Monday, November 30, 2009

ပွာာပာင်းမှ ကျောင်းသားဘဝ ၂၀၀၁-၂၀၀၂



ထိုင်းမှာနေစဉ်တုန်းက

ထိုင်းမှာကျောင်းသွားတက်စဉ်တုန်းက ဘဝကတော်တော်လေးပျော်ဖို့ကောင်းပါတယ်။ ကျမထိုင်းမှာ တက်ခဲ့တဲ့ကျောင်းက Hua-Hin မှာရှိတဲ့ Webster University .။အသက်ကလဲ ငယ်သေး၊ စာကိုလဲလေးလေးနက်နက် မလုပ်သေးခင်ကပေါ့။ အားအားနေ မြို့ထဲကို ပတ်ပြီးမုန့်ဝယ်စား၊ဈေးဝယ်ထွက်တာကြီးပဲလုပ်နေတော့တယ်။ ပိုက်ဆံဘယ်ကရ ၊ အေတီအမ်စက်ကရဆိုတဲ့အတိုင်းပဲ။ဒါတောင် ကျမကိုကပ်စီးနဲလို့ လူတွေအမြင်မှာ၇ှိတာ။ ကျန်တဲ့လူများ ပိုက်ဆံဖြုန်းတာ ကျမထက်သာပါတယ်။ အဲဒီတုန်းက ကျောင်းသားတော်တော်များက သက်တူရွယ်တူ လူငယ်တွေဆိုတော့ ပိုက်ဆံဘယ်သူပိုဖြုန်းနိုင်သလဲ ပြိုင်နေလားအောင့်မေ့ရအောင် ငွေသုန်းကြမ်းခဲ့ကြတယ်။
ငွေဈေးခုန်တက်ရင်တော့ မျက်ခုံးနဲနဲလှုပ်တယ်။
မှတ်မှတ်ရရ - ကျမထိုင်းကိုမလာခင် ဝယ်လာတဲ့ငွေဈေးက ၁ဒေါ်လာကို ၆၅၀ကျပ်ဝန်းကျင် ၊ နောက်၎ ၊၅လ လဲကျရော ၁၀၀၀ ကျပ်နီးပါးလောက်ကို ခုန်တက်တော့ ကျမတို့တွေ ကိုကျော်( ကိုကျော်လင်းဦး) ရဲ့အခန်းထဲမှာ စုပြီး မျက်နှာလေးတွေရှုံ့မဲ့ပြီးတော့ မြန်မာနိုင်ငံပဲ ပြန်ရတော့မလိုလိုနဲ့ ငြီးနေလိုက်ကြတာ။ အိမ်ကမိဘတွေဆီကို ဖုန်းဆက်ပြီးမေးတော့ ပြန်မလာကြနဲ့လို့လဲပြောရော ကျမတို့တွေလဲ အဲဒီတော့ကျမှနေသာထိုင်သာရှိပြီး အရင်ပုံစံ ၊အချိုးပဲ ပြန်ချိုးကြတာပေါ့။
အဲဒီတုန်းက အားလုံးအပေါ်မှာ သဘောကောင်းပြီး သူများတွေဘာပြောပြော အနစ်နာခံတာက ကိုကျော်လင်းဦး။ သူကတော့ အခုချိန်ထိ ထိုင်းမှာ၇ှိနေပြီး စာတွေပေတွေရေးနေဆဲပေါ့။ ကျမတို့မိန်းကလေးတွေက ကိုကျော်ကြီး သဘောကောင်းမှန်းသိတော့ လှိမ့်ပြီးအနိုင်ကျင့်ခဲ့ကြတာ။ခင်ဖို့တော်တော် ကောင်းတဲ့လူကြီးပါ။
ကျောင်းမှာက ကျောင်းသားတွေကို ပိာုတယ် ၄ခုမှာ အဆောင်သဘောမျိုးထားတာလေ။ ကျမနေခဲ့တာက Him Nam Sai Soy ဆိုတဲ့ ပိာုတယ်မှာ။ ကျန်တဲ့၃ခုနဲ့ ယှဉ်ရင် ဒီနေရာက အကောင်းဆုံးဆိုတော့ ကျောင်းသားတော်တော်များက ဒီမှာပဲနေချင်ကြတယ်။ အဲဒီ ပိာုတယ်မှာက ကွန်ဒို ၄ခုရှိတော့ ကျောင်းက ကွန်ဒို ၁ ခုလုံးကို ဌားပြီးကျောင်းသားတွေကနေရတယ်။ ကျောင်းကပေးတာမှ မနေချင်ရင်တော့ ကိုယ့်ဘာသာကို ငွေပိုပေးပြီး ပိာုတယ်ကနေ တိုက်ရိုက်ဌားနေပေါ့နော်။ နေတဲ့ပိာုတယ်မှာ က ရေကူးကန်၊ Gym၊ စားသောက်ဆိုင်၊ မီနီမားကတ်၊ ကာရာအိုကေ အခန်းတွေပါ၇ှိတော့ တကယ့်ဇိမ်ပဲ။ ခုချိန်မှာဆိုဒါတွေမရတော့ အတိတ်ကို သိပ်လွမ်းတာပဲ။
ယူအက်စ်မှာ ကျောင်းကပေးတဲ့ အဆောင်က မသားနားဘူးလေ။ ပိာုတယ်မှာ နေရတာမှ မပာုတ်တာ..။ကောင်းကောင်းနေချင်ရင် အပြင်မှာ အရမ်းကောင်းတဲ့ နေရာမှာ ဌားနေမှရမယ်လေ။ကျောင်းသားကလဲဖြစ်ပြန် ၊ ငွေဈေးကလဲ မြင့်ဆိုတော့တော်ရုံတန်ရုံမှာပဲ နေနိုင်တော့ တခါတလေကျရင် ထိုင်းမှာကျောင်းဆက်တက်ရတာပဲကောင်းပါတယ်ဆိုပြီး အော်အော်တတ်တယ်။ ဒါပေမဲ့လဲ ပိာုမှာကျောင်းပြီးရင်အလုပ်က ဘယ်နားသွားရှာရမလဲနော်။
ကျမတို့ကျောင်းတက်စဉ်တုန်းက မြန်မာကျောင်းသားတွေချည်းပဲ ၂၅ယောက်လောက်၇ှိမယ်။ နောက် semester တွေကျတော့ အသစ်ရောက်လာတဲ့လူတွေ၇ှိတာပေါ့။ အဲဒီထဲကမှ တဝက်နီးပါးလောက်က ယူအက်စ် ကိုရောက်လာကြတယ်။
ကိုကျော်တို့များကံဆိုးချင်တော့ ကျမနေတဲ့အခန်းရဲ့အပေါ်မှာကျတယ်။ သူကကျမထက်ရောက်တာနောက်ကျတယ်။ သူနဲ့နေရတာက တောင်ကြီးသား ကိုထွန်းဇေယျာ။ သူလဲအဲဒီတုန်းက ယောက်ျားတန်မဲ့ ကိုကျော့်ကို အနိုင်ကျင့်ခဲ့တာပဲ။ ကျမရဲ့အခန်းဖော်က ဝေဝေလင်းသွေး ၊ သူကတော့ တော်တော်လေးအေးပြီး စာကိုအရမ်းကြိုးစားတဲ့သူ။သူမက ထိုင်းမှာ မာစတာထိတက်ပြီး ရန်ကုန်မှာပြန်ပြီး အလုပ် လုပ်နေတယ်လေ။ ကိုထွန်းဇေယျာ လဲ ယူအက်စ်မှာ မာစတာထိ ဘွဲ့ရပြီး အလုပ်လုပ်နေပြီ။
ကျမတိုရဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဆိုးပုံလေးတွေက……
ကိုကျော်က ကွန်ပြူတာတလုံးလေးကို သူ့ဘာသာ ပစ္စည်းလေးတွေဝယ်ပြီး ဆင်ထားတာ ယဲ့ယဲ့လေးရယ်။ ကျမက အဲဒီတုန်းက yahoo chatting room ကိုသွားသွားပြီးချက်နေကြအချိန်၊ ကိုထွန်းဇေယျာက ဂိမ်းကစားဖို့အားသန်တဲ့အချိန်။ ကျမ နဲ့ ကိုထွန်းဇေယျာ အဲဒီတုန်းက ကိုယ်ပိုင်ကွန်ပြူတာမရှိသေး၊ ကျောင်းသားတော်တော်များများကလဲ ကျောင်းမှာပဲ ကွန်ပြူတာသုံးကြတာလေ.။
အဲလိုဆိုတော့ ကိုထွန်းဇေယျာနဲ့ ကျမ၊ ကိုကျော့် ကွန်ပြူတာကိုမျက်စိ ကျတော့တာပေါ့ ။ ကျမနဲ့ ကိုထွန်းဇေယျာ အဲဒီအချိန်တုန်းက တကျက်ကျက်ပေါ့။ စိတ်ကောက်ပေမဲ့လဲ့ ကြာ၇ှည်မခေါ်ပဲ မနေနိုင်ခဲ့ပါဘူး။ သူက ဂိမ်းကစားဖို့ ကွန်ပြူတာကိုလု၊ ကျမကတော့ ချက်တင် လုပ်ဖို့လု။ ကျမတခါမှ ငယ်ငယ်တုန်းကရန်မဖြစ်ခဲ့ရသမျှ သူနဲ့ကျမှ ကျော်မကောင်း ကြားမကောင်း ကိုယ့်ထက်အသက် ၃နှစ်လောက်ကြီးတဲ့လူနဲ့ ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့ရတယ်။
သူ့မှာ ကျမနဲ့ရွယ်တူ ညီမလေး၁ ယောက်ရှိတာတောင်မှ မညှာဘူးလေ။ ဒါကြောင့်မို့ ကြုံရင်ပြောတယ် သူများကိုမညှာတတ်လို့ အခုချိန်ထိ သတ်သတ်မှတ်မှတ်ရည်းစားမရသေးတာလို့။
ဘယ်လို လုကြလဲဆိုရင် သူရော ကျမရော ထိုင်ခုံကို အရင်ဦးအောင်လုပြီးထိုင်တယ်။ ပြီးရင် ပါးစပ်ကလဲ အငြိမ်မနေပဲ ကိုကျော့် ကို အော်အော်ပြီး တ ကြသေးတယ်။ ကိုကျော့်က သူ့ကို ပေးသုံးတယ်၊ ငါ့ကိုပေးသုံးတယ်ဆိုပြီးတော့လေ..။ ထိုင်ခုံမှာ ဖင်တဝက်လောက် ထိုင်လို့ရပြီဆိုရင် တယောက်နဲ့တယောက် ထိုင်ခုံက ကျအောင် တွန်းချတော့တာပဲ။ တယောက်နဲ့တယောက် တွန်းထိုးရင်းနဲ့ ကိုကျော်ရဲ့ ကွန်ပြူတာ ကိုလဲ လက်နဲ့ လှမ်းကိုင်ထားသေးတယ်.။ ကိုကျော်က သူ့ကွန်ပြူတာ ကျမှာစိုးလို့ ပြောရင် ကိုကျော့်ကို ကျမတို့ ၂ ယောက်လုံးက လှမ်းပြီးအော်သေး။ သူများ ပစ္စည်းကိုလဲ ယူသုံးသေး၊ လူပါးလဲဝသေးတယ်.။
နောက်ပြီး ညညတွေမှာ မုန့်စားချင်ရင် ကိုကျော်တို့အခန်းကို ကျမတို့အငယ်တွေကူးပြီး လဘက်သုပ်တွေ သုပ်စားတာခဏခဏ။ စားပြီးရင် ကိုကျော်တို့ပဲ သိမ်းဆည်းတော့ ဆိုပြီး ဒီအတိုင်းထားခဲ့ကြတာ..။

နောက်ထပ် သူငယ်ချင်းအမတယောက် ကိုကျော့်ကို အနိုင်ကျင့်ပုံကဒီလို….

“ ကိုကျော် ကျမကို ကျမတင်ရမဲ့ ပေပါအတွက် အကြံဥာဏ်စဉ်းစားပေး ၊ ပြီးရင် စာရေးဖို့အတွက်လဲ စာစီထားပေးတဲ့”………..

ကိုကျော်က သဘောကောင်း ၊ သူများကို နိုး ပြောရမှာ အားနာနေတတ်သူ…။

အဲလိုဆိုတော့ ကိုကျော်က အေးပါ…၊ မယ်မင်းကြီးမရယ်….နင့် စာကို ငါပဲ ရေးပေးပါ့မယ်…။

ကိုကျော့် အခန်းဖော်ဆိုးပုံက ဒီလို ……

ကိုထွန်းဇေယျာ က ညအိပ်ရင် မီးတွေအကုန်လုံးပိတ်ပြီးမှ အိပ်တတ်သူ.။ သူအိပ်ချင်ရင် ကိုကျော်စာကြည့်တာလဲ နားမလည်သူ..။ မီးပိတ်ကိုပိတ်ရမှ…. ဒီလိုဆိုတော့ ကိုကျော်က သူအိပ်ပျော်သွားမှ စာပြန်ကျက်ရတယ်.။

ကျမက သူတို့ ၂ ယောက်လုံးကို ထမင်းစားရာမှာ ဆရာလုပ်တယ်..။
သူတို့ ၂ ယောက်က ထမင်းစားရာမှာ ဘယ်ပာင်းက ကောင်းပြီး ဘယ်လိုမှာရ မှာမသိသူ.။ ယောက်ျားလေးဖြစ်တော့လဲ မိန်းမတွေလို ပေါက်ပေါက်ရှာ၇ှာမမေးချင်ဘူးနဲ့တူပါတယ်.။ ကျမက ထိုင်းစကားသာမတတ်တာ ၊ အင်တာနေရှင်နယ်ဘာသာစကားဖြစ်တဲ့ လက်ပာန် ခြေပာန်တော့ အသာလေး။ အဲလိုဆိုတော့ ကျမတို့တွေ ညနေခင်းကျရင် မြို့ထဲထွက်ပြီး ထမင်းစားရင် ပာင်းမှာသူကကျမ ၊ ပြီးရင် ၃ ယောက်သားရှယ်ပြီးစားတယ်.။

ကျမရောက်ပြီး နောက် Semester မှာ ကျောင်းသားတွေ အသစ်ထပ်ရောက်တော့ ကျမတို့အားလုံးစုပြီး VIP Hotel ဖြစ်တဲ့ကျမတို့ ကျောင်းသားတွေနေတဲ့ နောက်အဆောင်တခုမှာ စုပြီး မြန်မာထမင်းပာင်းချက်စားခဲ့ ကြတဲ့နေ့ကလဲ အမှတ်တရတွေထဲက တခုအပါဝင်..။

စုချက်စားတာအားလုံးပေါင်း…၂၀ လောက်ရှိမယ်..။ ကျမချစ်သူကတော့ အဲလိုမျိုးတွေ မသွားချင်သူဖြစ်လို့ အဆောင်မှာနေကျန်ရစ်ခဲ့တယ်..။

ကျမတို့နေတဲ့အဆောင်တွေ ၄ ခုလုံးက ကမ်းစပ်တလျှောက်မှာ ရှိတာဆိုတော့ အကုန်လုံးက ထမင်းစားပြီး ကမ်းစပ်မှာ လမ်းလျှောက်ကြမယ်ဆိုပြီး တက်ညီလက်ညီ ချီတက်ကြပါလေရော..။ ကျမတို့ကမ်းစပ်မှာနေရင်းနဲ့ ခပ်လှမ်းလှမ်း မှာ မြင်ရတဲ့ Banana Boat ကို စီးမယ်ဆိုပြီးအဆိုပြုကြတော့ မြင်ရတော့သာအနီးလေးထင်ရပြီး
လမ်းလျှောက်ရတော့ တော်တော်လေးဝေးနေတဲ့ တခြားပာိုတယ်ရဲ့ ကမ်းစပ်ကို လျှောက်ခဲ့ရတာက မမေ့စရာ..။

ဘာကြောင့်လဲဆိုတော့ ကျမတို့ ကသောင်ပြင်ရှိမယ်ထင်ပြီး လျှောက်ခဲ့တာ တကယ့်တကယ်ကြတော့ သဲသောက်ကနဲနဲ ရှိပြီး ဒီရေတွေတက်နေတာကြောင့် ကျမတို့မှာ တချို့ ပိာုတယ်တွေရဲ့ ခြံစည်းရိုးကို ဖက်တွယ်ပြီး ကုန်းကုန်းကွကွနဲ့ သွားခဲ့ရတယ်..။ တချို့ ခြံတွေကလဲ ကိုယ်ပိုင် Villa အသေးတွေဆိုတော့ ခွေးတွေမွေးထားတော့ ခွေးတွေကလဲ လှမ်းပောာင်ဆိုတော့ ကျမ တို့မှာ ခွေးပောာင်ပြီး လှမ်းကိုက်ရင်တော့ ဒီဘက်က ပင်လယ်ထဲ ပြုတ်ကျမှာ ဘာလို့ဆိုတော့ ရေတွေကြီးနေလို့ သူများအုတ်တံတိုင်းကနေ ဖြတ်ကျော်ပြီးလျှောက်နေရတာကိုး..။

အရှေ့ က လမ်းပြလုပ်တဲ့ ကိုညီညီမောင်ကလဲ ရောက်တော့မှာ အားတင်းလျှောက်ကြ..။ သူကလဲ အားလုံးထဲမှာ အသက်ကြီးပြီး အရပ်ရှည်တော့ လမ်းပြလုပ်တာလေ…။ သူ့မှာလဲ တံတိုင်းကိုကျော်တက်လို့မရတဲ့ နေရာ ..၊
ရေထဲမှာပဲသွားလို့ရတဲ့ နေရာဆိုရင် စမ်းစမ်း စမ်းစမ်းနဲ့ အရှေ့ကနေသွား..။ သူတကယ်ပိာုဘက်ကိုရောက်သွားမှ ကျမတို့ကဖြတ် အဲလို အရှေ့က အသေခံကြီးပေါ့..။ ပာားပာား ပာား..။

ကျမတို့ ဘုတ်စီးလို့ ရမဲ့နေရာလဲရောက်တော့ ဘုတ်ဌားခကဈေးကြီးတော့ ကျမတို့ ကဒီလောက်ထိ လာပြီးမှတော့ စီးရမှ ..။ အဲလိုဆိုတော့ မရရအောင် ဈေးညှိပြီး အဆင်ပြေတော့ ကျမအပါအဝင် ၅ ယောက်သား ရှေ့ဆောင်လမ်းပြ အသေခံ ၅ ယောက်သား ဘုတ်ပေါ်ကတက်ကြပါလေရော..။

အဲဒီမှာ ပေးတဲ့ ဝတ်ရမဲ့ အသက်ကယ် ဂျတ်ကတ်တွေကလဲ အပောာင်းတွေ ဝတ်တာများလို့ တော်တော်လေးနွမ်းနေပြီ..။ အဲဒါကြီးကိုပေးဝတ်တာလေး..။ ဒီထက်ကောင်းတာလဲ မရှိတော့ အဲဒါကြီးဝတ်ပြီး ရေထဲကို ဆင်းရတာ..။ စီးတဲ့ လူတွေက မနှင်းနှင်းအေး၊ ယဉ်မာအေး.၊ ကျမ၊ တောင်ကြီးသား ကို ထွန်းဇေယျာ နဲ့ မန္တလေးသား မိုက်ကယ် ( မြန်မာနာမည်တော့ မမှတ်မိတော့ဘူး.. နောက်နာမည်တခုက ဂျော်နီ ဝေါကားဆိုလားပဲ ..အဲဒီအရက်ကို သောက်လွန်းအားကြီးလွန်းလို့..)

