Monday, November 30, 2009

ပွာာပာင်းမှ ကျောင်းသားဘဝ ၂၀၀၁-၂၀၀၂



ထိုင်းမှာနေစဉ်တုန်းက

ထိုင်းမှာကျောင်းသွားတက်စဉ်တုန်းက ဘဝကတော်တော်လေးပျော်ဖို့ကောင်းပါတယ်။ ကျမထိုင်းမှာ တက်ခဲ့တဲ့ကျောင်းက Hua-Hin မှာရှိတဲ့ Webster University .။အသက်ကလဲ ငယ်သေး၊ စာကိုလဲလေးလေးနက်နက် မလုပ်သေးခင်ကပေါ့။ အားအားနေ မြို့ထဲကို ပတ်ပြီးမုန့်ဝယ်စား၊ဈေးဝယ်ထွက်တာကြီးပဲလုပ်နေတော့တယ်။ ပိုက်ဆံဘယ်ကရ ၊ အေတီအမ်စက်ကရဆိုတဲ့အတိုင်းပဲ။ဒါတောင် ကျမကိုကပ်စီးနဲလို့ လူတွေအမြင်မှာ၇ှိတာ။ ကျန်တဲ့လူများ ပိုက်ဆံဖြုန်းတာ ကျမထက်သာပါတယ်။ အဲဒီတုန်းက ကျောင်းသားတော်တော်များက သက်တူရွယ်တူ လူငယ်တွေဆိုတော့ ပိုက်ဆံဘယ်သူပိုဖြုန်းနိုင်သလဲ ပြိုင်နေလားအောင့်မေ့ရအောင် ငွေသုန်းကြမ်းခဲ့ကြတယ်။
ငွေဈေးခုန်တက်ရင်တော့ မျက်ခုံးနဲနဲလှုပ်တယ်။
မှတ်မှတ်ရရ - ကျမထိုင်းကိုမလာခင် ဝယ်လာတဲ့ငွေဈေးက ၁ဒေါ်လာကို ၆၅၀ကျပ်ဝန်းကျင် ၊ နောက်၎ ၊၅လ လဲကျရော ၁၀၀၀ ကျပ်နီးပါးလောက်ကို ခုန်တက်တော့ ကျမတို့တွေ ကိုကျော်( ကိုကျော်လင်းဦး) ရဲ့အခန်းထဲမှာ စုပြီး မျက်နှာလေးတွေရှုံ့မဲ့ပြီးတော့ မြန်မာနိုင်ငံပဲ ပြန်ရတော့မလိုလိုနဲ့ ငြီးနေလိုက်ကြတာ။ အိမ်ကမိဘတွေဆီကို ဖုန်းဆက်ပြီးမေးတော့ ပြန်မလာကြနဲ့လို့လဲပြောရော ကျမတို့တွေလဲ အဲဒီတော့ကျမှနေသာထိုင်သာရှိပြီး အရင်ပုံစံ ၊အချိုးပဲ ပြန်ချိုးကြတာပေါ့။
အဲဒီတုန်းက အားလုံးအပေါ်မှာ သဘောကောင်းပြီး သူများတွေဘာပြောပြော အနစ်နာခံတာက ကိုကျော်လင်းဦး။ သူကတော့ အခုချိန်ထိ ထိုင်းမှာ၇ှိနေပြီး စာတွေပေတွေရေးနေဆဲပေါ့။ ကျမတို့မိန်းကလေးတွေက ကိုကျော်ကြီး သဘောကောင်းမှန်းသိတော့ လှိမ့်ပြီးအနိုင်ကျင့်ခဲ့ကြတာ။ခင်ဖို့တော်တော် ကောင်းတဲ့လူကြီးပါ။
