Friday, September 25, 2009

ထူးဆန်းတဲ့သူခိုး



ထူးဆန်းတဲ့သူခိုး

ကျမတို့မှာ သူခိုးတွေနဲ့ ပတ်သက်လို့ အိမ်ကပစ္စည်းတွေ အခိုးခံရတိုင်း ရီစရာတွေချည်းပဲ.။ မိသားစုဝင်တွေကြားထဲမှာ အောက်အိမ်လို့ခေါ်တဲ့ ကျမအဖိုးအဖွားတွေနေတဲ့ အိမ်မှာနေစဉ်တုန်းကအဖြစ်အပျက်လေးကို အရင် ပြောရမယ်ဆိုရင်….


ကျမတို့မိသားစုက ကုန်သည်တွေဆိုတော့ အိမ်ဘေးနဲ့အိမ်နောက်မှာဂိုထောင်တွေဆောက်ထားတယ်.။ ကုန်လှောင်ဖို့လေ။ ကျမ ၃တန်းလောက်တုန်းက အိမ်ဘေးက ဂိုထောင်ထဲမှာ ကျမတို့ လှောင်ထားတဲ့ ဆေး၇ွက်ကြီးလိပ်အိတ်တွေ ပျောက်ပါလေရော။ ပျောက်တာ ဘယ်လိုလုပ် သိလဲဆိုတော့ မနက်၆ နာရီလောက် ဖေဖေက ဈေးထဲက ဆိုင်ကိုမသွားခင်မှာ ဂိုထောင်ကိုသွားစစ်တဲ့အခါမှာ ဂိုထောင်သော့ကို ဖျက်ထားတာတွေ့တာ။ နောက်အိတ်တွေကို စစ်ကြည့်တော့မှ လျော့နေတာလေ.။ ဒါနဲ့ ကျမတို့ မြို့မှာ ဆားပုလင်းလို့ ခေါ်တဲ့ ထောက်လှမ်းရေးကလူကို သွားပြောပြီး ခိုးတဲ့လူကို ဖမ်းပေးဖို့ သွားပြောပြီး ဖေဖေက ဆိုင်ကိုထွက်သွားလေရဲ့။
ကျမတို့မြို့လေးက သိပ်အကြီးကြီးမပာုတ်တော့ လူတွေက တယောက်နဲ့တယောက် မသိရင်တောင်မှ မျက်မှန်းတမ်းမိနေကြတော့ ဘယ်သူဘယ်ဝါဆိုတာ သိကြတယ်လေ.။ဒါကြောင့်မို့ မြို့လေးမှာ တခုခုဖြစ်ရင် သိပ်သိလွယ်တာ။

စကားမစပ် ကြားဖြတ်ပြောလိုက်ဦးမယ်။ ၂၀၀၂ ခုနှစ်လောက်က မြို့မျက်နှာဖုံးတယောက်ရဲ့ သမီးလင်နောက်လိုက်ပြေးတာ ၂နာရီတောင် မကြာသေးဘူး၊ လူတချို့ကသိနေပြီ သတင်းကအပျံ့မြန်တာအဲဒီလောက်၊ ဒါကြောင့်မို့ ကျမ ဖေဖေနဲ့မေမေ က ကျမတို့မောင်နှမ ၃ ယောက်ကိုပြောတယ်။ တခုခုများ မပာုတ်တာလုပ်ပြီး သတင်းပျံ့လို့ကတော့ နင်တို့အိမ်တောင်မရောက်သေးဘူး။
သတင်းကအရင်ရောက်မှာလို့ပြောတာ.။အိမ်ရောက်ရင်တော့ ဗျင်းခံထိမှာပေါ့။ ဒါကြောင့် ကျမတို့တွေလိမ္မာအောင်၊ သူများပြောခံ မထိအောင် နေကြတာ. . ။ပာင်း .ပာင်း.ပာင်း။

ခိုးတဲ့သူခိုးကံဆိုးပုံများ ..။ မနက်၉နာရီလောက်ကျတော့ လူတယောက်က ကျမတို့ဆိုင်ကိုလာပြီး ဆေးရွက်ကြီးလိပ်အိပ်လိုက်ရောင်းဖို့ရှိတယ်၊ ဝယ်မလားဆိုပြီး မေးတော့ ဖေဖေက အင်း ဝယ်မယ် နမူနာ ယူလာပြ လို့ဆိုတော့ ဒီလူက အိတ်လိုက်မလာပြီး ဆိုင်မှာပြတယ်။
သူယူလာတဲ့ အိတ်ကိုကြည့် ကြည့်တော့ ကျမအဖိုးရဲ့နာမည် ကိုအတိုကောက်ရေးထားတာရယ်။ ကုန်ပစ္စည်းဝင်တဲ့ရက်ကို ရေးထားတာတွေ့တော့မှ ကဲ မင်းဘယ်ပြေးမလဲပေါ့.. ။ ခိုးသာခိုးတာ။ ဒီအိမ်ကို ဈေးထဲမှာ ဆိုင်၇ှိမှန်းမသိတော့ ဒုက္ခရောက်တာ။ အမှန်မှာ သူသာ အိတ်ကိုဖြေပြီး ဆိုင်အသေးလေးတွေကို ခွဲပြီးရောင်းရင်မိမှာ မပာုတ်ဘူး။ ကျမတို့လဲ သိလိုက်မှာမပာုတ်ဘူး။
အဲဒါနဲ့ဒီလူကို ဈေးရုံးကိုပို့လိုက်တာပေါ့.။