ထမတပတ်စီးတယ်နော်.. အော်လိုက်ကြတာ..ကြေက်လွန်းလို့..။ ဒုတိယတပတ်လဲရောက်ရော.. ဘုတ်မောင်းတဲ့လူ ကျမတို့ကို အမြင်ကတ်ပြီး ဘုတ်ကို ဆွဲကွေ့တာ Banana boat နဲ့အနောက်မှာ ထိုင်တဲ့ ကျမတို့ ၅ ယောက်သားပင်လယ်ထဲကို ပြုတ်ကျရော..။ကျမတို့ ရောက်တဲ့နေရာနဲ့ ကမ်းစပ်ကတော်တော်လေးကို ဝေးနေတာ…။ ကမ်းစပ်မှာ ကျန်ခဲ့တဲ့ အုပ်စုကို ရေးရေးပဲ မြင်ရတော့တာ..။ကျမတို့မိန်းမ ၃ ယောက်ကရေမှ မကူးတတ်တာ.

ကျမမှာမှတ်မိသလောက် ရေထဲမှာ ယက်ကန် ယက်ကန်နဲ့ ကိုယ်ကိုဖော့ပြီးနေနေရတယ်..။မယဉ်မာအေးဆို မနှင်းနဲ့ နှင်းပွင့်ရေ အမတို့တော့ ရေနစ်ပြီး သေပါပြီ ဆိုပြီးတော့ အော်အော်ပြီး ပြောတာ.။ မနှင်းက လဲ အားပေးရှာပါတယ်..။ ညီမရယ်. အမတို့မသေနိုင်ပါဘူး ဆိုပြီး အော်…။ အဲဒီအချိန်မှာ ကျမကတော့ စကားလဲမပြောနိုင်ပဲ ..။ ကိုယ့်ကိုယ်ကို ရှည်ပြီး စီးချင်းဦးပဲာ့ ဘုတ်ဆိုပြီး နောင်တရနေမိတယ်..။ ငါ့ အိမ်ကမိဘတွေတော့ ငါသေရင် ရင်ကျိုးရချည်ရဲ့ ။ သူတို့ ကျေင်းထားတဲ့ ငွေတွေ ရှုံးပြီး သမီးတယောက်သေတာ ပဲ အဖတ်တင်မှာပဲ ဆိုပြီး တွေးနေမိတယ်..။ ကျမရဲ့ ရေထဲမှာ ယက်ကန်ယက်ကန်နဲ့ ပုံစံကို မိုက်ကယ်ကတွေ့တော့ “နင် ခြေခတ်မနေနဲ့ ငါနင့်ကို ဘုတ်ပေါ်ရောက်အောင်တင်ပေးမယ်. ငြိမ်ငြိမ်နေ” ဆိုတော့ မှ ဝိုင်းကြီးပတ်ပတ်လည်ပုံစံနဲ့ ခတ်နေတဲ့ ခြေကို ရပ်ပြီး မိုက်ကယ်က အောက်က တွန်းတင် ၊ ကိုထွန်းဇေယျာက အပေါ်ကဆွဲတင် ၊ အဲလိုနဲ့မိန်းကလေး ၃ ယောက်ကို အပေါ်တင်ပြီး ကမ်းစပ်ကို ပြန်ကပ်မှ အသက်ပြန်ရှုနိုင်တယ်.။

ကမ်းစပ်ကို ကျမတို့ ရှေ့ ပြီး အသေခံအုပ်စုပြန်ရောက်မှပဲ ကျန်ခဲ့တဲ့လူတွေလဲ ..သက်ပြင်းချနေတယ်။ သူတို့မှာလဲ ရင်တမမနဲ့ ဘယ်လိုများ ကမ်းစပ်ကို ပြန်လာမလဲဆိုပြီး..။

ရေထဲပြုတ်ကျတဲ့အချိန်မှာ ကျမစဉ်းစားမိတာတော့ မိဘတွေက ပညာတတ်စေချင်လို့ ကျောင်းထားတယ်.။ ကျမ စက်ဆော့လို့ သေရင်တော့ သူတို့တွေ ရင်ကျိုးရချည်ရဲ့ဆိုပြီး အသက်နဲ့နီးတဲ့ အရာဆိုရင် ဘယ်တော့မှစမ်းပြီး မလုပ်တော့ဘူးလို့ စိတ်ထဲမှာ ဆုံးဖြတ်မိတယ်.။
ကျမတယောက်ထဲ ကမ်းစပ်ကနေ လမ်းမကြီးရောက်တဲ့ အထိ ၁ ယောက်ထဲ ကုန်းကြောင်းလျှောက်ပြီး ရရာ ဆိုင်ကယ်ကို ဌားစီးပြီး ကိုယ်နေတဲ့ အဆောင်ကို ပြန်ရောက်ပြီးမှ စိတ်ကို ဒုန်းဒုန်းချနိုင်တယ်.။ စိတ်ထဲမှာ တော့ တော်တော်ရှည်တဲ့ငါ ကံကောင်းလို့ မသေပဲ အဆောင်ကို ပြန်ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဆုံးမမိတယ်.။

အဲလို ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာလေးတွေကိုလဲ အမှတ်ရမိတယ်.။
ကျမတို့တွေ ကွဲသွားပြီးနောက်ပိုင်းမှာ အဆက်အသွယ်ပြတ်သွားသူနဲ့ ၊ တခါတလေကျမှ နှုတ်ဆက်ပြီး မေးထူးခေါ်ပြောလောက်ပဲ ရှိကြတော့တယ်.။ စဉ်းစားကြည့်တော့ ကိုယ်လဲ အလုပ်တဘက်၊ ကျောင်းတဘက်၊ လူမှူရေးတဘက်နဲ့ ရုန်းကန်နေရတာ အချိန်ကလောက်ကို မလောက်နိုင်။

တယောက်နဲ့တယောက် စိတ်ထဲမှာ ရှိနေကြပေမဲ့ လက်တွေ့မှာတော့ လက်တွေ့ကျကျပဲ ရှင်သန်နေရဦးမှာပါပဲ.။

ရေးထာတာတော့ ၂ လလောက်ရှိပြီး ဖြစ်ပေမဲ့ အခုမှပဲ ပြီးအောင်ရေးမိတော့တယ်.။

သထုံသူ
November 30, 2009
2:44pm

Wednesday, November 11, 2009

သြော် အသက် အသက်..




ငယ်သူငယ်ချင်း ၂ ယောက်နှင့် ပြန်ဆုံစဉ်ပြောမိသော စကားများ


၂၀၀၃ ခုနှစ် - သူငယ်ချင်း ရဲမြင့်ထွန်းနှင့် အသက် ၂၀ အရွယ်တွင်ပြောမိသော အကြောင်းအရာ

ကျမ- “နင်က ကိုယ်နဲ့ ရွယ်တူ ဒါမှမပာုတ် ငယ်တဲ့ကောင်မလေးတွေကို မကြိုက်ပဲ ဘာကြောင့်ကိုယ့်ထက်ကြီးတဲ့ မမတွေကို ကြိုက်ရတာလဲ ။ ငါကတော့ မမနဲ့မောင်လေး ဇာတ်လမ်းမကြိုက်ဘူး.။ ညီမလေးနဲ့ ကိုကြီးကမှ နဲနဲ တော်အုန်းမယ်..”

သူငယ်ချင်း - “ နင်ဘာသိလို့လဲ ငါက အသက်၂၀ ဆိုတော့ ငါ့ထက်ငယ်တာကို ကြိုက်ရင်ကလေးတွေပဲ ရှိမှာပေါ့။ သူတို့တွေကို ကြိုက်ရင် ဂဂျီဂဂျောင်ကြမှာပေါ့ ။ ငါကြီးပဲ အလျှော့ပေးနေရမှာ..။ အခု ငါကမမတွေကို ကြိုက်တော့ အဆင်ပြေတယ်လေ.။ သူတို့ က အခုအချိန်မှာ ငါ့ထက်လူကြီးဆန်ပြီး ကလေးတွေလို ပူညံပူညံ သိပ်ရှိမှာ မပာုတ်ဘူးလေ..”

၂၀၀၉ ခုနှစ် - ၆ နှစ်ခန့် ကြာသောအခါ..

ကျမ- “ ပော့ နင့်မမတွေရဲ့ ဇာတ်လမ်းက ဘယ်လိုလဲ”

သူငယ်ချင်း - “ နင်ကလဲ အခုမှ တရေးနိုးလာတာလား ။ မမဇာတ်လမ်းက နောက်မှ ကျန်ခဲ့ပြီ”

ကျမ - “ဘယ်လို ဘယ်လို ဘာဖြစ်လို့တုန်း”

သူငယ်ချင်း - “ အခုအချိန်မှာ မမတွေကို ကြိုက်ရင် ငါ့ထက် အသက်ပိုကြီးပြီး အိုနေမှာပေါ့ပဲာ့ ။ အခု ငါ ညီမလေးတွေကိုပဲ ကြိုက်တော့တယ် ။ ငါက ၂၆ ဆို သူတို့လေးတွေက အခုမှ ၂၀ လေးတွေ.. ဒါမှမပာုတ် ဒီထက်တောင် ငယ်ချင် ငယ်ဦးမှာ ”

ကျမ - “အင်း သိပ်လဲ ကောင်းကောင်း မကြိုက်ရှာဘူးကိုး”


ဒါလေးက ပထမပိုင်း ပေါ့


နောက် ဒုတိယပိုင်းက

နယ်မြို့လေးမှာနေတဲ့ အထက်တန်းကျောင်းသူ သူငယ်ချင်းများနဲ့ ၁၉၉၉-၂၀၀၀ ခုနှစ်တုန်းက ဆိုရင် နွေကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ စက်ဘီးကိုယ်စီ စီးပြီး ရန်ကုန်- သထုံ အထွက် ကားလမ်းနံဘေးက အသုတ်စုံဆိုင်မှာ သွားစားနေကြပေါ့. ကျမတို့အုပ်စု က ၅ ယောက်လောက်ပေါ့..။

နောင် ၁၀ နီးပါးခန့်ကြာပြီး အဲဒီ အုပ်စုထဲမှ သူငယ်ချင်း ဖြူဖြူနဲ့ Facebook မှာ ဆုံပြီး စကားပြောသော်
ကျမ- “ ဖြူဖြူ ငါတို့ ငယ်ငယ်တုန်းကလို ငါ သထုံပြန်လာရင် နင်ပါမြို့ကို ပြန်လာပြီး ပိာုတုန်းကလို စက်ဘီး စီးပြီး မုန့်သွားစားရအောင်လေ..။”

၅မိနစ်ခန့် သူမရဲ့ ပြန်ကြားချက်ကို စောင့်ပြီးသော်

သူငယ်ချင်း - “ ငါတို့ကအရင် ကလို ၁၆ နှစ် မပာုတ်တော့ ဘူး။ ၂၆ နှစ် ရှိနေပြီ..။ ဘယ်လိုလုပ်ပြီး ငယ်ငယ်တုန်းကလို ရတော့မှာလဲ ..မနင်းချင်စမ်းပါနဲ့ ပာယ်....။”

ဖြူဖြူ ကတော့ စက်ဘီးစီးတာကို အကြေက်အကန်ငြင်းတယ်..။ ပိာုတုန်းကထဲက သူက စက်ဘီးစီးတာ သိပ်မကျွမ်းလို့ မှောက်ကျဘူးတာကိုး.။ ဂုန်းဆင်းဆိုရင် သူ့နောက်ကလိုက်စီးတာ အဆင်ပြေပေမဲ့ အိမ်အပြန်ဂုန်းတက်ဆိုရင်တော့ သူကလဲ မနင်းနိုင် ၊ ကျမလဲ စီးရမှာ ခပ်လန့်လန့်ဆိုတော့ ၂ ယောက်သားစက်ဘီး ကို တွန်းပြီး အိမ်ပြန်ရတာလဲ များတာကိုး….။

သူပြောတာလဲ ပာုတ်သားလို့စိတ်ထဲက တွေးမိတယ်…။ ကျမတို့ ၂ ယောက်သား စက်ဘီးအခုချိန်မှာ စီးတာကို မြင်ယောင်ကြည့်ရင် မြသပိတ်တောင်ခြေကနေ ပီပါ ၂ လုံးကို တွန်းချလိုက် သလိုဖြစ်နေမလား မသိဘူး။

ကိုယ့်ပာာနဲ့ကိုယ် ငြိမ်ငြိမ်နေပြီး မစီးတာကမှ ကောင်းဦးမယ်….။


သူငယ်ချင်း၂ ယောက်နဲ့ အဲလိုပြောမိတော့မှ ကိုယ့်ထက်ငယ်တဲ့အငယ်မရှိလို့ ၈ နှစ်ကြာအောင် ကိုယ့်ကိုယ်ကို ငါတော့ အသက်မကြီးသေးပါဘူး..။ အရင်အတိုင်းပဲလို့ မြင်နေတဲ့ စိတ်ကလေး ပျောက်ကုန်ပြီး ငါလဲ တော်တော် အသက်ကြီးလာနေပြီလို့ သံဝေဂရမိတယ်..။

အသက်ကြီးလာရင်လဲ လူတွေရဲ့ အတွေးအခေါ်တွေလဲ ပြောင်းလဲလာတာကိုလဲ ပြန်ဆင်ခြင်မိတယ်..။ ကျမအပါအဝင်ပေါ့..။

ဒါကြောင့်မို့ အပေါင်းအသင်းဆိုရင် ကိုယ့်ထက်ကြီးသူနဲ့ပဲ ပေါင်းချင်တယ်..။ ငယ်သူဆိုရင် အမြဲတမ်းကိုယ့်ကို အသက်ကြီးလာပြီ ဆိုတာကို remind လုပ်နေမှာ စိုးတယ်လေ..။ အပွာတ် ..အပွာတ်..။

ဒါပေမဲ့ ကြီးသူကော ၊ ငယ်သူကိုကော အကုန်လုံးကို ခင်တတ်ပါတယ်..


သထုံသူ
November 11,2009
3:08pm

Monday, October 12, 2009

စိန်စိန်နှင့်နောက်ဆက်တွဲ



စိန်စိန်နှင့်နောက်ဆက်တွဲ..

စိန်စိန့်အကြောင်းရေးထားတာ အကြမ်းပဲ ရှိသေးတာကိုမှားပြီး ပို့စ်လုပ်မိပြီး ဘယ်လိုလုပ် တခုတဲဖြစ်အောင်လုပ်ရမှန်း မသိလို့ နောက်ပို့စ် အနေနဲ့ပဲရေးလိုက်တော့မယ်…

ကျမငယ်ငယ်က တခါကျတော့ ပြောစကားနားမထောင်လို့ မေမေက ရိုက်မယ်အလုပ်မှာ စိန်စိန်က ကျမအသားနာမှာစိုးလို့ လှမ်းကာတာ အိမ်နောက်ဖေး မီးဖိုချောင်မှာမေမေက အေ၇ှ့ကရိုက်မယ်လုပ်ရင် စိန်စိန်ကအလယ်မှာ ဝင်ခံပြီး ကျမကို သူ့အနောက်ကိုပို့ပြီး ကာထားတာ ကျမတို့၃ ယောက်သား ဝိုင်းကြီးပတ်ပတ် ကစားနေလားတောင်ထင်ရတယ်.။
ဒါပေမဲ့ စိန်စိန်က မေမေ့ကို အမရယ်. ကလေးပဲ ဘာသိမှာလဲ ဆိုပြီးပြောတော့ ကျမလွတ်ငြိမ်းချမ်းသာခွင့်ရသွားတယ်.။ ဘာကိစ္စနဲ့ ရိုက်ခံထိခဲ့ရတာ စဉ်းစားလို့တော့မရတော့ဘူး။ စိန်စိန်က ကျမကို သူရွာကို မပြန်ခင်မှာသွားတယ်။ အိမ်မှာ လိမ်လိမ်မာမာနေနော်။ စိန်စိန်မရှိရင် သမီးကို ဆွဲပေးမဲ့လူရှိမှာ မပာုတ်ဘူးဆိုပြီး..။နောက်ပိုင်းတော့ ကျမ အဲလိုဆူခံလဲမထိအောင် နေသွားခဲ့တဲ့လို့ထင်တာပဲ။

စိန်စိန်က အဲဒီတုန်းက ၁ရ နှစ် ၁၈ နှစ်လောက်လို့ထင်တယ်.။ ကျမက ၅ နှစ် ၆နှစ်လောက်၊ ကျမတို့ ၂ ယောက် ဘယ်သွားသွား အတူတူဆိုတော့ တနေ့ ငါးစိမ်းတန်းမှာ ဈေးဝယ်ထွက်တော့ ကျမကစိန်စိန်လက်ကို ကိုင်ပြီး တောင်ငေးမြောင်ငေး လုပ်နေချိန် ကျမတို့ရှေ့က လမ်းလယ်ခေါင်မှာ ချထားတဲ့ လင်ဗန်းထဲက ငါးအရှင်တကောင် ခုန်ထွက်ပြီး အပြင်ကိုပျံလိုက်တာ ကျမမှာ မြွေတကောင်ခုန်တယ်ထင်ပြီး စိန်စိန့်ကိုယ်ပုံကို ဘယ်လိုခုန်တက်တယ် မသိဘူး.။ တခါတဲ သူ့ ပခုံးပေါ်ကိုရောက်ရော.။ဈေးသည်တွေခမျာ ငါးကို ဖမ်းရတာတမျိုး၊ ကျမတို့ ၂ ယောက်ဈေးလယ်ခေါင်မှာ ကိုယ့်လို့ကန့်လန့်နဲ့ ဖြစ်ပုံကို ကြည့်ပြီး ရယ်နေကြလိုက်တာမျိုးနဲ့။ အဲဒီအဖြစ် ဖြစ်ပြီး နောက်ပိုင်း ငါးစိမ်းတန်းကို နောက်၃ ၊ ၄ နှစ်နေမှ ရောက်ဖြစ်တော့တယ်.။