ကျောင်းမှာက ကျောင်းသားတွေကို ပိာုတယ် ၄ခုမှာ အဆောင်သဘောမျိုးထားတာလေ။ ကျမနေခဲ့တာက Him Nam Sai Soy ဆိုတဲ့ ပိာုတယ်မှာ။ ကျန်တဲ့၃ခုနဲ့ ယှဉ်ရင် ဒီနေရာက အကောင်းဆုံးဆိုတော့ ကျောင်းသားတော်တော်များက ဒီမှာပဲနေချင်ကြတယ်။ အဲဒီ ပိာုတယ်မှာက ကွန်ဒို ၄ခုရှိတော့ ကျောင်းက ကွန်ဒို ၁ ခုလုံးကို ဌားပြီးကျောင်းသားတွေကနေရတယ်။ ကျောင်းကပေးတာမှ မနေချင်ရင်တော့ ကိုယ့်ဘာသာကို ငွေပိုပေးပြီး ပိာုတယ်ကနေ တိုက်ရိုက်ဌားနေပေါ့နော်။ နေတဲ့ပိာုတယ်မှာ က ရေကူးကန်၊ Gym၊ စားသောက်ဆိုင်၊ မီနီမားကတ်၊ ကာရာအိုကေ အခန်းတွေပါ၇ှိတော့ တကယ့်ဇိမ်ပဲ။ ခုချိန်မှာဆိုဒါတွေမရတော့ အတိတ်ကို သိပ်လွမ်းတာပဲ။
ယူအက်စ်မှာ ကျောင်းကပေးတဲ့ အဆောင်က မသားနားဘူးလေ။ ပိာုတယ်မှာ နေရတာမှ မပာုတ်တာ..။ကောင်းကောင်းနေချင်ရင် အပြင်မှာ အရမ်းကောင်းတဲ့ နေရာမှာ ဌားနေမှရမယ်လေ။ကျောင်းသားကလဲဖြစ်ပြန် ၊ ငွေဈေးကလဲ မြင့်ဆိုတော့တော်ရုံတန်ရုံမှာပဲ နေနိုင်တော့ တခါတလေကျရင် ထိုင်းမှာကျောင်းဆက်တက်ရတာပဲကောင်းပါတယ်ဆိုပြီး အော်အော်တတ်တယ်။ ဒါပေမဲ့လဲ ပိာုမှာကျောင်းပြီးရင်အလုပ်က ဘယ်နားသွားရှာရမလဲနော်။
ကျမတို့ကျောင်းတက်စဉ်တုန်းက မြန်မာကျောင်းသားတွေချည်းပဲ ၂၅ယောက်လောက်၇ှိမယ်။ နောက် semester တွေကျတော့ အသစ်ရောက်လာတဲ့လူတွေ၇ှိတာပေါ့။ အဲဒီထဲကမှ တဝက်နီးပါးလောက်က ယူအက်စ် ကိုရောက်လာကြတယ်။
ကိုကျော်တို့များကံဆိုးချင်တော့ ကျမနေတဲ့အခန်းရဲ့အပေါ်မှာကျတယ်။ သူကကျမထက်ရောက်တာနောက်ကျတယ်။ သူနဲ့နေရတာက တောင်ကြီးသား ကိုထွန်းဇေယျာ။ သူလဲအဲဒီတုန်းက ယောက်ျားတန်မဲ့ ကိုကျော့်ကို အနိုင်ကျင့်ခဲ့တာပဲ။ ကျမရဲ့အခန်းဖော်က ဝေဝေလင်းသွေး ၊ သူကတော့ တော်တော်လေးအေးပြီး စာကိုအရမ်းကြိုးစားတဲ့သူ။သူမက ထိုင်းမှာ မာစတာထိတက်ပြီး ရန်ကုန်မှာပြန်ပြီး အလုပ် လုပ်နေတယ်လေ။ ကိုထွန်းဇေယျာ လဲ ယူအက်စ်မှာ မာစတာထိ ဘွဲ့ရပြီး အလုပ်လုပ်နေပြီ။
ကျမတိုရဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဆိုးပုံလေးတွေက……
ကိုကျော်က ကွန်ပြူတာတလုံးလေးကို သူ့ဘာသာ ပစ္စည်းလေးတွေဝယ်ပြီး ဆင်ထားတာ ယဲ့ယဲ့လေးရယ်။ ကျမက အဲဒီတုန်းက yahoo chatting room ကိုသွားသွားပြီးချက်နေကြအချိန်၊ ကိုထွန်းဇေယျာက ဂိမ်းကစားဖို့အားသန်တဲ့အချိန်။ ကျမ နဲ့ ကိုထွန်းဇေယျာ အဲဒီတုန်းက ကိုယ်ပိုင်ကွန်ပြူတာမရှိသေး၊ ကျောင်းသားတော်တော်များများကလဲ ကျောင်းမှာပဲ ကွန်ပြူတာသုံးကြတာလေ.။
အဲလိုဆိုတော့ ကိုထွန်းဇေယျာနဲ့ ကျမ၊ ကိုကျော့် ကွန်ပြူတာကိုမျက်စိ ကျတော့တာပေါ့ ။ ကျမနဲ့ ကိုထွန်းဇေယျာ အဲဒီအချိန်တုန်းက တကျက်ကျက်ပေါ့။ စိတ်ကောက်ပေမဲ့လဲ့ ကြာ၇ှည်မခေါ်ပဲ မနေနိုင်ခဲ့ပါဘူး။ သူက ဂိမ်းကစားဖို့ ကွန်ပြူတာကိုလု၊ ကျမကတော့ ချက်တင် လုပ်ဖို့လု။ ကျမတခါမှ ငယ်ငယ်တုန်းကရန်မဖြစ်ခဲ့ရသမျှ သူနဲ့ကျမှ ကျော်မကောင်း ကြားမကောင်း ကိုယ့်ထက်အသက် ၃နှစ်လောက်ကြီးတဲ့လူနဲ့ ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့ရတယ်။
သူ့မှာ ကျမနဲ့ရွယ်တူ ညီမလေး၁ ယောက်ရှိတာတောင်မှ မညှာဘူးလေ။ ဒါကြောင့်မို့ ကြုံရင်ပြောတယ် သူများကိုမညှာတတ်လို့ အခုချိန်ထိ သတ်သတ်မှတ်မှတ်ရည်းစားမရသေးတာလို့။
ဘယ်လို လုကြလဲဆိုရင် သူရော ကျမရော ထိုင်ခုံကို အရင်ဦးအောင်လုပြီးထိုင်တယ်။ ပြီးရင် ပါးစပ်ကလဲ အငြိမ်မနေပဲ ကိုကျော့် ကို အော်အော်ပြီး တ ကြသေးတယ်။ ကိုကျော့်က သူ့ကို ပေးသုံးတယ်၊ ငါ့ကိုပေးသုံးတယ်ဆိုပြီးတော့လေ..။ ထိုင်ခုံမှာ ဖင်တဝက်လောက် ထိုင်လို့ရပြီဆိုရင် တယောက်နဲ့တယောက် ထိုင်ခုံက ကျအောင် တွန်းချတော့တာပဲ။ တယောက်နဲ့တယောက် တွန်းထိုးရင်းနဲ့ ကိုကျော်ရဲ့ ကွန်ပြူတာ ကိုလဲ လက်နဲ့ လှမ်းကိုင်ထားသေးတယ်.။ ကိုကျော်က သူ့ကွန်ပြူတာ ကျမှာစိုးလို့ ပြောရင် ကိုကျော့်ကို ကျမတို့ ၂ ယောက်လုံးက လှမ်းပြီးအော်သေး။ သူများ ပစ္စည်းကိုလဲ ယူသုံးသေး၊ လူပါးလဲဝသေးတယ်.။
နောက်ပြီး ညညတွေမှာ မုန့်စားချင်ရင် ကိုကျော်တို့အခန်းကို ကျမတို့အငယ်တွေကူးပြီး လဘက်သုပ်တွေ သုပ်စားတာခဏခဏ။ စားပြီးရင် ကိုကျော်တို့ပဲ သိမ်းဆည်းတော့ ဆိုပြီး ဒီအတိုင်းထားခဲ့ကြတာ..။