နောက်တခုက ၄ တန်းနှစ်လောက်မှာ ကျမနဲ့မောင်လေး ၂ ယောက်သား ခြံအနောက်ဘက်မှာ နေ့ခင်းဘက်လူကြီးတွေ အိပ်တဲ့အချိန်ကစားစဉ်မှာ ကျမတို့ထက် ၆ နှစ်၊ ရ နှစ်လောက်ကြီးမယ့် ကောင်လေးတယောက် ကျမတို့အိမ်ရဲ့ ရ ပေလောက်မြင့်တဲ့ ခြံအုတ်တံတိုင်းပေါ်မှာ ထိုင်နေတာတွေ့တော့
ကျမနဲ့မောင်လေးက ဘာလုပ်နေတာလဲ၊ ဘယ်သူလဲ ၊ ဘယ်ကလဲမေးတော့ ကောင်လေးက သူကဒီအနောက်ရပ်ကွက်မှာ နေတာ။ အိမ်နဲ့စိတ်ဆိုးလို့ ထွက်လာတာဆိုပဲ။ အဲဒါနဲ့ ကျမတို့မောင်နှမက သူ့ကို အင်တာဆက်ဗျူးနေကြတုန်းမှာ အဖိုးကရောက်လာပြီးမေးတော့မှ ပြန်တော့မယ်ဆိုပြီး အုတ်တံတိုင်းနဲ့ဆက်နေတဲ့ အနောက်ဘက်ကခြံထဲကို ခုန်ချသွားတာ။
နောက်မှ ပြန်သိရတာက အဲဒီကောင်လေးက ဆေးတွေဘာတွေဖို့ ငွေလိုရင် နဲနဲပါးပါး လိုက်ခိုးတတ်တာတဲ့လေ။အမှန်မှာ သူလာခိုးတာ လူတွေ့တော့ ခိုးလို့မှမရတော့ ရေလိုက် ငါးလိုက် လုပ်လိုက်ရတာပေါ့.။
“ အ ”ချက်က လွန်ရော..။ ကလေးအရွယ်ဘဲ ရှိသေးတော့ ဘယ်လိုလုပ်သိနိုင်မှာလဲနော်.။

ကျမ ၅ တန်းနှစ် အခုလက်၇ှိနေ နေတဲ့ အိမ်ကိုပြောင်းပြီးမှ ဖြစ်ပုံကတမျိုး…။

အိမ်ပြောင်းကာစမှာ အခိုးခံထိတာက ညဘက်အပြင်မှာ မရုတ်မိဘဲ ထားထားတဲ့ အဝတ်အစားတွေ၊ နောက် ဓတ်ဆီတိုင်ကီထဲက ဆီကို ပန့်ထုတ်ပြီးယူသွားတာတွေ ၊ ခြံထဲက ပန်းပင်တွေကို နေရာရွှေ့သွားတာတွေ ။
တော်တော်လဲ ပာုတ်တဲ့လူတွေ ၊

ကျမ ၁၀ တန်းနှစ်အစမှာ မေမေက ပန်းအိုးကြီးကြီးတွေဝယ်ပြီး ပန်းပင်တွေ စိုက်ပါလေရော.။ အဲဒီအတွက် ပန်းပင်ကို ရန်ကုန်ကဝယ်၊ ပန်းအိုးကို ပဲခူး ၁၀ မိုင်ကုန်း အထွက်နားက အိုးတွေရောင်းတဲ့ဆီက တကူးတက ဝယ်ရတယ်၊ ပန်းအိုးကို သယ်ဖို့ ကျမတို့ အိမ်က ကိုယ့်ကုန်ကားနဲ့ ရန်ကုန်က အပြန်မှာ သယ်ယူခဲ့ရတဲ့အထိကိုတော်တော် စာရင်း၇ှုပ်ခဲ့တဲ့ ပန်းပင်.။

အဲလိုနဲ့ လအနည်းငယ်ကြာပြီးတဲ့ တနေ့မှာ မနက်ပိုင်း ကျမမေမေဆီက ပွစိပွစိ အသံကြားရပါတော့တယ်။
လူအရပ် ၆ပေ ကျော်ကျော်လောက်ရှိတဲ့ အပင်တွေထဲက ၁ပင်ညတုန်းက ခိုးခံထိသွားတယ်လေ.။
တော်တော် ပာုတ်တဲ့ သူခိုး၊ အပြင်မှာ ဒီအတိုင်းထားထားတဲ့ ဆီတိုင်ကီ အလုံးလိုက်တော့ ခိုးမသွားဘဲနဲ့ ၆ ပေအမြင့်ရှိတဲ့ ပန်းပင်ကို ကျမတို့အိမ်ရဲ့ ၆ပေလောက်အမြင့်ရှိတဲ့ အုတ်တံတိုင်းကနေ ဘယ်လိုကျော်ပြီး ခိုးသွားလဲ စဉ်းစားလို့ကို မရဘူး.။