ကျမက စိန်စိန်နဲ့ ဆိုဘယ်ဖြစ်ဖြစ် လမ်းသလားချင်တော့ နောက်ထပ် ဒုက္ခရောက်တာရှိသေးတယ်.။ ဘယ်တော့မှလဲ စိတ်မှတ်မရှိပြန်ဘူး…။
ကျမ ၁ တန်းနှစ်လောက် က မိုးတွေအရမ်းရွာနေတဲ့ မိုးတွင်းကြီးမှာ စိန်စိန်က သူ့ရွာက သူငယ်ချင်းတယောက်ဆီ သွားဖို့ပေါ်လာတယ်.။ အဲဒီသူငယ်ချင်းနာမည်တော့ မေ့သွားပြီ။ ဒါပေမဲ့ လူကိုမြင်ရင် ကျမ သူ့ကိုမှတ်မိတယ်။ သူကလဲ ကျမကိုချစ်သလို ကျမလဲ သူ့ကို ချစ်ခဲ့တယ်.။ အဲဒီအမ အိမ်ထောင်ကျသွားပြီး သူ့ယောကျာ်းနဲ့ ကျမတို့ မြို့ရဲ့ အောက်ပိုင်း အောင်ဇေယျ ကွက်သစ်မှာနေ နေတယ်ဆိုလို့ စိန်စိန်က သွားတွေ့မှာ.။ ကျမက ကိုယ့်နားထဲမှာ ဒီကွက်သစ်နာမည်ကို ကြားဖူးပေမဲ့ မရောက်ပါဘူး.။ ငယ်လဲငယ်တော့ ကွက်သစ်ဆိုတာဘာလဲပေါ့. ။ ကွက်သစ်ဆိုရင် ဘာများလဲဆိုတာ သိပ်ပြီး သိချင် စူးစမ်းချင်နေတော့ စိန်စိန်က အဲဒီကို သွားမယ်ဆိုတာ သိကထဲက သူ့နားကကို မခွါတော့ဘူး။ စိန်စိန်က ကျမကို မလိုက်နဲ့ ။ အဲဒီနေရာက ညစ်ပတ်တယ်။ လူမိုက်တွေနေတာ မကောင်းဘူးဆိုလဲ ကျမက မရဘူးဆို မရဘူးပဲ။ အဖိုး အဖွားတွေက စိန်စိန် တယောက်ထဲသွား၊ မိုးတွေရွာနေတော့ ကျမကို ခေါ်မသွားစေချင်ဘူး။ အဖိုးအဖွားတွေ နေ့ခင်းဘက် အိပ်ချိန်မှာ စိန်စိန် အိမ်ကထွက်မယ်လဲလုပ်ရော ကျမ စိန်စိန့် ထမီကိုလက်ကဆွဲပြီး လွှတ်ကိုမလွှတ်တော့တာ..။ကျမ အဲလို စိန်စိန့်အပေါ်ဆိုးခဲ့တာ။ ကျမ ဘယ်လောက်ဆိုးဆိုး စိန်စိန်ပာာ ကျမကို ဘယ်တော့မှ မအော်ငေါက်ခဲ့။ စိတ်လဲ မဆိုးခဲ့ဘူး..။
ကျမလဲ သူထမီကို တရွတ်တိုင်ဆွဲပြီးလိုက်တော့တာ.။ သူလဲ ကျမကို မနိုင်တော့ ကဲ ကဲ ဆြို့ပီး အိမ်က လူကြီးတွေ ကျမ ပါသွားမှန်း မသိအောင် ခိုးထွက်ခဲ့ရတယ်.။ အဲလိုနဲ့ ကျမတို့ ၂ ယောက်သားထီးတချောင်းနဲ့ ကွက်သစ်ကို ထွက်လာပါလေရော.။
မိုးတွေကလဲ အဲဒီနေ့ကမှ ရွာလိုက်တာပြောမနေနဲ့..။ ကွက်သစ်က မြို့ရဲ့ အောက်ပိုင်းဆိုတော့ သွားရင်း သွားရင်းနဲ့ မြေကနိမ့်နိမ့်လာ..။ အဲဒီဘက်ပိုင်းမှာ ရေတွေကလဲ ကြီးနေ ။ ကျမတို့မြိ့ရဲ့ အပေါ်ဘက်ပိုင်းက ရေတွေက မိုးရွာရင်အဲလို အောက်ပိုင်းကစီးဆင်းသွားတာ အဲဒီတော့မှ ကျကျနနမြင်ရတာ။ ကျမ က ၁တန်းနှစ်ပဲ ၇ှိသေးတာဆိုတော့ အရပ်ကပုပုလေး။ တဖြည်းဖြည်း လမ်းကလျှောက်ရင်းနဲ့ ရေတွေက ကျမခါးလောက်လဲ ရောက်လာရော ကျမလဲလန့်လာတော့ စိန်စိန်က ထီးတဘက်ကိုင်ရင်းနဲ့ ကျမကို ခါးထစ်ခွင်ချီထားရတယ်။ ကျမတို့ နားကို လှေလှော်ပြီး ရောက်လာတဲ့ကောင်လေးကို စိန်စိန်က သူ့သူငယ်ချင်းအိမ်ကို သွားလို့ရလားလို့မေးတော့ ကောင်လေးက အမ အဲဒီထိဆိုရင် ကုန်းကြောင်းသွားလို့မရဘူး။ ရေကြီးနေချိန်ဆိုလှေနဲ့မှ သွားလို့ရမှာလို့ ပြောတော့မှ စိန်စိန်နဲ့ကျမနောက်ကြောင်းပြန်လှည့်လာကြတယ်..။အဲဒီတုန်းက ကလေးဆိုတော့ အရမ်းရေတွေများနေတာကို ကြည့်ပြီး ပင်လယ်လောက်ရေတွေများနေတာလောက်ထိကို ထင်မိခဲ့တယ်။

ကျမ တို့၂ ယောက် ကွက်သစ်ကနေ လှည့်ထွက်လာတော့ ကျမတို့ ၂ ယောက်ရုပ်ပာာ ရေပက်ခံထိထားတဲ့ ကြွက်စုပ်လိုပဲ။ အောက်ပိုင်းကလဲစို အပေါ်ကထီးကလဲမလုံနဲ့ကိုး.။

စိန်စိန်နဲ့ ကျမ အိမ်နောက်ဘေးခြံက စောင်းလျားသီးတွေ သွားခိုး ခူးတာ အိမ်ရှုင်ကုလားမကြီး ခုနစ်သံချီအော်တော့မှ ကျမတို့ ၂ ယောက် ဝါးလုံးကို ပစ်ချပြီး အိမ်ဘက်ကို ပြေးတာတန်းနေတာပဲ.။
အဲလိုမျိုးတွေလုပ်ခဲ့တာ ကိုယ့်ကိုကိုယ်ပြန်စဉ်းစားမိရင် ပြုံးမိတယ်…။

နောက်တော့ ကျမ ၂ တန်းနှစ်မှာ စိန်စိန်ရဲ့အဖွား ဒေါ်မထား ကို အရမ်းအသက်ကြီးလာတော့ ရွာမှာပဲ ခေါင်းချခြင်တယ်ဆိုပြီးတော့ ရွာကိုပြန်သွားပါလေရော..

ပြန်ပြီး လအနည်းငယ်အကြာမှာ အဖွားဒေါ်မထားဆုံးသွားတော့ ကျမတို့မောင်နှမ ကို မဆုံးခင်ညမှာ မြင်ချင်တယ်ဆိုပြီး ရွာကလူတွေ နောက်တနေ့မှာ သထုံလာပြီး ပြောရမှာသိရတာ၊။သူဆုံးတာ ကိုယ့်အဖွားအရင်း ပျောက်သွားသလိုခံစား မိခဲ့တယ်. ။ ဒါနဲ့ နောက်တနေ့မှာပဲ ကျမရဲ့ အဖွားအရင်းနဲ့ ရင်းငြိမ်ကို လိုက်သွားခဲ့တယ်..။

ရွာရောက်တော့ ကျမက ငယ်သေးတော့ အဖွားဒေါ်မထားကို ပေးမကြည့်ပဲ စိန်စိန့် ကို ကျမအဖွားက ကလေးကို တခြားနေရာ ခေါ်သွားပြဆိုတော့ ကျမတို့ ၂ ယောက်သား သူများတွေ စပါးတွေစိုက်ပြီးလို့ ရိတ်သိမ်းနေတဲ့ လယ်ထဲမှာ ဖွင့်ထားတဲ့ ထမ်းရည် နဲ့ လ္ဘက်၊ ဂျင်းသုပ်ဆိုင်ကို ရောက်သွားရော..။

တောမှာများ ပိာုတုန်းကလူတွေ တယောက်နဲ့တယောက်ရင်းနှီးပုံများက ဒီလို…

စိန်စိန် နဲ့ ကျမ ဆိုင်သေးလေးထဲကို ရောက်သွားတော့ ဆိုင်ရှုင် အဒေါ်ကြီးက စိန်စိန့်ကို နင်တို့ ၂ ယောက် သုပ်စားချင်တာ ကိုယ့်ပာာကို သုပ်စားပြီးမှ ပိုက်ဆံထားသွားတဲ့ အဲဒီလို…။
မှတ်မိသလောက်ကတော့ ဆိုင်ရှင် အဒေါ်ကြီးက တခြားဝိုင်းမှာ စကားတွေထိုင်များနေတာ…။

ကျမကလဲ အစားပုပ်တော့ ဘယ်ရမလဲ..။ စိန်စိန်ကို များများထည့်နော် များများဆိုပြီး အသုပ် သုပ်ခိုင်းတာ..။ ၂ ယောက်သား ဝါးတီးဖွင့်ပြီးမှ လယ်ကွင်းဘက်ကနေ ရွာထဲကို ပြန်ဝင်လာတာ..။
ကလေးဆိုတော့ အဖွားဒေါ်မထားဆုံးသွားတာ စိတ်မကောင်းပေမဲ့ ကိုယ်လုပ်ချင်တာသာလုပ်ပြီး နေခဲ့တာ.။
စိန်စိန်လဲ ဒီလိုနဲ့ အိမ်ထောင်ကျပြီး ကလေး ၃ ယောက်တောင်ရှိလို့ အရွယ်တောင်ရောက်နေကြပြီ…။ စိန်စိန် ကျမကို ချစ်လို့ သူ့ သမီး အကြီးဆုံးရဲ့ နာမည်တောင် ကျမရဲ့ ရှေ့နာမည် ၂ လုံးကို ယူပြီးပေးထားသေးတယ်..။

ရင်းငြိမ်ရွာမှာ ပဲ နေပေမဲ့ ကျမ တို့ မောင်နှမကို သတိရတိုင်း သူ့မှာ ကျမကြိုက်တတ်တဲ့ လယ်ဂဏန်းသေးသေးလှော်၊ ကောက်ညှင်းထုပ်၊ တခြားပေါက်တတ်ကရ စာလေးတွေ ဝယ်ဝယ်လာပြီး တွေ့တယ်.။ ကျမ ထိုင်းမှာ ကျောင်းတက်ပြီး ခဏအိမ်ပြန်တော့ စိန်စိန်မှာ ကျမကို လာပြီးတွေ့သေးတယ်.

ကျမဒီ မှာ ရှိစဉ် အိမ်ကိုဖုန်းဆက်တာ စိန်စိန်အိမ်မှာ ရောက်နေတယ်ဆိုပြီး မေမေက နင်တို့ ၂ ယောက်ပဲ စကားပြောကြဆိုလို့ ကျမတို့ ၂ ယောက်ဖုန်းကြာကြာ ပြောဖြစ်ခဲ့တယ်.။

ကျမငယ်ငယ်ကလေးဘဝတုန်းကထဲက ကျမကို ၇ှားရှားပါးပါး မိသားစုထဲက ဆွေမျိုးအရင်းခေါက်ခေါက်တွေကမှ စိန်စိန့်လို ကျမအနွံတာ ခံခဲ့တဲ့လူ တယောက်မှ မရှိခဲ့တာ…

ကျမဘဝမှာ စိန်စိန်ကို တော်တော်လေး သံယောဇဉ်ကြီးတဲ့အတွက် သူ့အတွက် အမှတ်တရရေးလိုက်တာပါ.။

ဒါကြောင့်…

ကျမအိမ်ဒီတခေါက် ပြန်ရင် တခြားဆွေမျိုးတွေနဲ့ မတွေ့ရင်နေပါစေ.။ စိန်စိန့်ကိုတော့ တွေ့ရမယ်..။ရင်းငြိမ်ရွာကို သွားပြီး ငယ်ငယ်တုန်းကလို စိန်စိန့်လက်ကိုဆွဲပြီး ရွာရိုးကိုးပေါက် ပတ်ရဦးမယ်…။

Friday, September 25, 2009

ထူးဆန်းတဲ့သူခိုး



ထူးဆန်းတဲ့သူခိုး

ကျမတို့မှာ သူခိုးတွေနဲ့ ပတ်သက်လို့ အိမ်ကပစ္စည်းတွေ အခိုးခံရတိုင်း ရီစရာတွေချည်းပဲ.။ မိသားစုဝင်တွေကြားထဲမှာ အောက်အိမ်လို့ခေါ်တဲ့ ကျမအဖိုးအဖွားတွေနေတဲ့ အိမ်မှာနေစဉ်တုန်းကအဖြစ်အပျက်လေးကို အရင် ပြောရမယ်ဆိုရင်….


ကျမတို့မိသားစုက ကုန်သည်တွေဆိုတော့ အိမ်ဘေးနဲ့အိမ်နောက်မှာဂိုထောင်တွေဆောက်ထားတယ်.။ ကုန်လှောင်ဖို့လေ။ ကျမ ၃တန်းလောက်တုန်းက အိမ်ဘေးက ဂိုထောင်ထဲမှာ ကျမတို့ လှောင်ထားတဲ့ ဆေး၇ွက်ကြီးလိပ်အိတ်တွေ ပျောက်ပါလေရော။ ပျောက်တာ ဘယ်လိုလုပ် သိလဲဆိုတော့ မနက်၆ နာရီလောက် ဖေဖေက ဈေးထဲက ဆိုင်ကိုမသွားခင်မှာ ဂိုထောင်ကိုသွားစစ်တဲ့အခါမှာ ဂိုထောင်သော့ကို ဖျက်ထားတာတွေ့တာ။ နောက်အိတ်တွေကို စစ်ကြည့်တော့မှ လျော့နေတာလေ.။ ဒါနဲ့ ကျမတို့ မြို့မှာ ဆားပုလင်းလို့ ခေါ်တဲ့ ထောက်လှမ်းရေးကလူကို သွားပြောပြီး ခိုးတဲ့လူကို ဖမ်းပေးဖို့ သွားပြောပြီး ဖေဖေက ဆိုင်ကိုထွက်သွားလေရဲ့။
ကျမတို့မြို့လေးက သိပ်အကြီးကြီးမပာုတ်တော့ လူတွေက တယောက်နဲ့တယောက် မသိရင်တောင်မှ မျက်မှန်းတမ်းမိနေကြတော့ ဘယ်သူဘယ်ဝါဆိုတာ သိကြတယ်လေ.။ဒါကြောင့်မို့ မြို့လေးမှာ တခုခုဖြစ်ရင် သိပ်သိလွယ်တာ။

စကားမစပ် ကြားဖြတ်ပြောလိုက်ဦးမယ်။ ၂၀၀၂ ခုနှစ်လောက်က မြို့မျက်နှာဖုံးတယောက်ရဲ့ သမီးလင်နောက်လိုက်ပြေးတာ ၂နာရီတောင် မကြာသေးဘူး၊ လူတချို့ကသိနေပြီ သတင်းကအပျံ့မြန်တာအဲဒီလောက်၊ ဒါကြောင့်မို့ ကျမ ဖေဖေနဲ့မေမေ က ကျမတို့မောင်နှမ ၃ ယောက်ကိုပြောတယ်။ တခုခုများ မပာုတ်တာလုပ်ပြီး သတင်းပျံ့လို့ကတော့ နင်တို့အိမ်တောင်မရောက်သေးဘူး။
သတင်းကအရင်ရောက်မှာလို့ပြောတာ.။အိမ်ရောက်ရင်တော့ ဗျင်းခံထိမှာပေါ့။ ဒါကြောင့် ကျမတို့တွေလိမ္မာအောင်၊ သူများပြောခံ မထိအောင် နေကြတာ. . ။ပာင်း .ပာင်း.ပာင်း။

ခိုးတဲ့သူခိုးကံဆိုးပုံများ ..။ မနက်၉နာရီလောက်ကျတော့ လူတယောက်က ကျမတို့ဆိုင်ကိုလာပြီး ဆေးရွက်ကြီးလိပ်အိပ်လိုက်ရောင်းဖို့ရှိတယ်၊ ဝယ်မလားဆိုပြီး မေးတော့ ဖေဖေက အင်း ဝယ်မယ် နမူနာ ယူလာပြ လို့ဆိုတော့ ဒီလူက အိတ်လိုက်မလာပြီး ဆိုင်မှာပြတယ်။
သူယူလာတဲ့ အိတ်ကိုကြည့် ကြည့်တော့ ကျမအဖိုးရဲ့နာမည် ကိုအတိုကောက်ရေးထားတာရယ်။ ကုန်ပစ္စည်းဝင်တဲ့ရက်ကို ရေးထားတာတွေ့တော့မှ ကဲ မင်းဘယ်ပြေးမလဲပေါ့.. ။ ခိုးသာခိုးတာ။ ဒီအိမ်ကို ဈေးထဲမှာ ဆိုင်၇ှိမှန်းမသိတော့ ဒုက္ခရောက်တာ။ အမှန်မှာ သူသာ အိတ်ကိုဖြေပြီး ဆိုင်အသေးလေးတွေကို ခွဲပြီးရောင်းရင်မိမှာ မပာုတ်ဘူး။ ကျမတို့လဲ သိလိုက်မှာမပာုတ်ဘူး။
အဲဒါနဲ့ဒီလူကို ဈေးရုံးကိုပို့လိုက်တာပေါ့.။

နောက်တခုက ၄ တန်းနှစ်လောက်မှာ ကျမနဲ့မောင်လေး ၂ ယောက်သား ခြံအနောက်ဘက်မှာ နေ့ခင်းဘက်လူကြီးတွေ အိပ်တဲ့အချိန်ကစားစဉ်မှာ ကျမတို့ထက် ၆ နှစ်၊ ရ နှစ်လောက်ကြီးမယ့် ကောင်လေးတယောက် ကျမတို့အိမ်ရဲ့ ရ ပေလောက်မြင့်တဲ့ ခြံအုတ်တံတိုင်းပေါ်မှာ ထိုင်နေတာတွေ့တော့
ကျမနဲ့မောင်လေးက ဘာလုပ်နေတာလဲ၊ ဘယ်သူလဲ ၊ ဘယ်ကလဲမေးတော့ ကောင်လေးက သူကဒီအနောက်ရပ်ကွက်မှာ နေတာ။ အိမ်နဲ့စိတ်ဆိုးလို့ ထွက်လာတာဆိုပဲ။ အဲဒါနဲ့ ကျမတို့မောင်နှမက သူ့ကို အင်တာဆက်ဗျူးနေကြတုန်းမှာ အဖိုးကရောက်လာပြီးမေးတော့မှ ပြန်တော့မယ်ဆိုပြီး အုတ်တံတိုင်းနဲ့ဆက်နေတဲ့ အနောက်ဘက်ကခြံထဲကို ခုန်ချသွားတာ။
နောက်မှ ပြန်သိရတာက အဲဒီကောင်လေးက ဆေးတွေဘာတွေဖို့ ငွေလိုရင် နဲနဲပါးပါး လိုက်ခိုးတတ်တာတဲ့လေ။အမှန်မှာ သူလာခိုးတာ လူတွေ့တော့ ခိုးလို့မှမရတော့ ရေလိုက် ငါးလိုက် လုပ်လိုက်ရတာပေါ့.။
“ အ ”ချက်က လွန်ရော..။ ကလေးအရွယ်ဘဲ ရှိသေးတော့ ဘယ်လိုလုပ်သိနိုင်မှာလဲနော်.။

ကျမ ၅ တန်းနှစ် အခုလက်၇ှိနေ နေတဲ့ အိမ်ကိုပြောင်းပြီးမှ ဖြစ်ပုံကတမျိုး…။

အိမ်ပြောင်းကာစမှာ အခိုးခံထိတာက ညဘက်အပြင်မှာ မရုတ်မိဘဲ ထားထားတဲ့ အဝတ်အစားတွေ၊ နောက် ဓတ်ဆီတိုင်ကီထဲက ဆီကို ပန့်ထုတ်ပြီးယူသွားတာတွေ ၊ ခြံထဲက ပန်းပင်တွေကို နေရာရွှေ့သွားတာတွေ ။
တော်တော်လဲ ပာုတ်တဲ့လူတွေ ၊

ကျမ ၁၀ တန်းနှစ်အစမှာ မေမေက ပန်းအိုးကြီးကြီးတွေဝယ်ပြီး ပန်းပင်တွေ စိုက်ပါလေရော.။ အဲဒီအတွက် ပန်းပင်ကို ရန်ကုန်ကဝယ်၊ ပန်းအိုးကို ပဲခူး ၁၀ မိုင်ကုန်း အထွက်နားက အိုးတွေရောင်းတဲ့ဆီက တကူးတက ဝယ်ရတယ်၊ ပန်းအိုးကို သယ်ဖို့ ကျမတို့ အိမ်က ကိုယ့်ကုန်ကားနဲ့ ရန်ကုန်က အပြန်မှာ သယ်ယူခဲ့ရတဲ့အထိကိုတော်တော် စာရင်း၇ှုပ်ခဲ့တဲ့ ပန်းပင်.။

အဲလိုနဲ့ လအနည်းငယ်ကြာပြီးတဲ့ တနေ့မှာ မနက်ပိုင်း ကျမမေမေဆီက ပွစိပွစိ အသံကြားရပါတော့တယ်။
လူအရပ် ၆ပေ ကျော်ကျော်လောက်ရှိတဲ့ အပင်တွေထဲက ၁ပင်ညတုန်းက ခိုးခံထိသွားတယ်လေ.။
တော်တော် ပာုတ်တဲ့ သူခိုး၊ အပြင်မှာ ဒီအတိုင်းထားထားတဲ့ ဆီတိုင်ကီ အလုံးလိုက်တော့ ခိုးမသွားဘဲနဲ့ ၆ ပေအမြင့်ရှိတဲ့ ပန်းပင်ကို ကျမတို့အိမ်ရဲ့ ၆ပေလောက်အမြင့်ရှိတဲ့ အုတ်တံတိုင်းကနေ ဘယ်လိုကျော်ပြီး ခိုးသွားလဲ စဉ်းစားလို့ကို မရဘူး.။