နောက်ထပ် သူငယ်ချင်းအမတယောက် ကိုကျော့်ကို အနိုင်ကျင့်ပုံကဒီလို….

“ ကိုကျော် ကျမကို ကျမတင်ရမဲ့ ပေပါအတွက် အကြံဥာဏ်စဉ်းစားပေး ၊ ပြီးရင် စာရေးဖို့အတွက်လဲ စာစီထားပေးတဲ့”………..

ကိုကျော်က သဘောကောင်း ၊ သူများကို နိုး ပြောရမှာ အားနာနေတတ်သူ…။

အဲလိုဆိုတော့ ကိုကျော်က အေးပါ…၊ မယ်မင်းကြီးမရယ်….နင့် စာကို ငါပဲ ရေးပေးပါ့မယ်…။

ကိုကျော့် အခန်းဖော်ဆိုးပုံက ဒီလို ……

ကိုထွန်းဇေယျာ က ညအိပ်ရင် မီးတွေအကုန်လုံးပိတ်ပြီးမှ အိပ်တတ်သူ.။ သူအိပ်ချင်ရင် ကိုကျော်စာကြည့်တာလဲ နားမလည်သူ..။ မီးပိတ်ကိုပိတ်ရမှ…. ဒီလိုဆိုတော့ ကိုကျော်က သူအိပ်ပျော်သွားမှ စာပြန်ကျက်ရတယ်.။

ကျမက သူတို့ ၂ ယောက်လုံးကို ထမင်းစားရာမှာ ဆရာလုပ်တယ်..။
သူတို့ ၂ ယောက်က ထမင်းစားရာမှာ ဘယ်ပာင်းက ကောင်းပြီး ဘယ်လိုမှာရ မှာမသိသူ.။ ယောက်ျားလေးဖြစ်တော့လဲ မိန်းမတွေလို ပေါက်ပေါက်ရှာ၇ှာမမေးချင်ဘူးနဲ့တူပါတယ်.။ ကျမက ထိုင်းစကားသာမတတ်တာ ၊ အင်တာနေရှင်နယ်ဘာသာစကားဖြစ်တဲ့ လက်ပာန် ခြေပာန်တော့ အသာလေး။ အဲလိုဆိုတော့ ကျမတို့တွေ ညနေခင်းကျရင် မြို့ထဲထွက်ပြီး ထမင်းစားရင် ပာင်းမှာသူကကျမ ၊ ပြီးရင် ၃ ယောက်သားရှယ်ပြီးစားတယ်.။

ကျမရောက်ပြီး နောက် Semester မှာ ကျောင်းသားတွေ အသစ်ထပ်ရောက်တော့ ကျမတို့အားလုံးစုပြီး VIP Hotel ဖြစ်တဲ့ကျမတို့ ကျောင်းသားတွေနေတဲ့ နောက်အဆောင်တခုမှာ စုပြီး မြန်မာထမင်းပာင်းချက်စားခဲ့ ကြတဲ့နေ့ကလဲ အမှတ်တရတွေထဲက တခုအပါဝင်..။

စုချက်စားတာအားလုံးပေါင်း…၂၀ လောက်ရှိမယ်..။ ကျမချစ်သူကတော့ အဲလိုမျိုးတွေ မသွားချင်သူဖြစ်လို့ အဆောင်မှာနေကျန်ရစ်ခဲ့တယ်..။

ကျမတို့နေတဲ့အဆောင်တွေ ၄ ခုလုံးက ကမ်းစပ်တလျှောက်မှာ ရှိတာဆိုတော့ အကုန်လုံးက ထမင်းစားပြီး ကမ်းစပ်မှာ လမ်းလျှောက်ကြမယ်ဆိုပြီး တက်ညီလက်ညီ ချီတက်ကြပါလေရော..။ ကျမတို့ကမ်းစပ်မှာနေရင်းနဲ့ ခပ်လှမ်းလှမ်း မှာ မြင်ရတဲ့ Banana Boat ကို စီးမယ်ဆိုပြီးအဆိုပြုကြတော့ မြင်ရတော့သာအနီးလေးထင်ရပြီး
လမ်းလျှောက်ရတော့ တော်တော်လေးဝေးနေတဲ့ တခြားပာိုတယ်ရဲ့ ကမ်းစပ်ကို လျှောက်ခဲ့ရတာက မမေ့စရာ..။

ဘာကြောင့်လဲဆိုတော့ ကျမတို့ ကသောင်ပြင်ရှိမယ်ထင်ပြီး လျှောက်ခဲ့တာ တကယ့်တကယ်ကြတော့ သဲသောက်ကနဲနဲ ရှိပြီး ဒီရေတွေတက်နေတာကြောင့် ကျမတို့မှာ တချို့ ပိာုတယ်တွေရဲ့ ခြံစည်းရိုးကို ဖက်တွယ်ပြီး ကုန်းကုန်းကွကွနဲ့ သွားခဲ့ရတယ်..။ တချို့ ခြံတွေကလဲ ကိုယ်ပိုင် Villa အသေးတွေဆိုတော့ ခွေးတွေမွေးထားတော့ ခွေးတွေကလဲ လှမ်းပောာင်ဆိုတော့ ကျမ တို့မှာ ခွေးပောာင်ပြီး လှမ်းကိုက်ရင်တော့ ဒီဘက်က ပင်လယ်ထဲ ပြုတ်ကျမှာ ဘာလို့ဆိုတော့ ရေတွေကြီးနေလို့ သူများအုတ်တံတိုင်းကနေ ဖြတ်ကျော်ပြီးလျှောက်နေရတာကိုး..။

