျော့နေတဲ့ဘောလုံးတွေကို ယောက်ျားလေးတွေကထားထားတော့ အဲဒီလေလျော့နေတဲ့အလုံးကို အတန်းထဲမှာပဲ သူတို့ယောက်ျားတွေမ၇ှိရင်ခိုးကန်ဖြစ်တယ်။မကန်တဲ့သူက တံခါးစောင့်လုပ်ရတာပေါ့။ ဒါမှလူလာတယ်လို့အချက်ပေးရင် ဘောလုံးကိုအခန်းထောင့်ကိုပြစ်ကန်ပြီး ကိုယ့်နေရာမှာကိုယ် အပြေးအလွှားပြန်ထိုင်ရတယ်။အတန်းထဲမှာမိန်းကလေးက ၄၀ လောက်ရှိပြီး ကျားကမှ ၁၀ ယောက်လောက်တောင်မှမရှိတော့ သူတို့ဘောလုံးကိုကန်ထားမှန်းသိလို့ ဒီဘက်ကိုလှည့်ကြည့်ရင် ဒီဘက်ကမိန်းမတွေက မျက်နှာမာမာနဲ့ဘာကြည့်တာလဲဆိုတဲ့ မျက်နှာပေးနဲ့ပြန်ကြည့်တတ်တော့ သူတို့တွေလဲကိုယ်တွေကို ဘာပြန်ပြောရဲမလဲ။
၁၀တန်းပြီးတောင်တာမှ လသာတဲ့ညတွေမှာ အိမ်ကအလုပ်သမားတွေ၊ မောင်လေး၊ ညီမလေးတွေနဲ့ ခြံဘေးမှာ ဖိနပ်ပြစ်တမ်းကစားကြသေးတယ်။ (အမှန်မှာ ဂျင် သို့မပာုတ် အုတ်ချပ်ပြားတွေနဲ့ ကစားရမှာပါ)။ ကိုယ့်ကိုနိုင်ပြီးစားသွားရင်တော့ မျက်နှာကမကောင်းပဲစူတာတော့ သိတ်ပြီးမကောင်းပါဘူး။ မရှိတော့ရှိတာနဲ့ပဲဆော်ကြရတာပေါ့။အဲလိုအဲလို မျောက်ချချင်ပါသေးတယ်။အခွင့်အရေးရခဲ့ရင်ပေါ့။

သူငယ်ချင်းတွေနဲ့နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့၁၀နှစ်နီးပါး ၁၀ တန်းနှစ်ကနောက်ဆုံးဆိုတော့ ဒီ ၁၀ နှစ်နီးပါးမှာ သူတို့တွေလဲ ဘယ်ဆီရောက် ဘယ်တွေပေါက်ပြီး ဘာတွေများလုပ်နေလဲဆိုတာ တခါတလေတွေးမိတယ်။