နောက်တခုက ခေါင်းရင်းအိမ်မှာ နေတဲ့ ကျမသူငယ်ချင်းဖြူဖြူက စတဲ့ဇာတ်လမ်း။

တည ၈ နာရီလောက်ကြီးမှာ ခေါင်းရင်းအိမ်က ဖုန်းလှမ်းဆက်လာတယ်။ ဘာလဲဆိုတော့ ဖြူဖြူက သူအပေါ်ထက်မှာစာကျက်နေရင်းက မျက်နှာကျက်မှာ လူတယောက်ဝင်ခိုနေတဲ့ အသံကြားလို့ လှမ်းပြီးဆက်တာတဲ့။ ဖြူဖြူ့အဖေက တာယာစက်ရုံက စက်ရုံမှူးဆိုတော့ ညဘက်အိမ်ပြန်မရောက်သေးတော့ သူတို့အိမ်မှာ ယောကျာ်းသားမရှိတော့ ကျမဖေဖေအိမ်မှာ ရှိမယ်ထင်လို့ လှမ်းပြီးဆက်လိုက်တာ။ သူ့မောင်လေး ဖိုးသားရှိပေမဲ့ ဖိုးသားကလဲ ရှိလှမှ ၁၁ နှစ် ၁၂ နှစ်လောက်. ကျမမောင်လေးကလဲ ဖိုးးသားထက် ၁ နှစ်ပဲ ကြီးလို့ အားကိုးလို့ မရသေးတဲ့ အရွယ်။
အဲဒီအချိန်တုန်းက ဖြူဖြူတို့အိမ်က တပိုင်းတစ ဆောက်လက်စအချိန်ဆိုတော့ ဝင်ခိုပြီးနေဖို့က ဖြစ်နိုင်တဲ့ အနေအထား။
သူလဲ ဖုန်းဆက်ပြီးရော ကျမတို့အိမ်က လူတွေလဲစုပြီး သူခိုးဖမ်းဖို့ထွက်သွားလေရဲ့.။
ကျမတို့ခြံနဲ့ ဖြူဖြူတို့ ခြံကြားအုတ်တံတိုင်းမှာ အလွယ်တကူဝင်နိုင်တဲ့ မလွယ်ပေါက် တခု၇ှိတယ်.။ အဲဒါ ပိာုအရင်အိမ်ရှင်တွေတုန်းက လုပ်ထားတဲ့ပာာ.။
နောက်ပြီး ကျမတို့ခြံတွေက အနောက်ဘက်ကို တော်တော်လေး၇ှည်ပြီး ညကျက်ရင်မှောင်နေတော့ လူခိုဖို့က သိပ်လွယ်တာ.။ကျမတို့ သူခိုးရှာနေစဉ်မှာပဲ ဖြူဖြူ့အဖေ စက်ရုံက ပြန်ရောက်လာတာနဲ့ဆုံတော့ သူပါ သူခိုးရှာတဲ့အထဲ ဝင်ပါပြီး ရှာနေရင်းနဲ့ ကျမတို့ ခြံထဲက လူရိပ်တရိပ် ဖြူဖြူတို့ ခြံထဲကို မလွယ်ပေါက်ကနေထွက်နေတာကို ဖြူ့ အဖေက အိမ်နောက်ဖက် ဝရံတာကနေလှမ်းတွေ့တော့ ဂေါက်ရိုက်တဲ့ ဂေါက်တံနဲ့ လှမ်းပစ်တော့ သူခိုးရဲ့ ခြေထောက် နို့သူကြီးကို ထိပါလေရော.။ ဒီလောက်အရှိန်ရှိန်ပြင်းပြင်းနဲ့ ထိတာ သူခိုးကဖြုံတောင်မဖြုံဘူး.။ သူလဲ လွတ်အောင်ပြေးရတာဆိုတော့ ဂေါက်တံနဲ့လဲ ထိပြီးရော တ၇ှိန်ထိုးကို ပြေးထွက်တော့တာ။
သူခိုးက ဖြူဖြူတို့အိမ်မှာ ဝင်ခိုနေရာကနေ နောက်တော့ ကျမတို့ ခြံထဲဝင်လာတာနဲ့ တူပါတယ်.။နောက်သူခိုးဖမ်းတဲ့ အုပ်စုက ခေါင်းရင်းအိမ်ကနေ ခြေရင်းခြံဖြစ်တဲ့ ကျမတို့ ခြံကို ပြန်ဝင်လာတော့မှ သူ့မှာ အရင်ဝင်ခဲ့တဲ့ ခြံကနေ လွတ်အောင် ပြေးရတော့တာ.။ သူသာ မိခဲ့ရင် ကျမတို့ သူခိုးဖမ်းတဲ့ အုပ်စုနဲ့ဆိုရင် လွယ်မှာ မပာုတ်..။
သူခိုးဖမ်းရတာလဲ တော်တော်လေးကို ပျော်စရာကောင်းခဲ့တာ။လူကြီးတွေက ခြံ၂ ခြံကိုပတ်ပြီး ဒုတ်တွေ၊ဓါတ်မီးတွေနဲ့ ပတ်ပြီး၇ှာရင် ကျမတို့ကလေးတွေက မီးရထားလိုတန်းစီးပြီး အိမ်ထဲမှာပဲ အိမ်ရှေ့ နဲ့ အိမ်နောက်ဖေးကို ကူးချည်သန်းချည်လုပ်ပြီး လူကြီးတွေသွားရာနောက်ကို ပြတင်းပေါက်ကနေ လှမ်းလှမ်းပြီး ကြည့်ရတာအမော.။

ကဲ ကဲ ဒီလိုနဲ့ အိမ်က သူခိုးရန်ကာကွယ်ဖို့ ခြံစောင့်ဌားမယ်ပေါ့ ဆိုပြီး လူဌားတယ်.။ အဲလိုနဲ့ လူတယောက်ကျမတို့ ခြံမှာ ညကျရင် လာပြီး မနက်ကျရင်ပြန်ဆိုပြီးလာလုပ်တယ်.။ အဲဒီ ဦးလေးကြီး ၂ ရက်ပဲခံတယ်.။ ပထမတရက် ကျမဖေဖေ မနက် ၆ နာရီလောက်နိုးပြီး ခြံထဲ လှမ်းကြည့်တော့ ခြံစောင့်အိပ်နေတာသိုးလို့..။ နောက်တရက် ကျတော့ ဦးလေးကြီးက အလုပ်ကို မလာတော့ အသိတယောက်ကို သွားမေးခိုင်းတော့ ခြံကကြီးတော့ ညဘက် သူကြောက်တတ်လို့ မလုပ်တော့ဘူးတဲ့.။ ပိုက်ဆံပိုပေးလည်း မလုပ်တော့ဘူးတဲ့….။ အဲလို အဲလို …

ဘာရယ်မပာုတ် ကျမငယ်ငယ် မိသားစုနဲ့ နေစဉ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အမှတ်တရလေးတွေပေါ့..။ တယောက်ထဲ မိသာစုနဲ့ဝေးပြီးနေရတော့ အရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြီး အမှတ်ရမိတော့ စိတ်ပြေလက်ပျောက် ချရေးမိတယ်…။

ကြုံကြိုက်လို့ ကျမရဲ့ဘလော့ခ် ဖတ်မိလို့ ဘာကြီးမှန်းရေးထားလဲမသိဘူးဆိုရင်တော့ မျက်လုံးအညောင်းခံဖတ်မိတဲ့ သူများကို ဆောရီး ပါရှင်.။။ တမင် သက်သက်နှိပ်စက်ခြင်းမပာုတ်ရပါ….။ပီားပီား…ပီား…….။

Thursday, September 24, 2009

ယူအက်စ်ကကျောင်းသားဘဝ



U.S မှာကျောင်းတက်မယ်ဆိုရင်..

ကျမကိုယ်နှိုက်က ဒီမှာကျောင်းလာတက်ခဲ့တဲ့လူတယောက်မို့လို့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံကို မြန်မာတွေထဲက ကျောင်းလာတက်ချင်သူများရှိရင် သိရအောင်လို့ ကိုယ်ချင်းစာစိတ်နဲ့ အပိုင်းပိုင်းလေးတွေခွဲပြီးရေးတင်လိုက်ရတာပါ.။

ဒီပို့စ်မှာကျမနဲ့ကျမရဲ့အနားမှာရှိတဲ့ကျောင်းသားလေးတွေရဲ့ဖြစ်စဉ်လေးတွေကို ဒီမှာကျောင်းလာတတ်ချင်ရင် ကြိုသိစေချင်လို့ရေးတာဖြစ်တဲ့အတွက် ဥပမာပေးရာဠ် တိုက်ဆိုင်ခဲ့သည်၇ှိသော် မည်သူ့ကိုမှ ထိခိုက်စေလို၍မပာုတ်ပါ.။

ယူက်စ်မှာ Undergraduate (Bachelor) အတွက်ကျောင်းလာတက်မယ်ဆိုရင်ပျမ်းမျှအားဖြင့် ၄ နှစ်တက်ရပါမယ်.။ ကောလိပ်နှင့်ယူနီဗာစတီကလဲကွာပါတယ်.။ ပုံမှန်အားဖြင့်ဆိုရင် ကောလိပ်က၂နှစ် ပြီးရင် Associate Degree ရပြီး၊ ယူနီဗာစတီက ၄နှစ်ကြာပါတယ်.။ သေသေချာချာသိရအောင်လို့ ကဏ္ဍခွဲပြီးရေးပါ့မယ်.။

ကျောင်းလျှောက်ပုံ ။

မြန်မာနိုင်ငံကနေတိုက်ရိုက်လာမယ်ဆိုရင် အနည်းဆုံး TOEFL အမှတ်လိုပါတယ်.။ကိုယ်သွားမဲ့ ကျောင်းပေါ်မှာမူတည်ပြီး အမှတ်အနည်းအများကွာပါတယ်.။ Scholarship လိုချင်ရင်တော့ SATအမှတ်အရမ်းကောင်းဖို့လိုပါတယ်.။ ဒါလဲကျောင်းပေါ်မှာမူတည်ပြန်ပါတယ်။ စကော်လာရှစ်ရလို့လာမယ်ဆိုရင်တော့ ဒီရောက်ပြီးရင် ကိုယ့်ရဲ့GPA (Great Point Average) ကိုတခြားလူတွေထက် ပိုပြီးထိန်းဖို့လိုပါတယ်.။ International student (IS လို့ပဲနောက်ကျရင်၇ိုက်တော့မယ်နော်.) တွေရဲ့ GPA ထိန်းရတာသူတို့အမေရိကန်နိုင်ငံသားတွေနဲ့မတူပါဘူး.။

ဥပမာဆိုရင် - အမေရိကန်နိုင်ငံသားတွေက GPA 3.00 ထိန်းရရင် IS တွေက 3.5အနည်းဆုံးထိန်းရပါတယ်.။ ကျောင်းကလဲ State and Private ဆိုပြီး၇ှိတယ်ဆိုတာ သိကြမှာပါ.။ အစိုးရကျောင်းက ပြည်နယ်ကလူတွေပေးဆောင်တဲ့အခွန်ရယ်.၊ Federalကချပေးတဲ့ငွေရယ်.၊ ပုဂ္ဂလိကအလှူရှင်တွေရဲ့ငွေကရပ်တည်ရတာပါ.။ဒါကြောင့်မို့လို့သူတို့ဆီက စကော်လာရှစ်ရဖို့က သိပ်မလွယ်ပါဘူး။ Private ကတော့ ပြည်နယ်ကျောင်းထက်စာရင် စကော်လာရှစ်ရဖို့နဲနဲလွယ်ပါတယ်.။ဘယ်ကျောင်းပဲသွားသွား စကော်လာရပြီးလာရင် GPA ကျသွားတာနဲ့ ကိုယ့်အိပ်ကစိုက်ပြီးငွေပေးဖို့ပြင်ထားပေတော့။ IS status နဲ့ကျောင်းလာတက်ရင်ဒီမှာခေါ်တဲ့ Grant , Financial aid တွေကိုလျှောက်ခွင့်မရှိပါဘူး။ သူတို့နိုင်ငံသားတွေကိုပေးတာပါ.။ ကိုယ့်ဆွေမျိုးရှိလို့ အရမ်းကိုစိတ်ချရလို့ စပွန်ဆာပေးပြီးလျှောက်လို့ရပါတယ်.။ ဒါပေမဲ့ ဘယ်သူမှသိပ်ပြီးမလုပ်ပေးချင်လှပါဘူး။ ကျောင်းသားက ကျောင်းပြီးလို့အလုပ်မရလို့ ကိုယ့်နိုင်ငံကိုကိုယ်ပြန်သွားရင် စပွန်ဆာပေးထားတဲ့လူက ငွေစိုက်ပေးရမှာမို့ပါ။

ဒီမှာ မြန်မာနိုင်ငံကဘွဲ့ရပြီး ကျောင်းဆက်တက်ရင်းနဲ့အလုပ်၇ှာမယ်ဆိုပြီး တခြားနိုင်ငံမှာလိုမျိုး လုပ်လို့မရပါဘူး.။ကောင်းကောင်းမွန်မွန် ရုံးအလုပ်မျိုးမခန့်ပါဘူး။ အနည်းဆုံး ဒီက Bachelor ရှိရမှာပါ.။ Bachelor နဲ့အလုပ်မရလို့ Master Degree or another Bachelor Degree ဆက်ပြီး တက်ရတဲ့ကျောင်းသားတွေမနည်းလှပါဘူး။
ကျမရဲ့ကိုယ်တွေ့ ကျောင်းသားဘဝ..။

အခုအချိန်မှာ ကျမဘွဲ့မရသေးဘူးဆိုရင် ဒီ ပို့စ်လေးကိုရေ့းဖြစ်သေးဦးမှာမပာုတ်ပါဘူး.။ ဘွဲ့ရဖို့အတွက်ပင်ပင်ပန်းပန်း စောင့်စားခဲ့ရတာ ဗျိုင်းလည်ပင်းလို၇ှည်လွန်းလို့ပါ.။

၁၀တန်း ကို ၂၀၀၀ခုနှစ်မှာပြီးတော့ ၂၀၀၁ခုနှစ်မှာ ထိုင်းနိုင်ငံ Hua-Hin က Webster University မှာကျောင်းသွားတက်ခဲ့ပါတယ်.။ (နောက်ကျရင် ထိုင်းကကျောင်းသားဘဝကိုရေးပါဦးမယ်)
၂၀၀၁ ခုနှစ် ၈ လပိုင်းမှာကျောင်းစတက်ပြီး မေလလယ်လောက်မှာ နွေရာသီကျောင်းပိတ်ရက်မို့ မြန်မာနိုင်ငံကိုပြန်သွားပြီးနောက် ၈လပိုင်းလောက်မှာ ထိုင်းကိုပြန်လာဖို့အစီအစဉ်ရှိပြီးသားပါ.။ ဒါပေမဲ့ အဲဒီတုန်းက ထိုင်းနဲ့မြန်မာအကြားမှာ မတည့်တာလေးတွေရှိတဲ့အတွက် ထိုင်းက မြန်မာဆိုရင် Transit ပဲထိုင်းလေဆိပ်ကို ဆင်းခွင့်ရှိပြီး နိုင်ငံထဲဝင်ခွင့်မရှိဘူးလို့ဆိုတဲ့အတွက်ကျမမှာ ကျောင်းတန်းလန်းကြီးနဲ့ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပါတယ်။ ယူအ်စ်ကို မေလတုန်းကရောက်သွားတဲ့ ချစ်သူက ဒါဆိုရင် ယူအက်စ်ကိုပဲလာလိုက်တော့ ဆိုပြီး သူသွားတဲ့ကျောင်းကိုပဲ လျှောက်ပေးပြီး ဗီဇာဝင်ခိုင်းတာနဲ့ ၁လ ကျော်ကျော်လောက်ပဲ ပြင်ဆင်ချိန်ရပြီး ဗီဇာရလို့ရောက်လာရတာပါ။ ဒီလာဖို့ကို ဘယ်တုန်းကမှ စိတ်ကူးထဲမှာမရှိခဲ့ပါဘူး။ နိုင်ငံခြားမှာကျောင်းနေချင်စိတ်တော့ စိတ်ကူးတော့ရှိခဲ့ပါတယ်.။ မိဘတွေက ကုန်သည်တွေဆိုတော့ နီးနီးနားနားနိုင်ငံမှာ ကျောင်းတက်ပြီး မြန်မာနိုင်ငံပြန်လာပြီးစီးပွားရေးပြန်လာလုပ်ဖို့ပဲ စိတ်ကူးထားခဲ့တာပါ။ ဒါပေမဲ့ တခါတလေကျတော့ လောကကြီးရဲ့မထင်မှတ်တာတွေရဲ့ ရိုက်ချက်တွေကြောင့် ခုချိန်ထိ မချစ်သော်လည်း အောင့်ကာနမ်းပြီး နေ နေရတော့တာပဲ။

ဒီမှာ ဗီဇာဝင်ပုံကိုပြောချင်ပါတယ်.။ ဒါကျမရဲ့အမှန်အတိုင်းလုပ်ခဲ့တာလေးတွေပါ.