အရှေ့ က လမ်းပြလုပ်တဲ့ ကိုညီညီမောင်ကလဲ ရောက်တော့မှာ အားတင်းလျှောက်ကြ..။ သူကလဲ အားလုံးထဲမှာ အသက်ကြီးပြီး အရပ်ရှည်တော့ လမ်းပြလုပ်တာလေ…။ သူ့မှာလဲ တံတိုင်းကိုကျော်တက်လို့မရတဲ့ နေရာ ..၊
ရေထဲမှာပဲသွားလို့ရတဲ့ နေရာဆိုရင် စမ်းစမ်း စမ်းစမ်းနဲ့ အရှေ့ကနေသွား..။ သူတကယ်ပိာုဘက်ကိုရောက်သွားမှ ကျမတို့ကဖြတ် အဲလို အရှေ့က အသေခံကြီးပေါ့..။ ပာားပာား ပာား..။

ကျမတို့ ဘုတ်စီးလို့ ရမဲ့နေရာလဲရောက်တော့ ဘုတ်ဌားခကဈေးကြီးတော့ ကျမတို့ ကဒီလောက်ထိ လာပြီးမှတော့ စီးရမှ ..။ အဲလိုဆိုတော့ မရရအောင် ဈေးညှိပြီး အဆင်ပြေတော့ ကျမအပါအဝင် ၅ ယောက်သား ရှေ့ဆောင်လမ်းပြ အသေခံ ၅ ယောက်သား ဘုတ်ပေါ်ကတက်ကြပါလေရော..။

အဲဒီမှာ ပေးတဲ့ ဝတ်ရမဲ့ အသက်ကယ် ဂျတ်ကတ်တွေကလဲ အပောာင်းတွေ ဝတ်တာများလို့ တော်တော်လေးနွမ်းနေပြီ..။ အဲဒါကြီးကိုပေးဝတ်တာလေး..။ ဒီထက်ကောင်းတာလဲ မရှိတော့ အဲဒါကြီးဝတ်ပြီး ရေထဲကို ဆင်းရတာ..။ စီးတဲ့ လူတွေက မနှင်းနှင်းအေး၊ ယဉ်မာအေး.၊ ကျမ၊ တောင်ကြီးသား ကို ထွန်းဇေယျာ နဲ့ မန္တလေးသား မိုက်ကယ် ( မြန်မာနာမည်တော့ မမှတ်မိတော့ဘူး.. နောက်နာမည်တခုက ဂျော်နီ ဝေါကားဆိုလားပဲ ..အဲဒီအရက်ကို သောက်လွန်းအားကြီးလွန်းလို့..)

ထမတပတ်စီးတယ်နော်.. အော်လိုက်ကြတာ..ကြေက်လွန်းလို့..။ ဒုတိယတပတ်လဲရောက်ရော.. ဘုတ်မောင်းတဲ့လူ ကျမတို့ကို အမြင်ကတ်ပြီး ဘုတ်ကို ဆွဲကွေ့တာ Banana boat နဲ့အနောက်မှာ ထိုင်တဲ့ ကျမတို့ ၅ ယောက်သားပင်လယ်ထဲကို ပြုတ်ကျရော..။ကျမတို့ ရောက်တဲ့နေရာနဲ့ ကမ်းစပ်ကတော်တော်လေးကို ဝေးနေတာ…။ ကမ်းစပ်မှာ ကျန်ခဲ့တဲ့ အုပ်စုကို ရေးရေးပဲ မြင်ရတော့တာ..။ကျမတို့မိန်းမ ၃ ယောက်ကရေမှ မကူးတတ်တာ.