နောက်တခုက ခေါင်းရင်းအိမ်မှာ နေတဲ့ ကျမသူငယ်ချင်းဖြူဖြူက စတဲ့ဇာတ်လမ်း။

တည ၈ နာရီလောက်ကြီးမှာ ခေါင်းရင်းအိမ်က ဖုန်းလှမ်းဆက်လာတယ်။ ဘာလဲဆိုတော့ ဖြူဖြူက သူအပေါ်ထက်မှာစာကျက်နေရင်းက မျက်နှာကျက်မှာ လူတယောက်ဝင်ခိုနေတဲ့ အသံကြားလို့ လှမ်းပြီးဆက်တာတဲ့။ ဖြူဖြူ့အဖေက တာယာစက်ရုံက စက်ရုံမှူးဆိုတော့ ညဘက်အိမ်ပြန်မရောက်သေးတော့ သူတို့အိမ်မှာ ယောကျာ်းသားမရှိတော့ ကျမဖေဖေအိမ်မှာ ရှိမယ်ထင်လို့ လှမ်းပြီးဆက်လိုက်တာ။ သူ့မောင်လေး ဖိုးသားရှိပေမဲ့ ဖိုးသားကလဲ ရှိလှမှ ၁၁ နှစ် ၁၂ နှစ်လောက်. ကျမမောင်လေးကလဲ ဖိုးးသားထက် ၁ နှစ်ပဲ ကြီးလို့ အားကိုးလို့ မရသေးတဲ့ အရွယ်။
အဲဒီအချိန်တုန်းက ဖြူဖြူတို့အိမ်က တပိုင်းတစ ဆောက်လက်စအချိန်ဆိုတော့ ဝင်ခိုပြီးနေဖို့က ဖြစ်နိုင်တဲ့ အနေအထား။
သူလဲ ဖုန်းဆက်ပြီးရော ကျမတို့အိမ်က လူတွေလဲစုပြီး သူခိုးဖမ်းဖို့ထွက်သွားလေရဲ့.။
ကျမတို့ခြံနဲ့ ဖြူဖြူတို့ ခြံကြားအုတ်တံတိုင်းမှာ အလွယ်တကူဝင်နိုင်တဲ့ မလွယ်ပေါက် တခု၇ှိတယ်.။ အဲဒါ ပိာုအရင်အိမ်ရှင်တွေတုန်းက လုပ်ထားတဲ့ပာာ.။
နောက်ပြီး ကျမတို့ခြံတွေက အနောက်ဘက်ကို တော်တော်လေး၇ှည်ပြီး ညကျက်ရင်မှောင်နေတော့ လူခိုဖို့က သိပ်လွယ်တာ.။ကျမတို့ သူခိုးရှာနေစဉ်မှာပဲ ဖြူဖြူ့အဖေ စက်ရုံက ပြန်ရောက်လာတာနဲ့ဆုံတော့ သူပါ သူခိုးရှာတဲ့အထဲ ဝင်ပါပြီး ရှာနေရင်းနဲ့ ကျမတို့ ခြံထဲက လူရိပ်တရိပ် ဖြူဖြူတို့ ခြံထဲကို မလွယ်ပေါက်ကနေထွက်နေတာကို ဖြူ့ အဖေက အိမ်နောက်ဖက် ဝရံတာကနေလှမ်းတွေ့တော့ ဂေါက်ရိုက်တဲ့ ဂေါက်တံနဲ့ လှမ်းပစ်တော့ သူခိုးရဲ့ ခြေထောက် နို့သူကြီးကို ထိပါလေရော.။ ဒီလောက်အရှိန်ရှိန်ပြင်းပြင်းနဲ့ ထိတာ သူခိုးကဖြုံတောင်မဖြုံဘူး.။ သူလဲ လွတ်အောင်ပြေးရတာဆိုတော့ ဂေါက်တံနဲ့လဲ ထိပြီးရော တ၇ှိန်ထိုးကို ပြေးထွက်တော့တာ။
သူခိုးက ဖြူဖြူတို့အိမ်မှာ ဝင်ခိုနေရာကနေ နောက်တော့ ကျမတို့ ခြံထဲဝင်လာတာနဲ့ တူပါတယ်.။နောက်သူခိုးဖမ်းတဲ့ အုပ်စုက ခေါင်းရင်းအိမ်ကနေ ခြေရင်းခြံဖြစ်တဲ့ ကျမတို့ ခြံကို ပြန်ဝင်လာတော့မှ သူ့မှာ အရင်ဝင်ခဲ့တဲ့ ခြံကနေ လွတ်အောင် ပြေးရတော့တာ.။ သူသာ မိခဲ့ရင် ကျမတို့ သူခိုးဖမ်းတဲ့ အုပ်စုနဲ့ဆိုရင် လွယ်မှာ မပာုတ်..။
သူခိုးဖမ်းရတာလဲ တော်တော်လေးကို ပျော်စရာကောင်းခဲ့တာ။လူကြီးတွေက ခြံ၂ ခြံကိုပတ်ပြီး ဒုတ်တွေ၊ဓါတ်မီးတွေနဲ့ ပတ်ပြီး၇ှာရင် ကျမတို့ကလေးတွေက မီးရထားလိုတန်းစီးပြီး အိမ်ထဲမှာပဲ အိမ်ရှေ့ နဲ့ အိမ်နောက်ဖေးကို ကူးချည်သန်းချည်လုပ်ပြီး လူကြီးတွေသွားရာနောက်ကို ပြတင်းပေါက်ကနေ လှမ်းလှမ်းပြီး ကြည့်ရတာအမော.။

ကဲ ကဲ ဒီလိုနဲ့ အိမ်က သူခိုးရန်ကာကွယ်ဖို့ ခြံစောင့်ဌားမယ်ပေါ့ ဆိုပြီး လူဌားတယ်.။ အဲလိုနဲ့ လူတယောက်ကျမတို့ ခြံမှာ ညကျရင် လာပြီး မနက်ကျရင်ပြန်ဆိုပြီးလာလုပ်တယ်.။ အဲဒီ ဦးလေးကြီး ၂ ရက်ပဲခံတယ်.။ ပထမတရက် ကျမဖေဖေ မနက် ၆ နာရီလောက်နိုးပြီး ခြံထဲ လှမ်းကြည့်တော့ ခြံစောင့်အိပ်နေတာသိုးလို့..။ နောက်တရက် ကျတော့ ဦးလေးကြီးက အလုပ်ကို မလာတော့ အသိတယောက်ကို သွားမေးခိုင်းတော့ ခြံကကြီးတော့ ညဘက် သူကြောက်တတ်လို့ မလုပ်တော့ဘူးတဲ့.။ ပိုက်ဆံပိုပေးလည်း မလုပ်တော့ဘူးတဲ့….။ အဲလို အဲလို …

ဘာရယ်မပာုတ် ကျမငယ်ငယ် မိသားစုနဲ့ နေစဉ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အမှတ်တရလေးတွေပေါ့..။ တယောက်ထဲ မိသာစုနဲ့ဝေးပြီးနေရတော့ အရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြီး အမှတ်ရမိတော့ စိတ်ပြေလက်ပျောက် ချရေးမိတယ်…။

ကြုံကြိုက်လို့ ကျမရဲ့ဘလော့ခ် ဖတ်မိလို့ ဘာကြီးမှန်းရေးထားလဲမသိဘူးဆိုရင်တော့ မျက်လုံးအညောင်းခံဖတ်မိတဲ့ သူများကို ဆောရီး ပါရှင်.။။ တမင် သက်သက်နှိပ်စက်ခြင်းမပာုတ်ရပါ….။ပီားပီား…ပီား…….။

Thursday, September 24, 2009

ယူအက်စ်ကကျောင်းသားဘဝ



U.S မှာကျောင်းတက်မယ်ဆိုရင်..