ကျမ ယူအက်စ်ကိုစလာစဉ်တုန်းက ဒီမှာဆွေမျိုးတယောက်မှမ၇ှိပါဘူး။ အသိလဲမ၇ှိပါဘူ။ အဲလိုဆိုတော့ ယူအက်စ်က စပွန်ဆာပေးတဲ့လူတယောက်မှမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံက မိဘတွေရဲ့စပွန်ဆာစာရွက်စာတမ်းတွေနဲ့လျှောက်ခဲ့တာပါ။ ကျမ သထုံမြို့ကလာတာပါ။ ၁၀ တန်းလဲနယ်ကအောင်တာပါ။ ကျမတိုရဲ့နယ်မှာရှိတဲ့ မိဘရဲ့စီးပွားရေးပိုင်ဆိုင်မှု၊ ရှိတဲ့အိုးအိမ်တွေအကုန်လုံးကို Notary Public လုပ်ပြီးတင်ပါတယ်။Bank မှာတော့ ငွေသားရာဂဏန်းထည့်ရပါတယ်။ ပြီးရင် သူတို့မေးလာခဲ့သည်ရှိသော် ငွေဘယ်လိုလွှဲမလဲဆိုတဲ့ မေးခွန်းအတွက် ကျမဦးလေး သဘောင်္သားက စင်ကာပူမှာ Bank account ရှိတဲ့အတွက်ကြောင့် သူ့ဆီကတဆင့် လွှဲမယ်လို့ဖြေဖို့အတွက် အဒေါ့်အမျိုးသား ဦးလေးရဲ့ ဘဏ်စာအုပ်ကိုCopy လုပ်ပြီးယူထားပါတယ်.။အဓိကက အမှန်ဖြစ်ဖို့နဲ့ မေးတာတွေကို ချက်ကျကျဖြေနိုင်ဖို့ အရေးကြီးပါတယ်။ထစ်အထစ်အဖြေရင်တော့ သံသယ ၇ှိနိုင်တယ်လို့ထင်ပါတယ်။
ကျမကတော့ မရလဲကိစ္စမ၇ှိဘူး၊ ထိုင်းကိုပြန်သွားလို့ရတဲ့အခါကျရင် ကျောင်းပြန်တက်ရုံပေါ့။ အိမ်နဲ့ဒီလောက်ဝေးဝေးသွားဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ လူတချို့ကတော့ ကျမကို ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ နေရတဲ့ဘဝကနေ သိပ်ပြီးဒုက္ခခံချင်တယ်လို့ပြောပါတယ်။ အဲဒါကြောင့်မို့လို့ ကျမနောက်ပိုင်းအခက်အခဲနဲ့ကြုံရင် ကိုယ့်စိတ်ကိုကိုယ်ပြန်တင်းပြီး ကျမလိုချင်တဲ့ ပန်းတိုင်ဆီကို မရောက်ရောက်အောင်သွားမယ်လို့ အမြဲအားတင်းထားခဲ့တယ်။ ဘယ်သူဘာပြောပြော ကိုယ်လိုချင်တဲ့ အရာမှန်သမျှကို ကိုယ်ကိုယ်တိုင်လုပ်မှသာလျှင် ရယူနိုင်မှာ။

ကျမ ဗီဇာဝင်တုန်းကတော့ ဘာမှကိုစေ့စေ့စပ်စပ်ကို အမေးခံမထိလိုက်ပါဘူး။
ဒီရောက်တော့ ကျောင်းစလျှောက်ခဲ့တဲ့ ယူနီဗာစတီမှာ 1 semester တက်လိုက်ပြီး ဒီ ယူနီဗာစတီနဲ့ ဆက်ထားတဲ့ ကောလိပ်ကို ကျောင်းပြောင်းလိုက်ပြီး associate degree ရတဲ့အထိ ၂ နှစ်ခွဲလောက်တက်လိုက်ပါတယ်။ ကောလိပ်က ယူနီဗာစတီထက် ကျောင်းဈေးနှုန်းက သက်သာတော့ပြောင်းတက်လိုက်တာပါ။ ယူအက်စ် ရောက်ရောက်ချင်းတော့ ကျောင်းပြောင်းတက်လို့မရပါဘူး။ အရင်ဆုံးလျှောက်လိုက်တဲ့ကျောင်း၊ ဗီဇာတုံးထုပေးလိုက်တဲ့ ကျောင်းမှာ အနည်းဆုံး semester ၁ ခု တက်ပြီးမှ ကျောင်းပြောင်းခွင့်ရှိပါတယ်။
ကျမ Associate degree ရပြီးတော့ အရင်စလျှောက်ခဲ့တဲ့ ယူနီဗာစတီကို ပဲ ပြန်ပြောင်းတက်ခဲ့ပါတယ်။
အရင် ကောလိပ်မှာ တက်ခဲ့ရတဲ့ ၂ နှစ်မှာက ကျောင်းသားတွေ မယူမနေရ General Subject တွေ သင်ခဲ့ရပါတယ်။ ကိုယ့်ရဲ့ မေဂျာ အနေနဲ့ ယူမဲ့ ဘာသာရပ်တွေကို မသင်ရသေးပါဘူး။ ဒါကြောင့်မို့လို့လဲ ကောလိပ်က ကျောင်းပြီးတာနဲ့ Professional အလုပ်ရဖို့ အခွင့်အလမ်းမရှိတာပါ။ (ဒါ ကျမပတ်ဝန်းကျင်မှာပေါ့ ..တခြားနေရာမှာတော့ မသိပါ…..)

ကျမ ယူနီဗာစတီကို ပြောင်းပြီး ဂျူနီယာ အတန်းရောက်မှ ကျမယူမဲ့ မေဂျာ အတန်းတွေကို စပြီး ယူခဲ့ရပါတယ်။
အဲဒီအခါကျတော့မှ အရင်ကောလိပ်မှာတုန်းက စာသင်ရတာလွယ်ပါတယ်ဆိုနေတာတွေအားလုံး ကြက်ပျောက်ဌက်ပျောက် ပျောက်သွားခဲ့ပါတယ်။

ကျမတို့ကျောင်းမှာ ရှိတဲ့ မေဂျာ အလိုက်ခွဲပြီး သူ့ရဲ့ ကောလိပ်ကျောင်းနဲ့ နာမည်တွေခွဲထားပါတယ်..။
ကျမရဲ့မေဂျာ က accounting ဆိုတော့ Barton School of Business လို့ခေါ်တဲ့ ကောလိပ်ရဲ့အောက်မှာ၇ှိပါတယ်။

ပထမဦးဆုံး ယူခဲ့ရတဲ့ Acct 310 & 320 က ဂျုနီယာအတန်းရောက်မှာ စယူရပြီး ကျောင်းစတက်တက်ချင်း အခန်းထဲမှာ လူအယောက် ၇၀ လောက်တောင်၇ှိနေခဲ့ပါတယ်.။အဲဒီအတန်းတက်ရဖို့ကို တော်တော်လေးလုပ်ရပြီးမှ ဝင်ခွင့်ရခဲ့တာပါ။ ဆရာက စီပီအေ၊ ဒေါက်တာဘွဲ့၊ အရင်က Fortune 500 company မှာ CEO လုပ်ခဲ့ပြီးသားဆိုတော့ ကျေင်းသားတော်တော်များများက ဖြုံကြတယ်။ အိမ်စာကလဲပေးတာ တော်တော်များ၊ စကားပြောတာကလဲ သိပ်ပြီးမချိုသာ..။ အိမ်စာဆိုလဲ အပုဒ် ၃၀ ကျောင်လောက်ပေးပြီးမှ ၂ ပုဒ်လောက်ကိုပဲ အမှတ်ပေးဖို့ယူတယ်။ အိမ်စာကို ရွေးပြီးလုပ်လို့ကတော့ မစားသာပါ…။ အိမ်စာကိုအမှတ်ပေးတော့ စာမေးပွဲမှာ အမှတ်နည်းခဲ့ရင် ခံနိုင်ရည်ရှိရအောင် အကုန်လိုက်လုပ်ရတော့တာပဲ။ နောက်ပြီး Extra credit activity တွေပေးရင်လဲ အကုန်လိုက်လုပ်ပဲ။ ဘာကြောင့်လဲဆိုတော့ စာမေးပွဲ အမှတ်တွေက တော်တော်လေးကို ရုတ်ပျက်ဆင်းပျက် နိုင်လွန်းလို့ပါ…။

Semester 1 ခုမှာ စာမေးပွဲက ၄ ခုလောက်အနည်းဆုံးရှိပြီး အိမ်စာက အတန်းတိုင်းမှာပေး နောက်ထပ် ပေပါ ရေးရမှာက ၂ ခုကနေ ၄ ခုလောက်ရှိတာလေ။ ကျမတို့ လူ ၇၀ ၇ှိတဲ့ အတန်း စစတက်တက်ချင်းနေ့မှာ ဆရာပြောတဲ့စကားက “ မင်းတို့ တကယ် အကောင့်တီး တက်မဲ့လူတွေပဲ ဒီအတန်းကိုယူပါ..။ ဒါမှမပာုတ် အကောင့်တီးဆိုတော ဘာလဲဆိုတာသိချင်လို့ စမ်းချင်တဲ့လူများ အခုချက်ချင်း ဒီအတန်းပြီးတာနဲ့ Registration office ကို သွားပြီး မေဂျာကို တခြားဘာသာရပ်ကို ပြောင်းလိုက်ပါ” ဆိုတာနဲ့ နှုတ်ဆက်လိုက်တာပါ….။

အဲလိုပြောတော့ ကျောင်းသားတွေက အသံတိုးတိုးနဲ့ ဒီဆရာက ဘာလဲပေါ့ ဆိုတောတွေပြော…။နောက် ပထမဦးဆုံး ဖြေရတဲ့ စာမေးပွဲ အပြီး အမှတ်တွေလဲ သိပြီးနောက်တနေ့မှာ ကျောင်းလာတက်တဲ့ ကျောင်းသားက ၃၅ ယောက်လောက်ပဲ ကျမတို့အခန်းထဲမှာ ရှိပါတော့တယ်..။ ကျမလဲ အဲဒီအချိန်က စပြီး ကျောင်းစာကို ကြိုးကြိုးစားစား လုပ်လာခဲ့ပါတယ်..။ ကိုယ့်ရတဲ့ အမှတ်ကို ကြည့်ပြီး စိတ်ဆင်းရဲလို့ငိုခဲ့ရတာတွေလဲမနည်းပါဘူး။
ဒါပေမယ့် ကျမ တယောက်ထဲကွက်ပြီး အမှတ်နည်းတာမပာုတ်ပဲ အတန်းမှာ လူ ၃၀ ရှိရင် ၃၀ လုံးနဲတာမို့ ဆရာက အမှတ်တွေပြန်ပြီး ညှိရပါတယ်..။ အဲလိုဆိုတော့လဲ ကျောင်းဆိုတာ မဆိုးသား…….ပာ ပာားပာား..။
အမှတ်ပေးပုံက ဆရာပေါ်လိုက်ပြီးကွာပါတယ်..။ ကျမတို့ဆီက ပုံမှန်အားဖြင့် အမှတ်ပေးပုံက ဒီလို….

Grade
100-90 A
89- 80 B
79-70 C
69-60 D
59-50 E
49- under F

တချို့အတန်းတွေမှာ ( Accounting အတန်းတိုင်းလိုလိုမှာ) အမှတ်၇၀ ဝန်းကျင်က ရမှတ်အများဆုံးဖြစ်နေတယ်ဆိုရင် ပုံမှန် အမှတ်ပေးနည်းအရဆိုရင် ..စီ ပေါ့..။ ကျန်တဲ့လူတွေက အကုန်ကျပေါ့..။ ပာား ပာား ပာား….။ အဲလိုဆိုတော့ ဆရာက အမှတ် ၁၀ လောက် အလကားသက်သက် ထပ်တိုးပြီး အမှတ်တက်အောက်လုပ်ရင်လုပ် ။ ဒါမှမပာုတ် Assignment တခုခုလုပ်ခိုင်းပြီး ရတဲ့အမှတ်တွေကို အမှတ်နည်းတဲ့ exam မှာ ပေါင်းထည့်တာပေါ့.။ အဲဒါကြောင့်မို့လို့ လူတိုင်းလိုလို က Extra credit တွေအတွက်ဆိုရင် အသေအလဲ လုပ်ကြတာ….။ အေ ရနေတဲ့ လူအတွက် အေမှာ နေရဖို့ ကျိန်းသေအောင်လုပ်.။ ဘီ ရနေတဲ့လူက အေ ရအောင်လုပ်..။ စီ ရသောလူက ဘီ ရဖို့မှန်းပီးလုပ်..။

အတန်းကြီးလေလေ စာက ခက်လေလေ ဒီကြာထဲ စာမေးပွဲတွေကလဲခက်….၊ စာတော်တော်များများပာာ ဆရာသင်တာ ကိုနားထားတာထက်ကို ကိုယ့်ဘာသာကို လေ့လာယူရတာပါ.။ မသိရင် မရှင်းရင်တော့မေးပေါ့။
တချို့ဆရာများက ကြိုစားပြီးသင်ရင်တော့ ကျမတို့တွေက Evaluation ကျရင် သူ့အတွက်ကောင်းကောင်းလေး ရေးပေးပြီး ၊ကျမတို့ကို ဂရုမစိုက်ရင် extra credit များများမပေးရင်တော့ မကောင်းကြောင်း ပယ်ပယ်နယ်နယ် ရေးတယ်..။ ဒီ Evaluation ပေါ်မှာ ကြည့်ပြီး ဆရာတွေကို ဆက်ပြီး ဌားမဌား၊ လခ တိုးမတိုးကို ဘုတ်အဖွဲ့ က ဆုံးဖြတ်တာလေ…။


ကျမတို့တော်တော်များများက ကျောင်းအပြင် အလုပ်တွေလဲ နာ၇ီတော်တော်များများနဲ့ လုပ်ကြတော့ စာကိုတော်တော်လေး ကြိုစားရပါတယ်.။ ကျမ ဆိုရင် အရင် က အချိန်ပိုင်းအလုပ်ကို နာရီ ၂၅ နာရီလုပ်ပေမဲ့
ဂျူနီယာ ရီးယားကစပြီး အလုပ်ချိန်တွေ လျောု့ပြီး ၁၅ နာရီ လောက်ပဲ လုပ်နိုင်တော့တယ်..။ စီနီယာ ရီးယားရောက်တော့ ကိုယ်နဲ့ဆိုင်တဲ့ အလုပ်ကို အသဲအသန် ၇ှာရတော့တာပဲ..။ ကျမတို့က အင်တာနေ၇ှင်နယ် ကျောင်းသားတွေဆိုတော့ အလုပ်တော်တော်များများက မခန့်ချင်ကြတော့ တခြားလူတွေနဲ့ ယှဉ်ရင်တော်တော် လေးခက်ပါတယ်..။

ကျမကျောင်းပြီးမဲ့ နောက်ဆုံး Semester မှာပဲ အကောင့်တီး နဲ့ အချိန်ပြည့် အလုပ်ရတော့ ကျမက ကျောင်းမှာ အချိန်ပြည့် ကျောင်းတက်နေတုန်းရှိပေမဲ့ အရမ်းပင်ပန်းမှာကို သိရဲ့နဲ့ လုပ်ခဲ့ရတယ်…။ ဂျီးများလို့မှ မရတာကိုး…။ ကျောင်းတွေပြီးတော့ အလုပ်မရလို့ ကိုယ့်နိုင်ငံကို ပြန်သွားရတဲ့ လူတွေကများတော့ အဲဒီနောက်ဆုံးအတန်းတုံးက ဗျာများခဲ့ရတာ မဆိုးပါဘူးလို့ပဲ ဆိုရမှာပေါ့….။

ကျောင်းပြီးတဲ့နောက် အခုဆို ၈လ လောက်ရှိပြီပေါ့ ကျမ အရမ်းကို အပျင်းတစ်ပြီး GMAT ဖြေဖို့အတွက် စာကြည့်ဖိုအတွက် ပိာုလှည့်ဒီလှည့်လုပ်နေတာ ရပ်တန့်ကရပ်ဖို့အတွက် ကိုယ့်ကိုယ်ကို သတိပေးနေရတယ်….။
ပထမဦးဆုံး ကျမလုပ်ရမှာကတော့ ကိုရီးယားကားတွေ ကြည့်တာရပ်..၊ အင်တာနက်မှာ စာတွေလိုက်ဖတ်တာ ရပ်ရမှာပါ..။ ဂျီမတ် စာအုပ်ကို စဖတ်တော့ လွယ်မယောင်နဲ့ ခက်တော့ စိတ်ကိုစာထဲမှာ နှစ်ပြီးကြည့်ရဦးမယ်..။ ကျမ မာစတာကို အရင် ဘချလာ ရခဲ့တဲ့ ကျောင်းမှာပဲ ပြန်တက်မှာပါ..။ ဒါပေမဲ့ MBA & Accounting အတွက်ကို ဂျီမတ် အမှတ်တောင်းတာများတော့ ……...တက်ချင်အုံးပဲာ့ …မာစတာ ဒီဂရီ……..။



စာကြွင်း ၊ အခုလာမဲ့နှစ်မှာ ကျမက မာစတာဆက်တက်.။ ကျမ ချစ်သူက ပီချိတ်ဒီ ဆက်တက်ဖို့စဉ်းစားထားကြတာ…။ ရည်းစားသက်တမ်းလဲ ကျောင်းတွေတက်နေရတာမိုလို့ ရှည်ပြီးရင်းရှည် ..။
၂ ယောက်လုံး ကျောင်းအချိန်ပြည့်တက်. ၊ အလုပ်အချိန်ပြည့် အိမ်ထောင်သည်ဘဝ ကလေးတွေနဲ့များဆို ၂ ယောက်လုံး လူရုပ်မှ ပေါ်နိုင်ပါ့မလားမသိ…။ဒီလိုနဲ့ ကျမတို့ ၂ ယောက်ရဲ့ ဆယ်စုနှစ် ၁ ခု ကို အတူတူ ဖြတ်သန်းဖို့ အချိန်က နီးနီးလာ…။

Wednesday, August 19, 2009

လာပြန်ပြီ နောက်တယောက်...




ပြီးခဲ့တဲ့အခေါက်က မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ဆိုတဲ့ ပိုစ့်ဒ်လေးတင်ခဲ့တယ်.။ကျမတို့ဒီမြို့လေးမှာရှိတဲ့ မြန်မာတွေအတွက် သင်ခန်းစာ ရစရာလေးဖြစ်သွားပေမယ့် ပြီးခဲ့တဲ့အပတ်က ကျောင်းမဖွင့်ခင် အပတ်က စနေနေ့ညဘက်မှာ မုန့်စုစားဖြစ်တဲ့ ညဘက်မှာပဲ နောက်မြန်မာတယောက် DUI နဲ့ဖမ်းခံထိပြန်ပါတယ်.။ ကျမစိတ်ကထင်လို့ပြောတော့ ညနေထဲက ကြည့်လဲသောက်ကြအုံးလို့ပြောတော့ ကျမကို ဆရာလုပ်တယ်လို့ထင်ကြတယ်.။ ကျမကိုယ်နှိုက်ကိုယ်က သူများတွေအတွက် စိတ်ပူတတ်တာက မကောင်းတာပါ.။ အဲဒီမှာ သောက်ပြီးစကားပြောတာ ရစ်နေကထဲက ကျမကတော့ ကြည့်လို့ကို မရတော့တာ။ ကျမတို့ကျောင်းသားတွေချည်းပဲစုရင် ရစ်လည်းမရစ်ကြဘူး။ သူတို့သောက်တဲ့ လစ်မစ်ကိုလဲသိတော့ ဘယ်တော့မှအဲလိုမလုပ်ဘူး။ စည်းလေးရှိကြတယ်.။ ပြောရင်လဲ နှိမ်တယ်ဖြစ်တယ်.။ ဒါကတော့ လူတယောက်ရဲ့ ကိုယ့်ကိုယ်ကို စဉ်းစားဆင်ခြင်နိုင်တဲ့စိတ်က အရေးကြီးဆုံးပါ.။ အခုဖမ်းခံထိတဲ့ တယောက်က အသက် ၄၀ ကျော်လောက်၇ှိတဲ့ လူ။ ကျမပြောစဉ် က ကိုယ့်ကိုယ်ကို သိတယ် ၊ တတ်တယ်ဆိုပြီး လေလုံးတွေကြီးပြီး ကျမတို့ ကျောင်းသားတွေ အကုန်လုံးကို ဆရာကြီး ဂိုက်နဲ့ တရားပောာနေခဲ့တာလေ။
ကျမတို့တွေစောစောစီးစီး အိမ်ပြန်ခဲ့ပေမဲ့ သူကတော့ မနက် ၃ နာရီမှ အိမ်ပြန်တော့ လမ်းမှာ ဖမ်းခံထိတယ်လေ။ ကျမတော့ ချစ်သူကို ပြောထားတယ်။ တရားရုံးသွားရလို့ စကားပြန်လုပ်ပေးရမယ်ဆိုရင်တော့ ဆောရီးပဲ။ အလုပ်ဖြတ်ပြီးတော့ မလိုက်ပေးနိင်ဘူး။ ဒီကိစ္စက မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်လို့ရတာ။ အရင်တခါတုန်းက ကောင်လေးကို ဘယ်လိုဖြစ်သွားတာလဲ ဆိုတာကိုလဲသိတယ်။ ကျမသတိပေးစဉ်က ကိုယ့်ကိုယ်ကို ဆရာလုပ်ပြီး ဖြစ်သွားတဲ့သူကိုတော့ မကူညီနိုင်တာ မလွန်ဘူးလို့ထင်ပါတယ်။
တခါလေကျရင်လေ ပြောရင်နားလည်မလွယ်တဲ့လူများနဲ့တွေ့ရတာ ဘယ်ကဝဋ်ကြွေးလဲမသိပါဘူးနော်..။