ကျမမှာမှတ်မိသလောက် ရေထဲမှာ ယက်ကန် ယက်ကန်နဲ့ ကိုယ်ကိုဖော့ပြီးနေနေရတယ်..။မယဉ်မာအေးဆို မနှင်းနဲ့ နှင်းပွင့်ရေ အမတို့တော့ ရေနစ်ပြီး သေပါပြီ ဆိုပြီးတော့ အော်အော်ပြီး ပြောတာ.။ မနှင်းက လဲ အားပေးရှာပါတယ်..။ ညီမရယ်. အမတို့မသေနိုင်ပါဘူး ဆိုပြီး အော်…။ အဲဒီအချိန်မှာ ကျမကတော့ စကားလဲမပြောနိုင်ပဲ ..။ ကိုယ့်ကိုယ်ကို ရှည်ပြီး စီးချင်းဦးပဲာ့ ဘုတ်ဆိုပြီး နောင်တရနေမိတယ်..။ ငါ့ အိမ်ကမိဘတွေတော့ ငါသေရင် ရင်ကျိုးရချည်ရဲ့ ။ သူတို့ ကျေင်းထားတဲ့ ငွေတွေ ရှုံးပြီး သမီးတယောက်သေတာ ပဲ အဖတ်တင်မှာပဲ ဆိုပြီး တွေးနေမိတယ်..။ ကျမရဲ့ ရေထဲမှာ ယက်ကန်ယက်ကန်နဲ့ ပုံစံကို မိုက်ကယ်ကတွေ့တော့ “နင် ခြေခတ်မနေနဲ့ ငါနင့်ကို ဘုတ်ပေါ်ရောက်အောင်တင်ပေးမယ်. ငြိမ်ငြိမ်နေ” ဆိုတော့ မှ ဝိုင်းကြီးပတ်ပတ်လည်ပုံစံနဲ့ ခတ်နေတဲ့ ခြေကို ရပ်ပြီး မိုက်ကယ်က အောက်က တွန်းတင် ၊ ကိုထွန်းဇေယျာက အပေါ်ကဆွဲတင် ၊ အဲလိုနဲ့မိန်းကလေး ၃ ယောက်ကို အပေါ်တင်ပြီး ကမ်းစပ်ကို ပြန်ကပ်မှ အသက်ပြန်ရှုနိုင်တယ်.။

ကမ်းစပ်ကို ကျမတို့ ရှေ့ ပြီး အသေခံအုပ်စုပြန်ရောက်မှပဲ ကျန်ခဲ့တဲ့လူတွေလဲ ..သက်ပြင်းချနေတယ်။ သူတို့မှာလဲ ရင်တမမနဲ့ ဘယ်လိုများ ကမ်းစပ်ကို ပြန်လာမလဲဆိုပြီး..။

ရေထဲပြုတ်ကျတဲ့အချိန်မှာ ကျမစဉ်းစားမိတာတော့ မိဘတွေက ပညာတတ်စေချင်လို့ ကျောင်းထားတယ်.။ ကျမ စက်ဆော့လို့ သေရင်တော့ သူတို့တွေ ရင်ကျိုးရချည်ရဲ့ဆိုပြီး အသက်နဲ့နီးတဲ့ အရာဆိုရင် ဘယ်တော့မှစမ်းပြီး မလုပ်တော့ဘူးလို့ စိတ်ထဲမှာ ဆုံးဖြတ်မိတယ်.။
ကျမတယောက်ထဲ ကမ်းစပ်ကနေ လမ်းမကြီးရောက်တဲ့ အထိ ၁ ယောက်ထဲ ကုန်းကြောင်းလျှောက်ပြီး ရရာ ဆိုင်ကယ်ကို ဌားစီးပြီး ကိုယ်နေတဲ့ အဆောင်ကို ပြန်ရောက်ပြီးမှ စိတ်ကို ဒုန်းဒုန်းချနိုင်တယ်.။ စိတ်ထဲမှာ တော့ တော်တော်ရှည်တဲ့ငါ ကံကောင်းလို့ မသေပဲ အဆောင်ကို ပြန်ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဆုံးမမိတယ်.။

အဲလို ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာလေးတွေကိုလဲ အမှတ်ရမိတယ်.။
ကျမတို့တွေ ကွဲသွားပြီးနောက်ပိုင်းမှာ အဆက်အသွယ်ပြတ်သွားသူနဲ့ ၊ တခါတလေကျမှ နှုတ်ဆက်ပြီး မေးထူးခေါ်ပြောလောက်ပဲ ရှိကြတော့တယ်.။ စဉ်းစားကြည့်တော့ ကိုယ်လဲ အလုပ်တဘက်၊ ကျောင်းတဘက်၊ လူမှူရေးတဘက်နဲ့ ရုန်းကန်နေရတာ အချိန်ကလောက်ကို မလောက်နိုင်။