၁၀တန်းအပြီး

၁၀တန်းစာမေးပွဲပြီးပြီးချင်းလုပ်တာကတော့ အသကုန်နေဖင်ထိုးတဲ့ထိအိပ်၊ ကျားမင်းစာအုပ်ဆိုင်က စာအုပ်တွေဌားပြီးဖတ်တော့တာပဲ။ နေ့ခင်းဘက်ဆိုရင်တော့ ဆိုင်ဝိုင်းထိုင်ရတာပေါ့။ ဈေးဝိုင်းရောင်းပေးတာထက်ကို တနေ့တနေ့ ဘယ်ဆိုင်မှာမုန့်ဝယ်စားရမယ်ဆိုတာက အလုပ်တခု။ ၅ လ ပိုင်းလောက်ရောက်တော့ ရန်ကုန်က သူငယ်ချင်း စုရည်ဝင်းကဖုန်းလှက်ဆက်ပါတော့တယ်။ သူ့မိဘတွေနဲ့ ကိုယ်မိဘတွေက လူမှုရေးဘက်ကကော၊စီးပွားရေးရော ရင်းနှီးနေတဲ့ လူရင်းတွေလေ။ သူ့အိမ်ကလူကြီးတွေက ၁၀တန်းအပြီးသင်တန်းတက်ဖို့ကို ကိုယ်နဲ့ရင်းနှီးတဲ့သူနဲ့ပဲတက်ရမယ်ဆိုတော့ KMD မှာ သူ့နာမည်နဲ့ကိုယ့်နာမည်ကို ပေးထားတယ်ဆိုပြီး သထုံကိုဖုန်းလှမ်းဆက်တော့ ရန်ကုန်ကိုလာခဲ့ဖို့အကြောင်းဖန်လာလေရဲ့။သူကလည်းချက်ချင်းကြီး နီးရာကားနဲ့ ရန်ကုန်ကိုလာတော့ဆိုတော့ ဖေဖေကမောင်လေးနဲ့ ၂ ယောက်အတူတူ လိုင်းကားနဲ့ပဲသွားတဲ့။ နိုင်ငံခြားမှာ ကျောင်းတက်ချင်ရင်ခုကတည်းက ကိုယ့်ဘာသာအစစအရာရာ လုပ်နိုင်အောင်ဆိုပြီး ကိုယ့်ဘာသာကိုသွားခိုင်းခဲ့တယ်။အဲဒီတုန်းက ၁၆ နှစ် ဘဝမှာပထမဦးဆုံး မောင်လေးကိုဦးဆောင်ပြီး ကိုယ်ကလူကြီးလုပ်ပြီး သွားခဲ့ရတဲ့ခရီးပါ။ ကိုယ်တို့မောင်နှမတွေက ဘယ်အရာမဆိုနှုတ်လေးနဲ့ပဲ လိုချင်တာကိုပြောလိုက်ယုံ၊ လုပ်ပေးမဲ့လူတွေအဆင်သင့်နဲ့ ကြီးခဲ့ရတော့ အခုကကိုယ့်ဘာသာကိုဆိုတော့ လန့်လဲလန့်ခဲ့ရတယ်။အဲဒီအချိန်တုန်းကဆိုရင် စကားပြောလဲမရဲ၊ နှုတ်ကလဲမသွက်။ (အပြင်မှာ သူစိမ်းတွေနဲ့ဆိုရင်ပြောပါတယ်)။ အိမ်မှာတော့အိမ်ကျယ်ပေါ့။ KMD က ကွန်ပြူတာသင်တန်းကို အစပြုပြီးတခြားသင်တန်းတွေကို တက်ဖြစ်တော့တယ်။ ရန်ကုန်ရောက်ရောက်ခြင်း သူငယ်ချင်းကလိုင်းကားစီးသင်တန်း Training ပေးပါတော့တယ်။ သူ့အဖေက နံနက်ပိုင်းပွဲရုံမသွားခင် တခါတလေကားနဲ့လိုက်ပို့ပေမဲ့ များသောအားဖြင့်ကတော့ လိုင်းကားနဲ့ကိုယ့်ဘာသာကို ဒိုးရပါတယ်။မေမေက တက္ကစီးဖိုး ပိုက်ဆံပေးပဲမဲ့ အစားမက်တဲ့ကိုယ်ကတော့ မုန့်များများစားရအောင်ဆိုပြီး တက္ကစီသိပ်မစီးပဲ မုန့်များများဝယ်စား၊ လိုင်းကားများများစီး၊ ကုန်ကြောင်းများများလျှောက်ပြီးဖြတ်သန်းခဲ့ရတဲ့ရက်တွေကို ပြန်ပြီးလွမ်းလားဆိုရင်တော့ ဟင်အင်းဆို ဟင်အင်းပဲ။ အိမ်ကို ကားဝယ်ပေးရင်ပေး မပေးရင် ရည်းစားထားပစ်မယ်ဆိုတော့ နင့်ထိုက်နဲ့နင့်ကံတဲ့။ သထုံအိမ်ကကား ရန်ကုန်ကိုတက်လာရင်တော့ သွားချင်တဲ့နေရာတွေကို လိုက်ပို့ခိုင်းတော့တာပဲ။ အိမ်ကိုကားဝယ်ပေးဖို့ အဲလိုရည်းစားထားမယ်ဆိုတာနဲ့ အကြပ်ကိုင်လို့မရတော့ option ကနှစ်ခုတည်း၇ှိတယ်။ သထုံကိုပြန်ပြီးစီးပွားရေးလုပ်ချင်လုပ်၊ မလုပ်ရင်နိုင်ငံခြားမှာကျောင်းမြန်မြန်သွားတက်ရုံပဲရှိတော့တယ်။ အကိုဝမ်းကွဲ ၂ ယောက်က ပိုလီမှာတက်နေတော့ သူတို့ဆီကိုပဲအကုန်လုံးက သွားစေချင်ကြတယ်။
ဒါပေမဲ့လဲ အရာရာတိုင်းက ကိုယ်လိုချင်သလိုပုံဆွဲယူလို့ မရတဲ့လောကကြီးဆိုတော့….။


Singaporeကိုမသွားဖြစ်ခဲ့တော့ အကို၂ယောက်ကိုထမင်းချက်ကြွေးရမဲ့ဝဋ်ကနေလွတ်တယ်ဆိုရင်မမှားပါဘူး။နိုင်ငံခြင်းမတူတော့ကိုယ်လုပ်တာတွေကို အိမ်ကိုပြန်ပြီးအစီရင်ခံမဲ့လူမရှိတော့ဘူးပေါ့။သူတို့တွေလဲလွတ်လပ်တာပေါ့။ မပာုတ်ရင် ကျမကသူတို့အမေဆီ အကုန်ပြန်တိုင်မှကိုး။ ပာားပာား….ပာား။

No comments:

Post a Comment