Friday, July 31, 2009

မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့…




မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့…

အခုနေနေတဲ့ မြို့လေးမှာမြန်မာ ၂၀ယောက်လောက်၇ှိပါတယ်။ အဲဒီမှာ ဆူ၇ှီလိပ်တဲ့ အကိုကြီး၁ယောက်က သူမြန်မာနိုင်ငံကို ၁လခွဲလောက်ပြန်မှာမို့လို့ဆိုပြီး ကျမတို့ ၂ ယောက်ဆီမှာ သူ့ဆိုင်နဲ့ BMW ကားအကောင်းစားကြီးကိုအပ်သွားပါတယ်။ ဆူ၇ှီလိပ်ဖို့အတွက်ကတော့ US ကိုရောက်တာ ၄၊၅ လောက်သာ၇ှိသေးတဲ့ ကောင်လေးတယောက်ကိုဌားသွားပါတယ်။ ကျမတို့ဆီမှာဆိုင်ကိုအပ်သွားတယ်ဆိုတာက ဆူရှီလာလိပ်တဲ့ကောင်လေးက တခြားမြို့ကနေလာတဲ့အတွက်ကြောင့် လိုအပ်ရင်ကူညီပေးဖို့ပါ။ ကောင်လေးကိုဈေးဘယ်မှာဝယ်ဆိုတာရယ်၊လိုအပ်ရင်ပိုက်ဆံစိုက်ထားပေးဖို့ရယ်လောက်ပါပဲ။ကျမတို့စုံတွဲကကျောင်းပြီးိလို့ Full time အလုပ်နဲ့ဆိုတော့သူ့ဆိုင်ကိုနေ့တိုင်းသွားမကြည့်နိုင်ပါဘူး။ဆိုင်ကမြို့ရဲ့အနောက်ဘက်မှာ။ ကျမတို့နေတာက မြို့ရဲ့အရှေ့ဘက်မှာဆိုတော့ ဖုန်းဆက်ပြီးပဲ အခြေနေဘယ်လိုလဲလို့ကောင်လေးကိုလှမ်းမေးရပါတယ်။ရန်ကုန်ကိုပြန်သွားတဲ့အကိုကြီးကို “ ကိုအေ” လို့ခေါ်ရအောင်။ ကိုအေရဲ့ကားကအကောင်းစားဆိုတော့ ကျမတို့ဆီမှာ၇ှိတဲ့ကားအပောာင်းလေးကို ကောင်လေးကိုပေးမောင်းပြီး ကျမရဲ့ BF က ကိုအေရဲ့ကားအသစ်ကိုခဏယူမောင်းထားရတာပေါ့။ ကားကိုအဲလိုချိန်းပြီးမောင်းကြတော့ car insuranceတွေလဲပြောင်းရတာပေါ့။ဒီနိုင်ငံကိုကောင်လေးက ရောက်တာသိပ်လဲမကြာသေးတော့ ပြသနာတခုခုဖြစ်ရင်၇ှင်းရလွယ်အောင်ဆိုပြီး ကျမတို၂ယောက်ရဲ့Insurance ထဲမှာကောင်လေးကိုထည့်လိုက်ပါတယ်။ ကောင်လေးက၂၁ နှစ်လည်းမပြည့်သေးတော့ ဈေးကနဲနဲကြီးပေမဲ့လည်း မတက်နိုင်ပါဘူး။ထည့်ရတာပေါ့။ကောင်လေးကသဘောတော့ကောင်းပါတယ်။ ဒါပေမဲ့ လူငယ်ဆိုတော့လဲ သူ့အထာနဲ့သူပေါ့။ အဲလိုနဲ့ နောက် ၂ ပတ်လောက်ကြာတော့ကောင်လေးက သူ့မွေးနေ့ ၂၁ နှစ်ပြည့်အတွက် ဒီမြို့မှာရှိတဲ့မြန်မာကျောင်းသားတွေကို ထမင်းကျွေးချင်တယ်တဲ့။ ကျမတို့၂ ယောက်ကသူများဆီမှာအလုပ်လာလုပ်ပြီး ကိုယ်တွေကိုကျွေးမယ်ဆိုတော့ မပာုတ်တာ၊ မလုပ်ပါနဲ့ပြောပေမဲ့ မရပါဘူး။ဇွတ်ပဲလုပ်မယ်တဲ့။ အေး အဲလိုဆိုတော့လုပ်ချင်လုပ်ပေါ့နော်။ဆူရှီလုပ်တာကလဲ တနေကုန်လုပ်ရတာဆိုတော့ ကိုယ်တွေကြောင့်သူအိမ်ရောက်ရင် ပာင်းချက်တာနဲ့ဝန်မပိစေချင်ဘူးလေ။ ကျောင်းသားချည်းပဲက ၁၀ ယောက်လောက်၇ှိတာလေ။ကျန်တဲ့လူတွေက ဒီမြို့မှာဆူရှီလုပ်ကိုင်ကြတဲ့ မိသားစုတွေလေ။ အဲလိုနဲ့ပဲ ဖေဖေါ်ဝါရီလ ၁၄ ရက်စနေနေ့ည ကိုအေရဲ့အိမ်မှာ အသစ်ရောက်လာတဲ့ကောင်လေးမွေးနေ့အတွက် ညစာစုစားဖြစ်ခဲ့တယ်။ကောင်လေးကငယ်ပေမဲ့ ပာင်းချက်တာတော့မဆိုးပါဘူး။စားလို့အဆင်ပြေပါတယ်။စားလို့ပြီးတော့ ကျောင်းသားကောင်လေးတွေက ဒီည နိုက်ကလပ်သွားကြမယ်တဲ့။သွားမယ်ဆိုတာ ကျောင်းသားကောင်လေးနဲ့ကောင်မလေးတွေက ဒီအတိုင်းပဲသွားနေကြမို့လို့ သာမန်သွားရိုးသွားစဉ်မို့ဒီလိုလေးပဲပြောလိုက်တာပါ။အဲဒီမှာကောင်လေးအသစ်ကသူလဲသွားမယ်တဲ့။ ကျမနဲ့ကျမချစ်သူက “ မင်းသွားလို့အဆင်ပြေပါ့မလား။မနက်ကျရင်စောစောထပြီး ဆူရှီလိပ်ရမယ်လေ။ ပြီးတော့ ကိုအေကသူ့ဆိုင်အတွက်ကိုယ့်ကိုဌားသွားတာမို့ အလုပ်က အရေးကြီးတယ်။ နောက်ကိုအေရောက်လာမှ သွားချင်သေးရင်ကျောင်းသားတွေနဲ့အဖော်စပ်ပြီး သွားလို့ပြောပေမယ့်” ကောင်လေးက ကျနော်ရတယ်ဆိုပြီး အဝတ်အစားလဲပြီး လိုက်မယ်ဆိုတော့ ကျမတို့လဲဘာတတ်နိုင်မလဲ။ ကောင်လေးပုံစံက ခပ်မိုက်မိုက်လေး။ ပြီးတော့ အရက်ကလဲသောက်ထားသေးတော့ ကျမချစ်သူက မင်းကားတော့မမောင်းနဲ့။ကျန်တဲ့ကျောင်းသားတွေရဲ့ကားနဲ့ပဲမျှပြီးစီးသွားပေါ့။ဒီမြို့မှာနေတဲ့လူလဲမပာုတ်တော့ လမ်းလဲသိမှာမပာုတ်ဘူးလေ။အဲလိုပြောပြီး ကျမချစ်သူက ကလပ်မသွားတက်သူဆိုတော့ အိမ်ပြန်သွားတယ်။ အသစ်ရောက်လာတဲ့ကျောင်းသူ ၂ ယောက်က နှင်းပွင့် နင်ပါလိုက်ရမယ်။နင်မပါရင်မသွားတော့ဘူးတဲ့။ ကျောင်းသားကောင်လေးတွေကလဲ မောင်လေးအရွယ်တွေဆိုတော့ အမကလဲ အမမပါရင် ကျန်တဲ့လူပါမသွားတော့ရင် လူနဲသွားမယ်။ လူများများနဲ့ ကိုယ်တွေအုပ်စုချည်းပဲဆိုတော့ ကျမသူတို့နဲ့လိုက်သွားဖြစ်တယ်။ အသစ်ရောက်လာတဲ့ ကျောင်းသူအသစ်၁ ယောက်နဲ့ ကျောင်းသားအသစ်၁ယောက်ကမောင်နှမတွေ။ သူတို့က ဆူရှီလိပ်တဲ့ကောင်လေးကို အိမ်ပြန်ပို့ပေးမယ်လို့ပြောပေမယ့် သူတို့ကလဲအခုမှဒီမြို့ကို ရောက်တဲ့လူတွေဆိုတော့လမ်းမသိပြန်။ ကိုအေကသူ့ဆိုင်ကို ကျမနဲ့ချစ်သူဆီမှာအပ်သွားတော့ ဒီကောင်လေးတခုခုဖြစ်ရင် မကောင်းဘူးဆိုပြီး ချစ်သူကကျမကို လိုက်သွားလိုက်။ ပိာုရောက်ရင် သိပ်မသောက်နဲ့လိုလဲပြောဦး။အဲလိုနဲ့ပဲ Freshman, Sophomore year လောက်တုန်းကပဲ သွားဖြစ်ခဲ့တဲ့ နိုက်ကလပ်ကိုခြေဦးလှည့်ဖြစ်ခဲ့တယ်။ ဘာကြောင့်နောက်ပိုင်းမှာ မသွားတော့တာလဲဆိုတော့ နောက်ပိုင်းစာသင်နှစ်တွေမှာ စာတွေကခက်လဲခက်လာတယ်။အသက်ကလဲကြီးလာဆိုတော့ ကိုယ့်အတွက် အကျိုးမရှိတဲ့ပာာတွေဆို လက်ေ၇ှာင်သွားတာပါပဲ။ ကျမ Alochol မသောက်တာတောင်မှ အိမ်ပြန်ရောက်ပြီးနောက်နေ့အိပ်ရာကထရင် ကိုယ်လက်တွေနာ၊စောစောအိပ်ရာကမထရင် လူကငြီးစီးစီးနဲ့။ငယ်ငယ်တုန်းကတော့ကျောင်းပဲတက်ပြီး အလုပ်အကိုင်မရှိဆိုတော့ ညဘက်ထွက်ရတာ ကိစ္စမရှိပေမဲ့ အတန်းကကြီးလာ၊အလုပ်ကလဲတဘက်လဲဆိုတော့ အချိန်က၇ှားလာတယ်။ ပင်ပန်းတာဆိုရင် သိပ်ပြီးမလုပ်ချင်တော့ဘူး။ အားရင်ကိုယ့်အတွက်အကျိုးရှိတာပဲ လုပ်ချင်တော့တယ်။ဘာမှမလုပ်ချင်ရင်တော့ အေးအေးဆေးဆေးပဲ အနားယူတယ်။ (နောက်များမှအချိန်ရောက်ရင် ကျောင်းသူဘဝဆိုးခဲ့တာလေးတွေရေးပါအုံးမယ်။)

ဆက်ပြီးရေးရမယ်ဆိုရင် ……..ည၁၂နာရီထိုးတော့ ကျမကသတိပေးတယ် ပြန်သင့်နေပြီလို့။ ကောင်လေးအသစ်က အမကလဲအခုမှရောက်တာပြီးတဲ့အထိနေမယ်တဲ့။ ပြောလို့လဲမရတော့ လွှတ်ထားပေးလိုက်တယ်။ကျန်တဲ့ကျောင်းသားတွေကသောက်ပေမဲ့ ဆိုးဆိုးဝါးဝါးမရှိဘူး။ သူတို့အနေအထားသူတို့သိတယ်။ သွားတာယောက်ျားလေးက ၄ယောက်၊မိန်းကလေးက ၄ယောက်မှာ စုံတွဲ၁ တတွဲနဲ့ မောင်နှမ၂ယောက်ပေါ့။ပြန်ကြတော့မောင်နှမ ၂ယောက်ရဲ့ကားနဲ့လိုက်ပြန်ကြပါတယ်။မောင်နှမ၂ယောက်နဲ့ကျောင်းသူအသစ်က ကျောင်းအဆောင်မှာနေပြီး ကျမကကျောင်းနဲ့ ၁Blockအကွာမှာဆိုတော့ တစီးတည်းစီးရတာအဆင်ပြေတာပေါ့။ကောင်လေးအသစ်ကိုတော့ မြို့အနောက်ဘက်ကသူနေတဲ့ ကိုအေရဲ့အိမ်ကိုလိုက်ပေးရတာပေါ့။ အပြန်မှာကျမကကားမောင်းတဲ့ ကျောင်းသားအသစ်ကို ကိုအေရဲ့အိမ်ကိုသွားဖို့လမ်းပြပေးရတာပေါ့။အဲဒီလိုလမ်းပြစဉ် ပိာုင်းဝေးလမ်းမကိုအတက် မှာ မူးနေတဲ့ကောင်လေးအသစ်ကလမ်လဲမသိပဲ ဆရာလိုလုပ်ပြီးကားမောင်းတဲ့လူကို ပိာုကွေ့ဒီချိုးဆိုပြီးလုပ်တော့ ကျမတော်တော်စိတ်တိုပါတယ်။စနေနေ့ည နိုက်ကလပ်ကပြန်တဲ့အချိန်ဆို ရဲတွေကစောင့်ပြီးဖမ်းတတ်ပါတယ်။မူးပြီးကားမောင်းတဲ့ လူတွေရှိတာကိုး။ ကားကပိာုကွေ့ဒီကွေ့နဲ့မျက်စိနောက်အောင်လုပ်ရင်လဲ ရဲကကားကိုရပ်ခိုင်းပြီး မေးမြန်းအုံးမှာလေ။ ကျမလဲစိတ်တိုလာတော့ “လမ်းမသိရင်ငြိမ်ငြိမ်နေ၊ မောင်းတဲ့လူကိုအာရုံနောက်အောင်မလုပ်နဲ့ဆိုပြီးအော်မိပါတယ်။” ကျမကအဲလိုပြောတာကို အရက်မူးမူးနဲ့ဆက်ပြီးရစ်ပေမဲ့ မသိချင်ယောက်ပဲဆောင်လိုက်ပါတယ်။မူးပြီးယစ်တဲ့လူတွေကို ကြည့်လို့ကိုမရတာ။အဲလိုနဲ့ပဲသူ့ကို အိမ်မှာချပြီး ကျမတို့အုပ်စုက ကိုယ်နေတဲ့မြို့အရှေ့ဘက်ကိုပြန်လာခဲ့ပါတယ်။ကျမအိမ်ကို မနက်၂နာရီခွဲမှာရောက်ပါတယ်။မပြန်လာခင် ကောင်လေးကို ကျမတို့က မနက်ကျရင်အလုပ်သွားရမှာသေချာအိပ်လို့ပြောခဲ့ပါတယ်။ ကျမအိပ်ရာဝင်ခါနီးနာရီကြည့်တော့ မနက်၃နာရီ။ ကျမအိပ်ရာထဲကိုဝင်လှဲမဲ့ဆဲဆဲ ကျမချစ်သူဆီကို ကောင်လေးအသစ်ဆီက ဖုန်းဝင်လာပါတယ်။ချစ်သူကကျမကိုမေးတယ် ကောင်လေးကိုအိမ်မှာချခဲ့တယ်မပာုတ်လားတဲ့။ ကျမကသူ့ကိုချခဲ့တယ်လေ။ ချစ်သူကအဲဒါဆိုကောင်လေးက ဘာလို့ဖုန်းခေါ်ရတာလဲပေါ့။ ကျမကတော့စိတ်ထဲမှာ စဉ်းစားနေမိတာကတော့ ဒီကောင်လေးမူးလို့ရစ်ပြီးဖုန်းခေါ်တာလာလို့ပေါ့။ ကျမချစ်သူဖုန်းကိုင်လိုက်တော့ ရဲကကောင်လေးရဲ့ဖုန်းနဲ့ ကျမချစ်သူဆီကိုဆက်လိုက်တာပါ။ ကိုအေကကောင်လေးကိုဘာလိုလိုကျမချစ်သူဆီကိုဆက်လိုက်ပါလို့မှာသွားတာလေ။ရဲကဖုန်းဆက်တော့ ကျမချစ်သူကတခုခုတော့ဖြစ်ပြီ။ ပာုတ်ပါတယ်။ ကောင်လေး DUI ( Driving Under the Influence) နဲ့ရဲကဖမ်းလိုက်ပါပြီ။ ကားကကျမတို့ကားဆိုတော့ ကျမတို့ကိုကားလာယူဖို့အကြောင်းဖုန်းလှမ်းဆက်တာပါ။ ရဲကမြန်မြန်လာယူဖို့ပြောပါတယ်။ကြာရင် မစောင့်တော့ဘူးပြောပါတယ်။ အဲဒါနဲ့ကျမတို့လဲ အမြန်ဆုံးတော့ရောက်အောင်လာခဲ့မယ်။ဒါပေမဲ့ကျမတို့ကမြို့အရှေ့ဘက်မှာနေတာ ဖမ်းမိတာကမြို့အနောက်ဘက်မှာဆိုတော့ အနည်းဆုံး မိနစ်၂၀လောက်တော့စောင့်ပေးဖို့ပြောလိုက်ရပါတယ်။ ကျမတို့၂ယောက်လည်း အနွေးထည်ထပ်ဝတ်ပြီး သုတ်ခြေတင်ရတော့တာပဲ။ ကျမတို့အသိထဲမှာအဲလိုမျိုးဖြစ်ဖူးတာမ၇ှိတော့ ၂ယောက်လုံးက သေသေချာချာ ဘာဆက်ဖြစ်မယ်မသိပါဘူး။ DUI နဲ့ဖမ်းခံထိရင် လိုင်စင် ၃လ သိမ်းခံထိမယ်။ဒဏ်ငွေ အနည်းဆုံး ၁၅၀၀ လောက်ဆောင်ရမယ်။ သင်တန်းတက်ရမယ်လောက်ပဲသိတာပါ။ ကဲ ဖမ်းမိတဲ့နေရာလဲရောက်ရော ကျမတို့ကားပဲတွေ့ရပြီး ကောင်လေးကိုမတွေ့ရပါဘူး။ ရဲကအဲဒီမှာပြောပါတယ်။ ကောင်လေးကမူးနေတဲ့အတွက် နောက်ရဲကားတစီးနဲ့ အချုပ်ထဲကိုခေါ်သွားလိုက်ပြီ။နောက်နေ့ကျကောင်လေးနိုးတော့မှဖုန်လှမ်းဆက်ပြီး ဘယ်အချိုန်လာကြိုရမယ်ဆိုတာ သိပါမယ်တဲ့။အဲလိုဆိုတော့ ကျမတို့၂ယောက်ဗျာများရပါပြီ။

မနက်ကျရင်ကိုအေရဲ့ဆိုင်ကိုဘယ်သူကဆူရှီသွားလိပ်မှာလဲ။ဒီမြို့က တခြားဆူရှီသမားတွေကလည်း သူ့ဆိုင်နဲ့သူအစီအစဉ်တကျဆိုတော့ ကူလိပ်ပေးမဲ့သူမရှိ။ကျမချစ်သူကသွားလိပ်ပေးလိုက်ပါလားတဲ့။ကျမက ပာမ်…ဘယ်လိုဖြစ်မှာလဲပေါ့။