တယောက်နဲ့တယောက် စိတ်ထဲမှာ ရှိနေကြပေမဲ့ လက်တွေ့မှာတော့ လက်တွေ့ကျကျပဲ ရှင်သန်နေရဦးမှာပါပဲ.။

ရေးထာတာတော့ ၂ လလောက်ရှိပြီး ဖြစ်ပေမဲ့ အခုမှပဲ ပြီးအောင်ရေးမိတော့တယ်.။

သထုံသူ
November 30, 2009
2:44pm

Wednesday, November 11, 2009

သြော် အသက် အသက်..




ငယ်သူငယ်ချင်း ၂ ယောက်နှင့် ပြန်ဆုံစဉ်ပြောမိသော စကားများ


၂၀၀၃ ခုနှစ် - သူငယ်ချင်း ရဲမြင့်ထွန်းနှင့် အသက် ၂၀ အရွယ်တွင်ပြောမိသော အကြောင်းအရာ

ကျမ- “နင်က ကိုယ်နဲ့ ရွယ်တူ ဒါမှမပာုတ် ငယ်တဲ့ကောင်မလေးတွေကို မကြိုက်ပဲ ဘာကြောင့်ကိုယ့်ထက်ကြီးတဲ့ မမတွေကို ကြိုက်ရတာလဲ ။ ငါကတော့ မမနဲ့မောင်လေး ဇာတ်လမ်းမကြိုက်ဘူး.။ ညီမလေးနဲ့ ကိုကြီးကမှ နဲနဲ တော်အုန်းမယ်..”

သူငယ်ချင်း - “ နင်ဘာသိလို့လဲ ငါက အသက်၂၀ ဆိုတော့ ငါ့ထက်ငယ်တာကို ကြိုက်ရင်ကလေးတွေပဲ ရှိမှာပေါ့။ သူတို့တွေကို ကြိုက်ရင် ဂဂျီဂဂျောင်ကြမှာပေါ့ ။ ငါကြီးပဲ အလျှော့ပေးနေရမှာ..။ အခု ငါကမမတွေကို ကြိုက်တော့ အဆင်ပြေတယ်လေ.။ သူတို့ က အခုအချိန်မှာ ငါ့ထက်လူကြီးဆန်ပြီး ကလေးတွေလို ပူညံပူညံ သိပ်ရှိမှာ မပာုတ်ဘူးလေ..”

၂၀၀၉ ခုနှစ် - ၆ နှစ်ခန့် ကြာသောအခါ..

ကျမ- “ ပော့ နင့်မမတွေရဲ့ ဇာတ်လမ်းက ဘယ်လိုလဲ”

သူငယ်ချင်း - “ နင်ကလဲ အခုမှ တရေးနိုးလာတာလား ။ မမဇာတ်လမ်းက နောက်မှ ကျန်ခဲ့ပြီ”

ကျမ - “ဘယ်လို ဘယ်လို ဘာဖြစ်လို့တုန်း”

သူငယ်ချင်း - “ အခုအချိန်မှာ မမတွေကို ကြိုက်ရင် ငါ့ထက် အသက်ပိုကြီးပြီး အိုနေမှာပေါ့ပဲာ့ ။ အခု ငါ ညီမလေးတွေကိုပဲ ကြိုက်တော့တယ် ။ ငါက ၂၆ ဆို သူတို့လေးတွေက အခုမှ ၂၀ လေးတွေ.. ဒါမှမပာုတ် ဒီထက်တောင် ငယ်ချင် ငယ်ဦးမှာ ”

ကျမ - “အင်း သိပ်လဲ ကောင်းကောင်း မကြိုက်ရှာဘူးကိုး”


ဒါလေးက ပထမပိုင်း ပေါ့


နောက် ဒုတိယပိုင်းက

နယ်မြို့လေးမှာနေတဲ့ အထက်တန်းကျောင်းသူ သူငယ်ချင်းများနဲ့ ၁၉၉၉-၂၀၀၀ ခုနှစ်တုန်းက ဆိုရင် နွေကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ စက်ဘီးကိုယ်စီ စီးပြီး ရန်ကုန်- သထုံ အထွက် ကားလမ်းနံဘေးက အသုတ်စုံဆိုင်မှာ သွားစားနေကြပေါ့. ကျမတို့အုပ်စု က ၅ ယောက်လောက်ပေါ့..။