ကျမကိုယ်နှိုက်က ဒီမှာကျောင်းလာတက်ခဲ့တဲ့လူတယောက်မို့လို့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံကို မြန်မာတွေထဲက ကျောင်းလာတက်ချင်သူများရှိရင် သိရအောင်လို့ ကိုယ်ချင်းစာစိတ်နဲ့ အပိုင်းပိုင်းလေးတွေခွဲပြီးရေးတင်လိုက်ရတာပါ.။

ဒီပို့စ်မှာကျမနဲ့ကျမရဲ့အနားမှာရှိတဲ့ကျောင်းသားလေးတွေရဲ့ဖြစ်စဉ်လေးတွေကို ဒီမှာကျောင်းလာတတ်ချင်ရင် ကြိုသိစေချင်လို့ရေးတာဖြစ်တဲ့အတွက် ဥပမာပေးရာဠ် တိုက်ဆိုင်ခဲ့သည်၇ှိသော် မည်သူ့ကိုမှ ထိခိုက်စေလို၍မပာုတ်ပါ.။

ယူက်စ်မှာ Undergraduate (Bachelor) အတွက်ကျောင်းလာတက်မယ်ဆိုရင်ပျမ်းမျှအားဖြင့် ၄ နှစ်တက်ရပါမယ်.။ ကောလိပ်နှင့်ယူနီဗာစတီကလဲကွာပါတယ်.။ ပုံမှန်အားဖြင့်ဆိုရင် ကောလိပ်က၂နှစ် ပြီးရင် Associate Degree ရပြီး၊ ယူနီဗာစတီက ၄နှစ်ကြာပါတယ်.။ သေသေချာချာသိရအောင်လို့ ကဏ္ဍခွဲပြီးရေးပါ့မယ်.။

ကျောင်းလျှောက်ပုံ ။

မြန်မာနိုင်ငံကနေတိုက်ရိုက်လာမယ်ဆိုရင် အနည်းဆုံး TOEFL အမှတ်လိုပါတယ်.။ကိုယ်သွားမဲ့ ကျောင်းပေါ်မှာမူတည်ပြီး အမှတ်အနည်းအများကွာပါတယ်.။ Scholarship လိုချင်ရင်တော့ SATအမှတ်အရမ်းကောင်းဖို့လိုပါတယ်.။ ဒါလဲကျောင်းပေါ်မှာမူတည်ပြန်ပါတယ်။ စကော်လာရှစ်ရလို့လာမယ်ဆိုရင်တော့ ဒီရောက်ပြီးရင် ကိုယ့်ရဲ့GPA (Great Point Average) ကိုတခြားလူတွေထက် ပိုပြီးထိန်းဖို့လိုပါတယ်.။ International student (IS လို့ပဲနောက်ကျရင်၇ိုက်တော့မယ်နော်.) တွေရဲ့ GPA ထိန်းရတာသူတို့အမေရိကန်နိုင်ငံသားတွေနဲ့မတူပါဘူး.။

ဥပမာဆိုရင် - အမေရိကန်နိုင်ငံသားတွေက GPA 3.00 ထိန်းရရင် IS တွေက 3.5အနည်းဆုံးထိန်းရပါတယ်.။ ကျောင်းကလဲ State and Private ဆိုပြီး၇ှိတယ်ဆိုတာ သိကြမှာပါ.။ အစိုးရကျောင်းက ပြည်နယ်ကလူတွေပေးဆောင်တဲ့အခွန်ရယ်.၊ Federalကချပေးတဲ့ငွေရယ်.၊ ပုဂ္ဂလိကအလှူရှင်တွေရဲ့ငွေကရပ်တည်ရတာပါ.။ဒါကြောင့်မို့လို့သူတို့ဆီက စကော်လာရှစ်ရဖို့က သိပ်မလွယ်ပါဘူး။ Private ကတော့ ပြည်နယ်ကျောင်းထက်စာရင် စကော်လာရှစ်ရဖို့နဲနဲလွယ်ပါတယ်.။ဘယ်ကျောင်းပဲသွားသွား စကော်လာရပြီးလာရင် GPA ကျသွားတာနဲ့ ကိုယ့်အိပ်ကစိုက်ပြီးငွေပေးဖို့ပြင်ထားပေတော့။ IS status နဲ့ကျောင်းလာတက်ရင်ဒီမှာခေါ်တဲ့ Grant , Financial aid တွေကိုလျှောက်ခွင့်မရှိပါဘူး။ သူတို့နိုင်ငံသားတွေကိုပေးတာပါ.။ ကိုယ့်ဆွေမျိုးရှိလို့ အရမ်းကိုစိတ်ချရလို့ စပွန်ဆာပေးပြီးလျှောက်လို့ရပါတယ်.။ ဒါပေမဲ့ ဘယ်သူမှသိပ်ပြီးမလုပ်ပေးချင်လှပါဘူး။ ကျောင်းသားက ကျောင်းပြီးလို့အလုပ်မရလို့ ကိုယ့်နိုင်ငံကိုကိုယ်ပြန်သွားရင် စပွန်ဆာပေးထားတဲ့လူက ငွေစိုက်ပေးရမှာမို့ပါ။