ရေးလက်စနဲ့ ဆက်စပ်နေတဲ့ ဆူရှီအကြောင်းလေးပါရေးလိုက်ပါဦးမယ်…

ကျမလွန်ခဲ့တဲ့၅နှစ်လောက်က ချစ်သူကဆူ၇ှီစားချင်တယ်ဆိုလို့ ကိုအေဆီမှာ၂ရက်လောက် ဘယ်လိုလိပ်ရမှာလဲဆိုပြီးလိပ်နည်းလေးသွားသင်ဖူးပါတယ်။နောက်ပြီး ကိုအေရဲ့သူငယ်ချင်း၁ယောက် ကျမတို့နေတဲ့မြိုလေးမှာ အဲဒီအချိန်တုန်းကလာပြီး ဆူ၇ှီဆိုင်ဖွင့်ဖူးပါတယ်။ ဖြစ်ချင်တော့အဲဒီလူရဲ့ဆိုင်က ၇ှူံးတော့ တခြားမြို့ကဆိုင်ကိုပြောင်းမယ်ပေါ့။ ဒါပေမဲ့ ဒီမြို့ကဆိုင်ကို စာချုပ်ပြည့်အောင်လုပ်ပေးရမယ်ဆိုတော့၁လလောက်ကျန်နေသေးတော့ ကျမကိုလာပြီးလိပ်ပေးဖို့အကူအညီတောင်းပါတယ်။ ကျမကကိုယ်အိမ်မှာစားဖို့ အဖြစ်လောက်ပဲလုပ်တတ်တာလို့ပြောတော့ ကိစ္စမရှိဘူုး။ ဆူရှီကို အဖြစ်ပဲဗူးထဲထည့်ပြီး တင်လို့ရရင်ပဲ မဆိုးပါဘူးတဲ့။ ဘယ်သူကမှရှူံးတဲ့ဆိုင်မှာ နောက်လူသပ်သပ်ခေါ်ပြီး မလိပ်နိုင်ဘူးလေ။ ပြီးတော့ဒီ၁လလောက်ကို လာပြီးလိပ်ပေးမဲ့လူလည်းမရှိတော့ ကျမကကောင်းပြီ၊ တက်သလောက်တော့လိပ်ပေးမယ်ဆိုပြီးတော့ လုပ်ပေးခဲ့ဖူးပါတယ်။
ကျမလိပ်တော့ ကိုယ်ဘာသာကိုလုပ်ချင်သလိုလုပ်ခဲ့တာပါ။ကိုအေကိုဖုန်းလှမ်းလှမ်းဆက်ပြီး မေးရပါတယ်။ဘာလုပ်ဘာလုပ်ဆိုတာကိုလေ။ ကိုအေကလဲ သူ့ဆိုင်နဲသူဆိုတော့ ကျမကိုလာပြီးမပြနိုင်ဘူး။ဖုန်းနဲ့ပဲဆူရှီလိပ်နည်းပြောပြီး ပွဲကြမ်းခဲ့တာလေ။ ပုစွန်အကောင်လိုက်ကို ထမင်းလုံးပေါ်မှာတင်ရမယ့်ပာာဆိုရင် ကျမပုစွန်ကိုကြည့်ပြီးအမြီးနဲ့ဆိုရင် ကြည့်မကောင်းပါဘူးဆိုပြီးပုဇွန်အမြီးကိုဖြုတ်ပြီး ဒီအတိုင်းလုပ်လိုက်တာ ကိုအေဆိုရင်အဲဒီဘူးကိုကြည့်ပြီး တခုခုတော့လိုတယ်ဘာလိုတယ်မသိဘူး။ ကျမကနောက်မှ ပုဇွန်ကိုအမြီးဖြုတ်ရမလား၊ မဖြုတ်ရမလားလို့ သူ့ကိုမေးလိုက်မှ “ငါအခုမှမှတ်မိတယ်..ညည်းကပုဇွန်အမြီးကိုဖြုတ်ထားတာကိုး” လို့ပြောရလောက်အောင် ကျွမ်းကျွမ်းကျင်ကျင်လိပ်ခဲ့တာလေ။ဖြစ်ချင်တော့ဒီလိုရှုံးနေတဲ့ဆိုင်ကိုSupervisorကလာကြည့်သွားသေးတယ်။သူလဲသိပြီးသားပါ။ကျမကတော့ငါလုပ်တာကိုလာပြီးပြောလို့ကတော့ ပြန်ပြီးပိတ်ပြောပြစ်မှာ။ ကျမမှာအဲဒီအချိန်တုန်းက Fulltime ကျောင်းနဲ့ Part time တခြားအလုပ်ရှိတဲ့ကြားက ဒီဆူရှီအတွက်မနက်၎နာရီလောက်အိပ်ရာကထရပြီး မနက်၁၀နာရီလောက်အထိလာလာပြီး လိပ်ပေးရတာလေ။ အဲလိုနဲ့Supervisorကကျမကိုဒီမှာကျောင်းလာတက်တာလားတဲ့။ ကျမက “ပာုတ်ပါတယ်…ခဏအကူအညီတောင်းလို့လာလုပ်ပေးတာပါဆိုတော့” သူက ကိုအေးနဲ့ဒီဆိုင်ပိုင်ရှင်ကပြောထားပါတယ်လို့ပြောမှပဲ သက်ပြင်းချရတော့တယ်။
အဲဒီလောက်ပဲဆူ၇ှီသိတဲ့လူက ကိုအေအတွက်သူ့ဆိုင်မှာလူစားထိုးလိုက်ပေးရမယ်ဆိုတော့ ငြင်းတာမဆန်းပါဘူးလေ။
ကျမလဲအဲဒီအချိန်ကျမှအရင်တုန်းကကိုအေဆီမှာ ၁နှစ်နီးပါးလောက်ကူလိပ်ပေးခဲ့တဲ့ ညတုန်းကကလပ်အတူသွားခဲ့တဲ့အထဲက ကျောင်းသားမောင်လေးဆီကို ဖုန်းလှမ်းဆက်ပြီးတော့ ဒီမှာတော့ပြသနာဒီလိုရှိတဲ့အတွက် ကူညီပါအုံးလို့ပြောရတယ်။သူကလဲ အင်းအဲလုပ်နေသေးပေမယ့် နောက်တော့ကူညီဖို့သဘောတူပြီးနောက် မနက်ဆိုင်မှာသွားလုပ်ဖို့ အိပ်ဖို့အချိန်ကြည့်လိုက်တော့ ၃နာ၇ီသာသာလောက်ပဲ၇ှိတော့တယ်။ မနက်၆နာရီလောက်ကျရင် အမနှိုးဖို့ဖုန်းလှမ်းဆက်မယ်လို့ပြောပြီး ကျမလဲအိပ်ပျော်အောင်ကြိုးစားပြီး ဝင်အိပ်ရတယ်။မနက်ကျတော့ ကောင်လေးကကျမကိုအိမ်မှာလာကြိုပြီး ၂ ယောက်သားဆူ၇ှီဆိုင်ကိုပြေးရတယ်။ကောင်လေးကို ကားပေါ်မှာအမတော့ California roll ကလွဲရင်ကျန်တာတွေမသိတော့ဘူး။ကောင်းကောင်းလဲမလိပ်တတ်ဘူးလို့ကြိုပြီးပြောရတယ်။သူကမေးတယ် အမဆန်ဘယ်လိုတည်ရမလဲဆိုတာကောသိလားတဲ့။ ကျမကဘယ်လိုလုပ်မှတ်မိမာလဲ။ ဒါနဲ့ပင်တခြားဆူရှီဆိုင်ကအမတွေဆီကို ဆန်ဘယ်လိုတည်ရမှာလဲဆိုတာကို လှမ်းပြီးဖုန်းဆက်မေးရသေးတယ်။ ပြီးတော့လား ဒါနဲ့တင်မရပ်သေးဘူး။ Combo ဆိုဘယ်ဘူးကိုဘယ်လိုနာမည်ခေါ်ပြီးဘာတွေထည့်ရတယ်ဆိုတာပါလှမ်းပြီးမေးရတယ်။ကောင်းလေးက ဒိုင်ခံလိပ်ပေးပြီး ကျမကတော့ နှုမ်းဖြူးလုပ်ပေးတာပေါ့။ ဘူးထဲကိုဆူရှီထည့်၊ဂျင်းနဲ့ဝါဆားဘီထည့်၊ အဖုံးပိတ်ပေးပေါ့။ ကျမတို့၂ယောက်သား ဆိုင်ကမန်နေဂျာတွေလာမေးမှာလဲ စိုးရသေးတယ်။ တခါမှမမြင်ဘူးတဲ့လူ၂ယောက်က ဒီဆိုင်မှာ ကုတ်ချောင်းချောင်းနဲ့လုပ်နေကြတာကိုး။ ဒီကြားထဲ ဘေးကတရုတ်ဆိုင်က တရုတ်အဖိုးကြီးစပ်စုသွားသေးတယ်။ မြင်နေကျကောင်လေးကော ဘယ်မှာလဲတဲ့။ ကျမတို့၂ ယောက်မျက်နှာတယောက်ကြည့်ပြီး သူဖျားနေလို့ သူ့အစားဒီ၁ရက်လာပြီးလုပ်ပေးတာပါလို့ပြောရတယ်။ နောက်ပြီးသူက နင်တို့ဆိုင်ကို အမျိုးသမီးတယောက်မနေ့ကလာသွားပြီး ဒီနေ့မှာသူမှာထားတဲ့ Special order ဆူရှီအကြီးကိုလာယူမယ်လို့လဲပြောရော ကျမတို့၂ယောက်သား ခေါင်းချင်းရိုက်ပြီး ဒီလိုဆိုရင်တော့မဖြစ်ဘူး။ ဒီအမျိုးသမီးမလာခင်လစ်မှ ဆိုပြီး ဘူး၂၀ကျော်ကျော်လဲအပြီးမှာ သိမ်းစရာရှိတာတွေသိမ်းပြီး ကုန်တိုက်ထဲကနေသုတ်ခြေတင်ပြီး လစ်ကြတော့တာပဲ။ မနက်၁၀နာရီလောက်မှာပြန်ဖြစ်ခဲ့တာပါ။ ကျမချစ်သူလဲကောင်းကောင်းမအိပ်နိုင်ပဲ ရဲစခန်းကဖုန်းအဆက်ကိုစောင့်နေရတာ။ ကောင်လေးကလဲ ၁၀နာရီကျော်တဲ့အထိဖုန်းမခေါ်တော့၂ယောက်သားမျက်လုံးလဲပြူးလာပြီလေ။ဒီနေ့က Sundayရုံးပိတ်ရက်မို့လို့လုပ်ပေးနိုင်ပေမဲ့မနက်ဖြန်ကျရင်အလုပ်၇ှိတယ်လေ။ကျောင်းသားတွေလဲ ကျောင်းရှိတော့မကူနိုင်တော့ဘူးလေ။မဖြစ်တော့ဘူးဆိုပြီး ရန်ကုန်ကိုရောက်နေတဲ့ ကိုအေဆီကို ပိာုမှာည၁၂နာရီကျော်လဲမတတ်နိုင်ဘူးဆိုပြီး လှမ်းမေးရတယ်။ကောင်လေးဒီနေ့မှ အချုပ်ထဲကမလွတ်ရင် ဘယ်လိုလုပ်မှာလဲလို့။ကျမတို့လဲဘယ်လိုမှမနက်ဖြန်ဆိုရင်တော့ မလုပ်နိုင်ဘူးဆိုတော့ သူလဲလုပ်မဲ့လူမရှိတော့ ဘာတတ်နိုင်မှာလဲပေါ့။ဒီတိုင်းပဲအချုပ်ကလွတ်တဲ့ထိစောင့်ရမှာပေါ့။ ကျမလဲအိမ်ပြန်ရောက်တာတောင်မှ အိပ်လို့မပျော်နိုင်ဘူး။တခြားပြည်နယ်မှာ၇ှိတဲ့ ကောင်လေးအဖေဆီလဲဖုန်းလှမ်းဆက်ပြီး သူ့သားအကြောင်းရှုင်းပြရသေးတယ်။ဖြစ်ပြီးသွားမှတော့ ဘာမှလုပ်လို့မရတော့ဘူးလေ။
ဒီလိုနဲ့စောင့်နေရင်း ညနေ ၃နာရီလောက်မှအချုပ်ထဲကဖုန်းဆက်တော့မှသွားခေါ်၇တယ်။အဲဒီအချိန်ကြမှပဲ စိတ်ပူနေတာလျှော့သွားတော့တယ်…။ဒီနိုင်ငံမှာရဲကကိုယ့်ကိုဖမ်းခံထိရင် သူ့တို့ကိုသွားပြီးမရစ်နဲ့။ မေးတာကိုသာသေချာရှင်းပြ။ကိုယ်တွေနိုင်ငံမှာလို အကိုရယ်ဆိုပြီးရစ်လို့မရဘူးလေ..။ မဖမ်းခင်အထိဒီနိုင်ငံရောက်စကောင်လေးက စကားပြောရင်မြန်မာနိုင်ငံက အထာတွေအတိုင်း လုပ်ပြစ်လိုက်မယ်။ဂရုစိုက်စရာမလိုဘူးလို့ပြောတတ်တယ်။ အချုပ်ထဲမှာ ၁ညအိပ်ပြီးနောက်ပိုင်းတော့ အချိုးပြောင်းသွားတယ်..။ဒီနိုင်ငံမှာDUI နဲ့ဖမ်းခံထိရင်တော်တော်၇ှုပ်ပါတယ်။ ဒီကောင်လေးဖမ်းခံထိစဉ်က၂၁နှစ်ပြည့်သွားလို့တော်ပါသေးတယ်။မိစဉ်က ၂၁နှစ်လည်းမပြည့်သေး၊အရက်သောက်ထားတာပါဆိုရင် အရက်ဝယ်ပေးတဲ့တခြားကောင်လေးတွေပါေ၇ာပြီးပြသနာဖြစ်ဦးမှာ..။ ကျမတို့ကသူ့ကို ဘာကြောင့် ဒါမျိုးတွေဖြစ်မှာကိုတွေးမိလို့စဉ်းစားပြီး မင်းကိုကားပေးမမောင်းပဲ အိမ်အထိလိုက်ပို့တာကို ကားမောင်းပြီးထပ်ထွက်ရတာလဲဆိုတော့ ကျနော်ဆူရှီသွားလိပ်မယ်ဆိုပြီးဆိုင်ကိုသွားတာပါတဲ့။ သူအိပ်လိုက်လို့၇ှိရင် မနက်ကျရင်မနိုးမှစိုးလို့ မနက်စောစောမှာကြိုပြီးလိပ်ထားမလိုပါတဲ့။ ဒါကြောင့်မို့ ကျမတို့အကုန်လုံးက ကလပ်မသွားခင်လိုက်လို့ဖြစ်မှာမပာုတ်ဘူးကိုလဲနားမထောင်၊ စောစောပြန်ဖို့ပြောတာကိုလဲလက်မခံ၊ လူဆိုတာဘာပဲဖြစ်ဖြစ်ကိုယ်လုပ်တာကို ကိုယ်ကိုယ်တိုင်စဉ်းစားဆုံဖြတ်နိုင်ရမယ်လေ။ ပြီးတော့ကိုယ်ကသူများဆီမှာအလုပ် လုပ်တာဆိုရင်ဘာကအရေးကြီးဆုံးလဲဆိုတာသိရမှာလေ။ပေါ့ပေါ့လေးပဲလို့တွေးပြီးလုပ်လိုက်တဲ့အကျိုးဆက်ကို ကိုယ်ပဲခံရတာလေ..။ DUI ကြောင့်ရုံးချိန်းလဲတက်ရတာ ခဏခဏ၊ ဒဏ်ကြေးကိုလဲ ကျနော်အခုပေးမယ်ဆိုလဲမရဘူးလေ။ သူတို့ပြောသလိုလုပ်ရတာ..။စဖြစ်တာက ၂လပိုင်းထဲက အခုကျမဒီစာရေးချိန် ၈လပိုင်းအထိဇာတ်လမ်းကမပြီးသေးဘူး။ဒီနိုင်ငံမှာနေရတာ သူတို့ပြောတဲ့စည်းကမ်းအတိုင်းနေရင် အေးအေးဆေးဆေးပါ။ကိုယ်ကပြောသလိုမလုပ်ရင်တော့ အဲဒီရဲ့ consequencesတွေကိုခံရမှာပါ။ သူကတခြားပြည်နယ်မှာနေပြီး ကျမတို့ ပြည်နယ်မှာအဖမ်းခံရတော့ ရုံးချိန်းကိုဒီပြည်နယ်မှာလာလာပြီးတက်ရတယ်..။ပြောင်းခွင့်လဲမ၇ှိတော့ သွားရလာရတော်တော်ခက်ပါတယ်။အခုနောက်ဆုံးကြားတာတော့ ဒီမြို့ကိုလာပြီး DUI နဲ့ပတ်သတ်ပြီး၁လလောက်သင်တန်းလာတတ်ရပါအုံးမယ်..။
ဒီကိစ္စတွေကမဖြစ်ခင်စဉ်းစားချင့်ချိန်တတ်ရင်ရှောင်နိုင်တာတွေမို့ သိရအောင်ရေးလိုက်တာပါ။
ငွေကုန်၊လူပန်းတဲ့အဖြစ်ကနေအကုန်လုံးဝေးနိုင်ပါစေ။

ကျမတော့နိုက်ကလပ်ဆိုဝေးဝေးကပဲရှောင်တော့တယ်..။ ကျောင်းသားတွေကသွားရအောင်ပြောရင် ဆူ၇ှီသွားလိပ်ရမှာကိုမြင်ယောင်ပြီးလန့်တယ်..။
၁၀တန်းစာမေးပွဲကော၊ဒီမှာကျောင်းတက်လို့စာမေးပွဲဖြေစရာရှိရင်တောင်မှ တခါမှကြိုးကြိုးစားစားနဲ့ ၃နာရီပြီးပဲအိပ်ပြီးစာမကြည့်ခဲ့တာ အခုမှခံလိုက်ရတာ တော်တော်စိတ်ပိန်တယ်…။
ကိုအေရန်ကုန်ပြန်တိုင်း ကျမတို့ကိုသူ့ဆိုင်အပ်ခဲ့တော့ ၁လ ၂လ လောက်လာပြီးလိပ်ပေးတဲ့လူတိုင်းကို ဒုက္ခခံရတာမနည်းဘူး။ ကူညီချင်ပါတယ်…။ ဒါပေမဲ့ကိုယ်လဲကိုယ်အပူနဲ့ကိုယ်လေ..။ ကျမတို့ကိုကားချင်းလဲစီးခိုင်းတဲ့အတွက် အဲဒီမှာလဲကိုအေရဲ့ကားကအကောင်းစားမို့ကျမတိုရဲ့ Insuranceလဲဈေးတတ်သွားတယ်..။ကိုအေကရန်ကုန်ပြန်အုန်းမယ်လုပ်နေတယ်..။ အခုတခါဆိုရင်တော့ အားမနာတော့ဘူး.။ ငြင်းနိုင်အောင်ကြိုးစားရမယ်..။ အားလဲနာတယ်..ဒါပေမဲ့လဲ…..။

Thursday, July 16, 2009

သူလား...ဝိတ်လျော့နေတယ်.....