နောင် ၁၀ နီးပါးခန့်ကြာပြီး အဲဒီ အုပ်စုထဲမှ သူငယ်ချင်း ဖြူဖြူနဲ့ Facebook မှာ ဆုံပြီး စကားပြောသော်
ကျမ- “ ဖြူဖြူ ငါတို့ ငယ်ငယ်တုန်းကလို ငါ သထုံပြန်လာရင် နင်ပါမြို့ကို ပြန်လာပြီး ပိာုတုန်းကလို စက်ဘီး စီးပြီး မုန့်သွားစားရအောင်လေ..။”

၅မိနစ်ခန့် သူမရဲ့ ပြန်ကြားချက်ကို စောင့်ပြီးသော်

သူငယ်ချင်း - “ ငါတို့ကအရင် ကလို ၁၆ နှစ် မပာုတ်တော့ ဘူး။ ၂၆ နှစ် ရှိနေပြီ..။ ဘယ်လိုလုပ်ပြီး ငယ်ငယ်တုန်းကလို ရတော့မှာလဲ ..မနင်းချင်စမ်းပါနဲ့ ပာယ်....။”

ဖြူဖြူ ကတော့ စက်ဘီးစီးတာကို အကြေက်အကန်ငြင်းတယ်..။ ပိာုတုန်းကထဲက သူက စက်ဘီးစီးတာ သိပ်မကျွမ်းလို့ မှောက်ကျဘူးတာကိုး.။ ဂုန်းဆင်းဆိုရင် သူ့နောက်ကလိုက်စီးတာ အဆင်ပြေပေမဲ့ အိမ်အပြန်ဂုန်းတက်ဆိုရင်တော့ သူကလဲ မနင်းနိုင် ၊ ကျမလဲ စီးရမှာ ခပ်လန့်လန့်ဆိုတော့ ၂ ယောက်သားစက်ဘီး ကို တွန်းပြီး အိမ်ပြန်ရတာလဲ များတာကိုး….။

သူပြောတာလဲ ပာုတ်သားလို့စိတ်ထဲက တွေးမိတယ်…။ ကျမတို့ ၂ ယောက်သား စက်ဘီးအခုချိန်မှာ စီးတာကို မြင်ယောင်ကြည့်ရင် မြသပိတ်တောင်ခြေကနေ ပီပါ ၂ လုံးကို တွန်းချလိုက် သလိုဖြစ်နေမလား မသိဘူး။

ကိုယ့်ပာာနဲ့ကိုယ် ငြိမ်ငြိမ်နေပြီး မစီးတာကမှ ကောင်းဦးမယ်….။


သူငယ်ချင်း၂ ယောက်နဲ့ အဲလိုပြောမိတော့မှ ကိုယ့်ထက်ငယ်တဲ့အငယ်မရှိလို့ ၈ နှစ်ကြာအောင် ကိုယ့်ကိုယ်ကို ငါတော့ အသက်မကြီးသေးပါဘူး..။ အရင်အတိုင်းပဲလို့ မြင်နေတဲ့ စိတ်ကလေး ပျောက်ကုန်ပြီး ငါလဲ တော်တော် အသက်ကြီးလာနေပြီလို့ သံဝေဂရမိတယ်..။

အသက်ကြီးလာရင်လဲ လူတွေရဲ့ အတွေးအခေါ်တွေလဲ ပြောင်းလဲလာတာကိုလဲ ပြန်ဆင်ခြင်မိတယ်..။ ကျမအပါအဝင်ပေါ့..။

ဒါကြောင့်မို့ အပေါင်းအသင်းဆိုရင် ကိုယ့်ထက်ကြီးသူနဲ့ပဲ ပေါင်းချင်တယ်..။ ငယ်သူဆိုရင် အမြဲတမ်းကိုယ့်ကို အသက်ကြီးလာပြီ ဆိုတာကို remind လုပ်နေမှာ စိုးတယ်လေ..။ အပွာတ် ..အပွာတ်..။

ဒါပေမဲ့ ကြီးသူကော ၊ ငယ်သူကိုကော အကုန်လုံးကို ခင်တတ်ပါတယ်..


သထုံသူ
November 11,2009
3:08pm