ဒီမှာ မြန်မာနိုင်ငံကဘွဲ့ရပြီး ကျောင်းဆက်တက်ရင်းနဲ့အလုပ်၇ှာမယ်ဆိုပြီး တခြားနိုင်ငံမှာလိုမျိုး လုပ်လို့မရပါဘူး.။ကောင်းကောင်းမွန်မွန် ရုံးအလုပ်မျိုးမခန့်ပါဘူး။ အနည်းဆုံး ဒီက Bachelor ရှိရမှာပါ.။ Bachelor နဲ့အလုပ်မရလို့ Master Degree or another Bachelor Degree ဆက်ပြီး တက်ရတဲ့ကျောင်းသားတွေမနည်းလှပါဘူး။
ကျမရဲ့ကိုယ်တွေ့ ကျောင်းသားဘဝ..။

အခုအချိန်မှာ ကျမဘွဲ့မရသေးဘူးဆိုရင် ဒီ ပို့စ်လေးကိုရေ့းဖြစ်သေးဦးမှာမပာုတ်ပါဘူး.။ ဘွဲ့ရဖို့အတွက်ပင်ပင်ပန်းပန်း စောင့်စားခဲ့ရတာ ဗျိုင်းလည်ပင်းလို၇ှည်လွန်းလို့ပါ.။

၁၀တန်း ကို ၂၀၀၀ခုနှစ်မှာပြီးတော့ ၂၀၀၁ခုနှစ်မှာ ထိုင်းနိုင်ငံ Hua-Hin က Webster University မှာကျောင်းသွားတက်ခဲ့ပါတယ်.။ (နောက်ကျရင် ထိုင်းကကျောင်းသားဘဝကိုရေးပါဦးမယ်)
၂၀၀၁ ခုနှစ် ၈ လပိုင်းမှာကျောင်းစတက်ပြီး မေလလယ်လောက်မှာ နွေရာသီကျောင်းပိတ်ရက်မို့ မြန်မာနိုင်ငံကိုပြန်သွားပြီးနောက် ၈လပိုင်းလောက်မှာ ထိုင်းကိုပြန်လာဖို့အစီအစဉ်ရှိပြီးသားပါ.။ ဒါပေမဲ့ အဲဒီတုန်းက ထိုင်းနဲ့မြန်မာအကြားမှာ မတည့်တာလေးတွေရှိတဲ့အတွက် ထိုင်းက မြန်မာဆိုရင် Transit ပဲထိုင်းလေဆိပ်ကို ဆင်းခွင့်ရှိပြီး နိုင်ငံထဲဝင်ခွင့်မရှိဘူးလို့ဆိုတဲ့အတွက်ကျမမှာ ကျောင်းတန်းလန်းကြီးနဲ့ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပါတယ်။ ယူအ်စ်ကို မေလတုန်းကရောက်သွားတဲ့ ချစ်သူက ဒါဆိုရင် ယူအက်စ်ကိုပဲလာလိုက်တော့ ဆိုပြီး သူသွားတဲ့ကျောင်းကိုပဲ လျှောက်ပေးပြီး ဗီဇာဝင်ခိုင်းတာနဲ့ ၁လ ကျော်ကျော်လောက်ပဲ ပြင်ဆင်ချိန်ရပြီး ဗီဇာရလို့ရောက်လာရတာပါ။ ဒီလာဖို့ကို ဘယ်တုန်းကမှ စိတ်ကူးထဲမှာမရှိခဲ့ပါဘူး။ နိုင်ငံခြားမှာကျောင်းနေချင်စိတ်တော့ စိတ်ကူးတော့ရှိခဲ့ပါတယ်.။ မိဘတွေက ကုန်သည်တွေဆိုတော့ နီးနီးနားနားနိုင်ငံမှာ ကျောင်းတက်ပြီး မြန်မာနိုင်ငံပြန်လာပြီးစီးပွားရေးပြန်လာလုပ်ဖို့ပဲ စိတ်ကူးထားခဲ့တာပါ။ ဒါပေမဲ့ တခါတလေကျတော့ လောကကြီးရဲ့မထင်မှတ်တာတွေရဲ့ ရိုက်ချက်တွေကြောင့် ခုချိန်ထိ မချစ်သော်လည်း အောင့်ကာနမ်းပြီး နေ နေရတော့တာပဲ။

ဒီမှာ ဗီဇာဝင်ပုံကိုပြောချင်ပါတယ်.။ ဒါကျမရဲ့အမှန်အတိုင်းလုပ်ခဲ့တာလေးတွေပါ.

ကျမ ယူအက်စ်ကိုစလာစဉ်တုန်းက ဒီမှာဆွေမျိုးတယောက်မှမ၇ှိပါဘူး။ အသိလဲမ၇ှိပါဘူ။ အဲလိုဆိုတော့ ယူအက်စ်က စပွန်ဆာပေးတဲ့လူတယောက်မှမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံက မိဘတွေရဲ့စပွန်ဆာစာရွက်စာတမ်းတွေနဲ့လျှောက်ခဲ့တာပါ။ ကျမ သထုံမြို့ကလာတာပါ။ ၁၀ တန်းလဲနယ်ကအောင်တာပါ။ ကျမတိုရဲ့နယ်မှာရှိတဲ့ မိဘရဲ့စီးပွားရေးပိုင်ဆိုင်မှု၊ ရှိတဲ့အိုးအိမ်တွေအကုန်လုံးကို Notary Public လုပ်ပြီးတင်ပါတယ်။Bank မှာတော့ ငွေသားရာဂဏန်းထည့်ရပါတယ်။ ပြီးရင် သူတို့မေးလာခဲ့သည်ရှိသော် ငွေဘယ်လိုလွှဲမလဲဆိုတဲ့ မေးခွန်းအတွက် ကျမဦးလေး သဘောင်္သားက စင်ကာပူမှာ Bank account ရှိတဲ့အတွက်ကြောင့် သူ့ဆီကတဆင့် လွှဲမယ်လို့ဖြေဖို့အတွက် အဒေါ့်အမျိုးသား ဦးလေးရဲ့ ဘဏ်စာအုပ်ကိုCopy လုပ်ပြီးယူထားပါတယ်.။အဓိကက အမှန်ဖြစ်ဖို့နဲ့ မေးတာတွေကို ချက်ကျကျဖြေနိုင်ဖို့ အရေးကြီးပါတယ်။ထစ်အထစ်အဖြေရင်တော့ သံသယ ၇ှိနိုင်တယ်လို့ထင်ပါတယ်။
ကျမကတော့ မရလဲကိစ္စမ၇ှိဘူး၊ ထိုင်းကိုပြန်သွားလို့ရတဲ့အခါကျရင် ကျောင်းပြန်တက်ရုံပေါ့။ အိမ်နဲ့ဒီလောက်ဝေးဝေးသွားဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ လူတချို့ကတော့ ကျမကို ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ နေရတဲ့ဘဝကနေ သိပ်ပြီးဒုက္ခခံချင်တယ်လို့ပြောပါတယ်။ အဲဒါကြောင့်မို့လို့ ကျမနောက်ပိုင်းအခက်အခဲနဲ့ကြုံရင် ကိုယ့်စိတ်ကိုကိုယ်ပြန်တင်းပြီး ကျမလိုချင်တဲ့ ပန်းတိုင်ဆီကို မရောက်ရောက်အောင်သွားမယ်လို့ အမြဲအားတင်းထားခဲ့တယ်။ ဘယ်သူဘာပြောပြော ကိုယ်လိုချင်တဲ့ အရာမှန်သမျှကို ကိုယ်ကိုယ်တိုင်လုပ်မှသာလျှင် ရယူနိုင်မှာ။

ကျမ ဗီဇာဝင်တုန်းကတော့ ဘာမှကိုစေ့စေ့စပ်စပ်ကို အမေးခံမထိလိုက်ပါဘူး။
ဒီရောက်တော့ ကျောင်းစလျှောက်ခဲ့တဲ့ ယူနီဗာစတီမှာ 1 semester တက်လိုက်ပြီး ဒီ ယူနီဗာစတီနဲ့ ဆက်ထားတဲ့ ကောလိပ်ကို ကျောင်းပြောင်းလိုက်ပြီး associate degree ရတဲ့အထိ ၂ နှစ်ခွဲလောက်တက်လိုက်ပါတယ်။ ကောလိပ်က ယူနီဗာစတီထက် ကျောင်းဈေးနှုန်းက သက်သာတော့ပြောင်းတက်လိုက်တာပါ။ ယူအက်စ် ရောက်ရောက်ချင်းတော့ ကျောင်းပြောင်းတက်လို့မရပါဘူး။ အရင်ဆုံးလျှောက်လိုက်တဲ့ကျောင်း၊ ဗီဇာတုံးထုပေးလိုက်တဲ့ ကျောင်းမှာ အနည်းဆုံး semester ၁ ခု တက်ပြီးမှ ကျောင်းပြောင်းခွင့်ရှိပါတယ်။
ကျမ Associate degree ရပြီးတော့ အရင်စလျှောက်ခဲ့တဲ့ ယူနီဗာစတီကို ပဲ ပြန်ပြောင်းတက်ခဲ့ပါတယ်။
အရင် ကောလိပ်မှာ တက်ခဲ့ရတဲ့ ၂ နှစ်မှာက ကျောင်းသားတွေ မယူမနေရ General Subject တွေ သင်ခဲ့ရပါတယ်။ ကိုယ့်ရဲ့ မေဂျာ အနေနဲ့ ယူမဲ့ ဘာသာရပ်တွေကို မသင်ရသေးပါဘူး။ ဒါကြောင့်မို့လို့လဲ ကောလိပ်က ကျောင်းပြီးတာနဲ့ Professional အလုပ်ရဖို့ အခွင့်အလမ်းမရှိတာပါ။ (ဒါ ကျမပတ်ဝန်းကျင်မှာပေါ့ ..တခြားနေရာမှာတော့ မသိပါ…..)

ကျမ ယူနီဗာစတီကို ပြောင်းပြီး ဂျူနီယာ အတန်းရောက်မှ ကျမယူမဲ့ မေဂျာ အတန်းတွေကို စပြီး ယူခဲ့ရပါတယ်။
အဲဒီအခါကျတော့မှ အရင်ကောလိပ်မှာတုန်းက စာသင်ရတာလွယ်ပါတယ်ဆိုနေတာတွေအားလုံး ကြက်ပျောက်ဌက်ပျောက် ပျောက်သွားခဲ့ပါတယ်။

ကျမတို့ကျောင်းမှာ ရှိတဲ့ မေဂျာ အလိုက်ခွဲပြီး သူ့ရဲ့ ကောလိပ်ကျောင်းနဲ့ နာမည်တွေခွဲထားပါတယ်..။
ကျမရဲ့မေဂျာ က accounting ဆိုတော့ Barton School of Business လို့ခေါ်တဲ့ ကောလိပ်ရဲ့အောက်မှာ၇ှိပါတယ်။

ပထမဦးဆုံး ယူခဲ့ရတဲ့ Acct 310 & 320 က ဂျုနီယာအတန်းရောက်မှာ စယူရပြီး ကျောင်းစတက်တက်ချင်း အခန်းထဲမှာ လူအယောက် ၇၀ လောက်တောင်၇ှိနေခဲ့ပါတယ်.။အဲဒီအတန်းတက်ရဖို့ကို တော်တော်လေးလုပ်ရပြီးမှ ဝင်ခွင့်ရခဲ့တာပါ။ ဆရာက စီပီအေ၊ ဒေါက်တာဘွဲ့၊ အရင်က Fortune 500 company မှာ CEO လုပ်ခဲ့ပြီးသားဆိုတော့ ကျေင်းသားတော်တော်များများက ဖြုံကြတယ်။ အိမ်စာကလဲပေးတာ တော်တော်များ၊ စကားပြောတာကလဲ သိပ်ပြီးမချိုသာ..။ အိမ်စာဆိုလဲ အပုဒ် ၃၀ ကျောင်လောက်ပေးပြီးမှ ၂ ပုဒ်လောက်ကိုပဲ အမှတ်ပေးဖို့ယူတယ်။ အိမ်စာကို ရွေးပြီးလုပ်လို့ကတော့ မစားသာပါ…။ အိမ်စာကိုအမှတ်ပေးတော့ စာမေးပွဲမှာ အမှတ်နည်းခဲ့ရင် ခံနိုင်ရည်ရှိရအောင် အကုန်လိုက်လုပ်ရတော့တာပဲ။ နောက်ပြီး Extra credit activity တွေပေးရင်လဲ အကုန်လိုက်လုပ်ပဲ။ ဘာကြောင့်လဲဆိုတော့ စာမေးပွဲ အမှတ်တွေက တော်တော်လေးကို ရုတ်ပျက်ဆင်းပျက် နိုင်လွန်းလို့ပါ…။

Semester 1 ခုမှာ စာမေးပွဲက ၄ ခုလောက်အနည်းဆုံးရှိပြီး အိမ်စာက အတန်းတိုင်းမှာပေး နောက်ထပ် ပေပါ ရေးရမှာက ၂ ခုကနေ ၄ ခုလောက်ရှိတာလေ။ ကျမတို့ လူ ၇၀ ၇ှိတဲ့ အတန်း စစတက်တက်ချင်းနေ့မှာ ဆရာပြောတဲ့စကားက “ မင်းတို့ တကယ် အကောင့်တီး တက်မဲ့လူတွေပဲ ဒီအတန်းကိုယူပါ..။ ဒါမှမပာုတ် အကောင့်တီးဆိုတော ဘာလဲဆိုတာသိချင်လို့ စမ်းချင်တဲ့လူများ အခုချက်ချင်း ဒီအတန်းပြီးတာနဲ့ Registration office ကို သွားပြီး မေဂျာကို တခြားဘာသာရပ်ကို ပြောင်းလိုက်ပါ” ဆိုတာနဲ့ နှုတ်ဆက်လိုက်တာပါ….။

အဲလိုပြောတော့ ကျောင်းသားတွေက အသံတိုးတိုးနဲ့ ဒီဆရာက ဘာလဲပေါ့ ဆိုတောတွေပြော…။နောက် ပထမဦးဆုံး ဖြေရတဲ့ စာမေးပွဲ အပြီး အမှတ်တွေလဲ သိပြီးနောက်တနေ့မှာ ကျောင်းလာတက်တဲ့ ကျောင်းသားက ၃၅ ယောက်လောက်ပဲ ကျမတို့အခန်းထဲမှာ ရှိပါတော့တယ်..။ ကျမလဲ အဲဒီအချိန်က စပြီး ကျောင်းစာကို ကြိုးကြိုးစားစား လုပ်လာခဲ့ပါတယ်..။ ကိုယ့်ရတဲ့ အမှတ်ကို ကြည့်ပြီး စိတ်ဆင်းရဲလို့ငိုခဲ့ရတာတွေလဲမနည်းပါဘူး။
ဒါပေမယ့် ကျမ တယောက်ထဲကွက်ပြီး အမှတ်နည်းတာမပာုတ်ပဲ အတန်းမှာ လူ ၃၀ ရှိရင် ၃၀ လုံးနဲတာမို့ ဆရာက အမှတ်တွေပြန်ပြီး ညှိရပါတယ်..။ အဲလိုဆိုတော့လဲ ကျောင်းဆိုတာ မဆိုးသား…….ပာ ပာားပာား..။
အမှတ်ပေးပုံက ဆရာပေါ်လိုက်ပြီးကွာပါတယ်..။ ကျမတို့ဆီက ပုံမှန်အားဖြင့် အမှတ်ပေးပုံက ဒီလို….

Grade
100-90 A
89- 80 B
79-70 C
69-60 D
59-50 E
49- under F

တချို့အတန်းတွေမှာ ( Accounting အတန်းတိုင်းလိုလိုမှာ) အမှတ်၇၀ ဝန်းကျင်က ရမှတ်အများဆုံးဖြစ်နေတယ်ဆိုရင် ပုံမှန် အမှတ်ပေးနည်းအရဆိုရင် ..စီ ပေါ့..။ ကျန်တဲ့လူတွေက အကုန်ကျပေါ့..။ ပာား ပာား ပာား….။ အဲလိုဆိုတော့ ဆရာက အမှတ် ၁၀ လောက် အလကားသက်သက် ထပ်တိုးပြီး အမှတ်တက်အောက်လုပ်ရင်လုပ် ။ ဒါမှမပာုတ် Assignment တခုခုလုပ်ခိုင်းပြီး ရတဲ့အမှတ်တွေကို အမှတ်နည်းတဲ့ exam မှာ ပေါင်းထည့်တာပေါ့.။ အဲဒါကြောင့်မို့လို့ လူတိုင်းလိုလို က Extra credit တွေအတွက်ဆိုရင် အသေအလဲ လုပ်ကြတာ….။ အေ ရနေတဲ့ လူအတွက် အေမှာ နေရဖို့ ကျိန်းသေအောင်လုပ်.။ ဘီ ရနေတဲ့လူက အေ ရအောင်လုပ်..။ စီ ရသောလူက ဘီ ရဖို့မှန်းပီးလုပ်..။

အတန်းကြီးလေလေ စာက ခက်လေလေ ဒီကြာထဲ စာမေးပွဲတွေကလဲခက်….၊ စာတော်တော်များများပာာ ဆရာသင်တာ ကိုနားထားတာထက်ကို ကိုယ့်ဘာသာကို လေ့လာယူရတာပါ.။ မသိရင် မရှင်းရင်တော့မေးပေါ့။
တချို့ဆရာများက ကြိုစားပြီးသင်ရင်တော့ ကျမတို့တွေက Evaluation ကျရင် သူ့အတွက်ကောင်းကောင်းလေး ရေးပေးပြီး ၊ကျမတို့ကို ဂရုမစိုက်ရင် extra credit များများမပေးရင်တော့ မကောင်းကြောင်း ပယ်ပယ်နယ်နယ် ရေးတယ်..။ ဒီ Evaluation ပေါ်မှာ ကြည့်ပြီး ဆရာတွေကို ဆက်ပြီး ဌားမဌား၊ လခ တိုးမတိုးကို ဘုတ်အဖွဲ့ က ဆုံးဖြတ်တာလေ…။


ကျမတို့တော်တော်များများက ကျောင်းအပြင် အလုပ်တွေလဲ နာ၇ီတော်တော်များများနဲ့ လုပ်ကြတော့ စာကိုတော်တော်လေး ကြိုစားရပါတယ်.။ ကျမ ဆိုရင် အရင် က အချိန်ပိုင်းအလုပ်ကို နာရီ ၂၅ နာရီလုပ်ပေမဲ့
ဂျူနီယာ ရီးယားကစပြီး အလုပ်ချိန်တွေ လျောု့ပြီး ၁၅ နာရီ လောက်ပဲ လုပ်နိုင်တော့တယ်..။ စီနီယာ ရီးယားရောက်တော့ ကိုယ်နဲ့ဆိုင်တဲ့ အလုပ်ကို အသဲအသန် ၇ှာရတော့တာပဲ..။ ကျမတို့က အင်တာနေ၇ှင်နယ် ကျောင်းသားတွေဆိုတော့ အလုပ်တော်တော်များများက မခန့်ချင်ကြတော့ တခြားလူတွေနဲ့ ယှဉ်ရင်တော်တော် လေးခက်ပါတယ်..။

ကျမကျောင်းပြီးမဲ့ နောက်ဆုံး Semester မှာပဲ အကောင့်တီး နဲ့ အချိန်ပြည့် အလုပ်ရတော့ ကျမက ကျောင်းမှာ အချိန်ပြည့် ကျောင်းတက်နေတုန်းရှိပေမဲ့ အရမ်းပင်ပန်းမှာကို သိရဲ့နဲ့ လုပ်ခဲ့ရတယ်…။ ဂျီးများလို့မှ မရတာကိုး…။ ကျောင်းတွေပြီးတော့ အလုပ်မရလို့ ကိုယ့်နိုင်ငံကို ပြန်သွားရတဲ့ လူတွေကများတော့ အဲဒီနောက်ဆုံးအတန်းတုံးက ဗျာများခဲ့ရတာ မဆိုးပါဘူးလို့ပဲ ဆိုရမှာပေါ့….။

ကျောင်းပြီးတဲ့နောက် အခုဆို ၈လ လောက်ရှိပြီပေါ့ ကျမ အရမ်းကို အပျင်းတစ်ပြီး GMAT ဖြေဖို့အတွက် စာကြည့်ဖိုအတွက် ပိာုလှည့်ဒီလှည့်လုပ်နေတာ ရပ်တန့်ကရပ်ဖို့အတွက် ကိုယ့်ကိုယ်ကို သတိပေးနေရတယ်….။
ပထမဦးဆုံး ကျမလုပ်ရမှာကတော့ ကိုရီးယားကားတွေ ကြည့်တာရပ်..၊ အင်တာနက်မှာ စာတွေလိုက်ဖတ်တာ ရပ်ရမှာပါ..။ ဂျီမတ် စာအုပ်ကို စဖတ်တော့ လွယ်မယောင်နဲ့ ခက်တော့ စိတ်ကိုစာထဲမှာ နှစ်ပြီးကြည့်ရဦးမယ်..။ ကျမ မာစတာကို အရင် ဘချလာ ရခဲ့တဲ့ ကျောင်းမှာပဲ ပြန်တက်မှာပါ..။ ဒါပေမဲ့ MBA & Accounting အတွက်ကို ဂျီမတ် အမှတ်တောင်းတာများတော့ ……...တက်ချင်အုံးပဲာ့ …မာစတာ ဒီဂရီ……..။



စာကြွင်း ၊ အခုလာမဲ့နှစ်မှာ ကျမက မာစတာဆက်တက်.။ ကျမ ချစ်သူက ပီချိတ်ဒီ ဆက်တက်ဖို့စဉ်းစားထားကြတာ…။ ရည်းစားသက်တမ်းလဲ ကျောင်းတွေတက်နေရတာမိုလို့ ရှည်ပြီးရင်းရှည် ..။
၂ ယောက်လုံး ကျောင်းအချိန်ပြည့်တက်. ၊ အလုပ်အချိန်ပြည့် အိမ်ထောင်သည်ဘဝ ကလေးတွေနဲ့များဆို ၂ ယောက်လုံး လူရုပ်မှ ပေါ်နိုင်ပါ့မလားမသိ…။ဒီလိုနဲ့ ကျမတို့ ၂ ယောက်ရဲ့ ဆယ်စုနှစ် ၁ ခု ကို အတူတူ ဖြတ်သန်းဖို့ အချိန်က နီးနီးလာ…။