အခုနေနေတဲ့မြို့လေးမှာ မြန်မာပြည်ကနေကျောင်းလာတက်တဲ့ ကျောင်းသား ၁၀ ယောက်နဲ့ ဒီမှာအခြေချနေထိုင်ပြီး ဆူ၇ှီလုပ်ကိုင်တဲ့ဗမာမိသားစု ၁၀ ယောက်နဲ့ဆိုရင် ၂၀ ဝန်းကျင်လောက်တော့၇ှိပါတယ်။လူလဲနည်းတဲ့အတွက်စုစုစည်းစည်းရှိပြီး တခုခုလုပ်စားမယ်ဆို အကုန်လုံးက “အမရေ မေးမနေနဲ့၊ လုပ်သာလုပ်။ အမတို့ မလုပ်ရင်ကောင်းကောင်းဝါးတီးဖွင့်ရမှာ မပာုတ်ဘူးတဲ့”။ အဲလိုဆိုတော့ နဂိုထဲကမှ လူကိုငိုချင်ရဲ့လက်တို့ဆိုသလိုပဲ၊ ချက်ချင်း ချက်မဲ့စားရင်းကိုလုပ်၊ ဈေးဝယ်ဖို့အတွက် Grocery store ကိုပြေးပြီးသားပဲ။ အဲလိုမျိုးအလုပ်ကောင်း၊ အိမ်မှာလဲ အလုပ်အားရင် ကိုယ်စားချင်တာတွေချက်စားရင်း ပျော်နေတဲ့လူဆိုတော့လဲခက်သားကလား။ ကျောင်းနေစဉ်တုန်းကတော့ အလုပ်တဖက်၊ ကျေင်းတဘက်နဲ့ဆိုတော့စိတ်ဖိစီးမှုများပြီး လူကငယ်စဉ်ကအတိုင်းပဲ။ May 2009 တုန်းက New York ကိုသွားလည်တော့အဒေါ်က အိမ်တံခါးဖွင့်ပြီး လူကတံခါးအပြင်ဘက်မှာ၇ှိ
ှိသေး၊ အိမ်ထဲကိုခြေလှမ်းမှမချရသေးခင် “ လာ လာလာ အောင်မလေးလေး အောင်မလေးလေး နည်းတာကြီးမပာုတ်ဘူးပာယ်။ ကြည့်စမ်းပါဦးဆိုတော့” ကိုယ့်နောက်ကများတက်လာတဲ့၇ှိလို့ ခေါင်းလေးများစောင်းပြီးကြည့်ဖို့လုပ်ရုံ၇ှိသေး အဒေါ်က “နှင်းပွင့်ရယ် ဒီလောက်တောင်ထွားလာရသလာလို့ဆိုတော့” ဩော်ငါ့ကိုပြောနေတာဆိုတော့မှ ဒီကလဲအားကျမခံ “အန်တီအေးရယ် မတွေ့တာ ၈နှစ်လောက်ရှိပြီမှတ်လား။ အသက်ကလဲကြီးလာပြီဆိုတော့ နဲနဲပါးပါးအပြောင်းအလဲတော့ရှိမှာပေါ့” ဆိုပြီးတာနဲ့ အိမ်ထဲကိုအတင်းတိုးဝင်တော့တာပဲ။ အဲဒီနဲနဲပါးပါးကလဲ ၁၅ ပေါင်လေးပါ။အဲဒီအန်တီကမြန်မာနိုင်ငံမှာ နေစဉ်ကတည်းက စည်းနဲ့ကမ်းနဲ့မှတိုင်းထွားပြီး ပိုက်ဆံကိုသုံးသူ၊ပာင်းချက်တက်သူလို့နာမည်ကြီးတော့ ငါ့ပုံကိုမြင်ပြီးနှင်ထုတ်ရင်ဒုက္ခလို့ တွေးပြီးတော့ ကိုယ်ကအိမ်ထဲအရင်ဝင် ပြီးတာနဲ့တယောက်သောသူကိုဆွဲခေါ် နောက် Luggage တွေဆွဲသွင်း။ အိမ်ထဲရောက်တာနဲ့ အန်တီကို စားဖို့မပူနဲ့။ ဒီမှာရောက်တုန်းရောက်ခိုက်ဆိုတော့ အပြင်မှာပဲဝယ်စားမှာဆိုတဲ့အကြောင်းကို တန်းပြီးပြောရတော့တာပဲ။ နောက်ထပ်လဲ အန်တီအေးကို မေမေနဲ့ သထုံခေါင်းရင်းအိမ်မှာနေတဲ့ အိမ်နီးချင်း အန်တီဌေးတို့ရဲ့ လက်သုံးစကားလေးကို ယူသုံးပြီးတော့ “ ငါတို့ယောက်ျားတွေကငါတို့ကိုပြည့်ပြည့်စုံစုံထား၊ ပူပန်စရာမရှိဆိုတော့ စိတ်ချမ်းသာပြီး ဝလို့လှလို့ဆိုတဲ့” စကားလုံးတွေကို မှီငြမ်းပြီးတော့ အိမ်ထောင်မကျသေးပေမဲ့ တယောက်သူကအလိုလိုက် အကြိုက်ဆောင်ပြီး စိတ်ချမ်းသာအောင်ထားတဲ့အပြင် ကျောင်းပြီးသွားတော့ Stress Level ကျဆင်းပြီးအရင်ကထက်စာရင် စိတ်ချမ်းသာ၊ကိုယ်ချမ်းသာ၇ှိနေတယ်ဆိုတဲ့ကိုလည်း ထပ်လောင်းပြီးအပ်လိုက်ရပါတယ်။ အမှန်မှာက ကိုယ်လက်လှုပ်ရှားမှု အရင်ကထက်လျော့နည်းသွားရခြင်းက အဓိကအကြောင်းရင်းဖြစ်တာကို ဝန်မခံရဲတာက ထိပ်ဆုံးကပါ။ တတ်နိုင်သလောက်တော့လဲ တနေ့တနေ့ ကြိုးကြိုးစားစား Calories တွေကျအောင်လုပ်ရတာ အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။ အန်တီကမြန်မာနိုင်ငံကို ပြန်သွားပြီး မေမေ့ကို ကျမအကြောင်းသွားပြောတော့ ဝိတ်ချပြီးမှပြန်လာတဲ့။ ဒီဝိတ်နဲ့ဆိုရင်ပြန်မလာနဲ့ဦးတဲ့လေ။
အဲလိုဆိုတော့ အခုလောလောဆယ်ကျမမှာ ဦးတည်ချက် ၃ရပ်၇ှိလာပါတော့တယ်။အဲဒါကတော့
“ ဝိတ်ကျဖို့အရေး ဒို့အရေး
၁၁၅ ပေါင်ရောက်ဖို့အရေး ဒို့အရေး
ဗိုက်ချပ်ဖို့အရေး ဒို့အရေး”

မဝါရဲ့ Blog ကိုဖတ်ပြီး ဗိုက်ချက်စေတဲ့စက်ကလေးကိုသဘောကျပြီး စမ်းကြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်တာနက်ကတော့ လှမ်းမှာလိုက်တယ်။ရရင်တော့အလုပ်ဖြစ်မဖြစ် စမ်းကြည့်ရအုံးမယ်။ ထူးထူးခြားခြား ဒီမှာရောက်တာကြာနေပေမယ့် ဒါလေးကပထမဦးဆုံး အင်တာနက်ကဝယ်တဲ့ ပစ္စည်းလေးပါ။

ကျောင်းတုန်းကဆိုးပေ...



မှတ်မှတ်ရရကျောင်းသားဘဝ

၅ တန်းရောက်ပြီဆိုတော့ အရင်မူလတန်းကျောင်းလေးကနေ အထက်တန်းကျောင်းကြီးကို ပြောင်းရလေပြီ။အဲဒီအချိန်တုန်းက ကိုယ်ကငယ်သေးတော့ ကိုယ့်ရှေ့မှာမြင်မြင်ရသမျှ အရာတွေအကုန်မှန်သမျှဟာ ကြီးမားပြီးအကုန်လုံးကို ဟိုကြည့်လိုက်ဒီကြည့်လိုက်ပေါ့။မူလတန်းကျောင်းနဲ့ အထက်တန်းကျောင်းရဲ့ အရွယ်အစားက ကွာသွားပြီလေ။ ကျောင်းမပြောင်းခင်ကလဲ မိဘတွေကဘယ်ကျောင်းသွားမလဲတဲ့။ မိဘတွေက အမှတ် ၁ ကျောင်းထွက်တွေဆိုတော့ သူတို့တက်ခဲ့တဲ့ကျောင်းကို ပေးတက်စေချင်ပုံရတယ်။ ဒါပေမဲ့ အမှတ် ၂ ကျောင်းက ကိုယ်နေတဲ့အိမ်ရဲ့ရှေ့တည့်တည့်မှာ။လမ်းကူးရုံနဲ့တင်ကျောင်းကိုရောက်ရော။ ကျောင်း ၂ ကျောင်းလုံးက ဆရာ/ ဆရာမတွေက ကိုယ်တို့မောင်နှမတွေကို သူတို့ကျောင်း မှာလာတက်စေချင်ကြတယ်။ အမှတ် ၁ ကျောင်းက မြို့ပြင်က မြသပိတ်တောင်ခြေ နားက လေယဉ်ကွင်းနားမှာ ဆိုတော့အိမ်က အကြိုအပို့လုပ်ရမှာ။ ဆိုက္ကား သို့မဟုတ် အိမ်ကကားနဲ့ လိုက်ပို့ပေးရမှာ။ စက်ဘီးနင်းတက်ပေမဲ့ အိမ်ကကျောင်းကို အဲလိုစက်ဘီးနင်းသွားရမှာတော့ မကြိုက်ပါဘူး။ မြို့မှာကလူတိုင်းလိုလို စက်ဘီးစီးတာဆိုတော့ ကျောင်းတက်ကျောင်းဆင်းဆိုရင် စက်ဘီးတွေက တော်တော်လေးကိုရှုပ်ပါတယ်။ ဖေဖေကတော့ပြတ်တယ် မောင်နှမနှစ်ယောက်လုံးကို နေ့တိုင်းတော့ ကားနဲ့မလိုက်ပို့နိုင်ဘူး။ ဆိုက္ကားနဲ့ သွားမလားဆိုတော့ မိုးတွင်းကျရင် ဆိုက္ကားက ကသိကအောင့်နိုင်တယ်။ မူလတန်းတုန်းက ကျူရှင်အကြိုအပို့ကို ဆိုက္ကားနဲ့ သွားရတာ ဆိုက္ကားသမားနဲ့ ကိုယ်တို့မောင်နှမက အပင်းတည့်တဲ့ လူနဲ့မှအဆင်ပြေတာ။ ဆိုက္ကားပေါ်မှာ ပြောင်းဆန်အောင်လဲထိုင်ကြတယ်။အမေးအမြန်းကလဲ အရမ်းထူသလားလဲ မမေးနဲ့။ ဆိုက္ကားသမားက နီးတဲ့လမ်းကပြန်ရင် မကြိုက်ဘူး။ ဝေးတဲ့လမ်းကို ပတ်ပြီးနင်းခိုင်းတယ်။ အဲဒီတော့ အမှတ် ၂ ကျောင်းမှာပဲနောက်ဆုံးကျောင်းအပ်ဖြစ်လိုက်ပါတယ်။ ထမင်းဘူးလဲ ယူစရာမလိုတော့ဘဲ အိမ်မှာပဲပြန်စားဖြစ်တော့တယ်။ထမင်းဘူးနဲ့ ကျောင်းမှာစားရတဲ့အရသာကိုလိုချင်ရင်တော့ သူငယ်ချင်းရဲ့ထမင်းဘူးနဲ့ ကျောင်းမလွှတ်ခင်မှာ အရင်ကုန်အောင်ခိုးစားပြီး အဲဒီသူငယ်ချင်းကို အိမ်မှာနေ့လည်စာခေါ်ကျွေးတယ်။ မပိုင်ဘူးလား။တခါတလေကျရင် သူငယ်ချင်းက သူ့ထမင်းဘူးကိုယူပြီး အိမ်မှာလိုက်စားရင် ကျမနဲ့မောင်လေးက သူ့ထမင်းဘူးကပာင်းကိုယူစားပြီး သူ့ကိုအိမ်ကပာင်းနဲ့ပြန်ကျွေးလိုက်တယ်။ ၇တန်းက စပြီး ၁၀တန်းအထိ ၄နှစ်လုံးလုံး အဆင့် ၁ ကနေ ၅၀ အထိ A အခန်းမှာထားတော့ နှစ်တိုင်း ဒီလူတွေချည်းပဲဆိုတော့ တယေက်နဲ့တယောက်က အကြောင်းသိအစင်းသိတွေဆိုတော့ ပေါင်းရတာအဆင်ပြေတော့ ကျောင်းတက်တာအဲဒီတော့မှအဆင်ပြေတော့တယ်။ နောက်တခုက အဆင့် ၁ ကနေ ၅၀ ထိက အများအားဖြင့်က မိန်းကလေးတွေ၊ ယော်ကျားလေးက ၁၀ယောက်မှမပြည့်ချင်တော့ ကိုယ်တို့ မမ တွေအကြိုက်ပေါ့။ ယောက်ျားလေးနဲ့ မိန်းကလေးတွေက တယောက်နဲ့တယောက် အပြိုင်စာပြိုင်ကြတော့ တစောင်းစေးနဲ့ မျက်ချေးလို မျက်နှာကြောမတည့်ခဲ့ပါဘူး။ ( အခုမှပြန်တွေ့တဲ့ သူငယ်ချင်းနဲ့ gtalk မှာ စကားစပ်မိတော့ သူ့ကောင်လေးက ကိုယ်တွေနဲ့High school တုန်းကဆိုတော့ ဟိုတုန်းကတယောက်နဲ့တယောက် ဖုတ်လေတဲ့ငပိရှိတယ်လိုတောင် မထင်တဲ့သူနှစ်ယောက် ဘယ်လိုများမျက်စိလယ်သွားကြလဲမသိပါဘူး)

၇ တန်း၈တန်း ရောက်တော့ English ကျူရှင်ကို ကိုယ်အိမ်မှာ ဝိုင်းဖွဲ့ဖြစ်တော့ အရင်ဆုံးကတော့မိန်းကလေးကြီးပဲ ၁၀ ယောက်လောက်ဝိုင်းတာပေါ့။ အဲဒီမှာ ကိုယ်တို့ကျောင်းမှာ မဆော့ခဲ့ရသမျှ အတိုးချပြီးကစားတော့တာပေါ့။ ကျောင်းမှာ ဆရာမတွေက ကိုယ်တို့တွေကို တုတ်တချောင်းနဲ့စောင့်ကြည့်နေတာကိုး။ကျူရှင်က ၂ နာရီမှာ စမယ်ဆိုရင် ၁၂ နာရီကျော်ကျော်လောက် လူစုပြီး ခြံထဲမှာမျိုးစုံအောင် ကစားကြတော့တာပဲ။ ခိုဖမ်းတမ်း၊ ထုပ်ဆီးထိုး၊စိန်ပြေးတမ်း၊စသည် စသည်ဖြင့် မဆုံးနိုင်အောင်ပါပဲ။ ဆရာမလာမှ ကစားတာရပ်တော့တယ်။ တခါတလေကျရင် ကျောင်းကစိန်ပန်းပင်အောက်က စိန်ပန်းပွင့်တွေကို သွားကောက်၊ အဲဒီ စိန်ပန်းပွင့် အဖူးလေးတွေနဲ့ ကြက်ဖခွပ်တန်း ကစားကြသေးတယ်။ ဆရာမလာရင်တော့ ကမန်းကတန်း တင်ပါးအောက်မှာ ဖွက်ထားရတယ်။ ကျူရှင်ပြီးရင်တော့ နောက်ထပ်တခါ ထက်ပြီးမျောက်ချကြသေးတယ်။ အဲဒီအချိန်တုန်းက အိမ်မှာ အယ်လဇေးရှင်းခွေး၂ ကောင်မွေးထားတဲ့အချိန်။ခွေးတွေကိုနေ့ခင်းကြရင် ခြံနောက်ဖက်က ခွေးအိမ်မှာထားပြီး ညဘက်လူတွေအိပ်ချိန်ကြမှ ခြံထဲကိုလွှတ်ပေးလေ့ရှိပါတယ်။ တနေ့ နေ့ခင်းဖက် ထုံးစံအတိုင်း မိန်းမတအုပ်စု မျောက်ဆုံးအောင်ကစားတဲ့အချိန်၊ ဘယ်ကဘယ်လို ခြံဘေးမှာ ကစားနေရာကနေ ခြံအနောက်ဘက် ခွေးအိမ်ရှေ့ကို ရောက်သွားမှန်းမသိပါဘူး။ ခွေးနှစ်ကောင် အိမ်ထဲကနေခုန်ထွက်ပြီး ကိုယ်တို့မိန်းမအုပ်စုနောက်ကို လိုက်တာ ခြံထဲမှာ ခွေး၂ ကောင်နဲ့ မိန်းကလေး ၁၀ ယောက်ပတ်ပြီးပြေးခဲ့ရတာ ပျားအုံကို တုတ်ထိုးလို့တိုင်းပြည်ပျက်သလား ပွက်လောရိုက်ခဲ့ရတယ်။ အိမ်ပေါ်ကို တက်ပြေးတဲ့လူကပြေး၊ ခြံအပြင်ကို ပြေးတဲ့လူပြေး။ သူငယ်ချင်းတယောက်ဆိုရင် ပြေးတာခြံကထွက် လမ်းမရောက်ပြီး လမ်းရဲ့ ဟိုးဘက်ထိပ်တောင်ရောက်ခဲ့ပြီး သူ့ဖိနပ်က တနေရာဆီမှာကျန်ခဲ့လို့ နောက်မှပြန်ကောက်ယူရတယ်။ ဖြစ်ပုံက ခြံစောင့်ကခွေးတွေကိုနေ့လည်စာကျွေးပြီး ခွေးအိမ်တံခါးပိတ်ဖို့မေ့နေခဲ့တယ်လေ။ မေမေ နေ့ခင်းဖက် အိမ်ပြန်လာတော့ အိမ်ပေါ်မှာစာအုပ်တွေ ထိုင်ဖတ်နေတဲ့ ကိုယ်တို့ကိုမြင်တော့ ဒီနေ့ ဒီအုပ်စု ထူးထူးခြားခြား လိမ္မာလှချည်လားတဲ့။ ခွေးအလိုက်ခံရလို့ ငြိမ်နေမှန်းသိတော့ ဒီလောက်ဆော့တာ နည်းတောင်နည်းသေးတယ်တဲ့။ ၁ ရက် ၂ ရက်လောက်ပဲငြိမ်ပြီး နောက်တော့လဲ အရင်အချိုးပြန်ချိုးကြတာပါပဲ။
A အခန်းမှာကျောင်းတတ်ခဲ့ရတာသိပ်ပြီးလူဖြစ်ရကျိုးမနပ်လှပါဘူး။ နည်းနည်းလေးလှုပ်ရွပြီး ကစားမယ်ဆိုတာနဲ့ ဆရာမတယောက်က ဝင်လာပြီး စာမေးမယ် စာကျက်ထားကြလို့ လာလာပြီးပြောတော့တာပဲ။ ၈ တန်းရောက်တော့ အိမ်ကဝိုင်းမှာ ယောက်ျားလေး ၄၊ ၅ ယောက်လောက် လာပြီးဝိုင်းံကြတယ်။ သူတို့မိဘတွေနဲ့သိနေတော့ မိန်းကလေးဝိုင်းပေမဲ့လည်း သူတို့ကိုထည့်ဖြစ်လိုက်တယ်။ အဲဒီမှာတင် အရင်မိန်းမချည်းပဲ ကစားနေတဲ့ ဝိုင်းထဲကိုသူတို့လည်း အလိုလိုရောပါလာလေရော။ သူတို့ ကျားတွေလည်း ကိုယ်တွေနဲ့ရောပြီး ခိုဖမ်းတမ်း၊ စိန်ပြေးလိုက်တမ်းကစားကြတာပဲ။ ဘောလုံးကန်တမ်း ကစားရင်တော့ ယောက်ျားလေး ၄ ၊ ၅ ယောက်ကတဖက် မိန်းကလေးအုပ်စုကတဖက် ပြီးရင်ယောက်ျားလေးတွေက ကိုယ်တို့မိန်းကလေးဖက်ကို ၁၀ ဂိုးလောက်အကျောပေးရတယ်။ သူတို့တွေကဘောလုံးကောင်းကောင်းကန်တတ်ကြတယ်လေ။ကိုယ်တွေကတော့ ဘောလုံးကန်ချင်တာပဲသိပြီး ကောင်းကောင်းမကန်တတ်တော့ ဟိုလူ့အကျီလိုက်ဆွဲ၊ ဒီလူ့အကျီလိုက်ဆွဲပြီး ပြေးလို့မရအောင်လုပ်ထားပြီးတော့မှ ဂိုးဝင်အောင်လုပ်ရတယ်။ အဲလိုမျိုးအားကစားစိတ်ဓတ်လေးတွေနဲ့ဘောလုံးကန်ခဲ့တာလေးတွေကို တခါတလေစဉ်းစားမိရင်ပြုံးမိတယ်။
၈ တန်းတုန်းက အိမ်မှာ English ကျုရှင်ကို ကိုယ်တို့လူရင်း ၁၀ ယောက်လောက်ပဲဝိုင်းပေမဲ့ စာမေးပွဲဖြေဖို့ ကျောင်းတွေနောက်ဆုံးပိတ်မဲ့ရက်မှာ ဆရာမကသူသင်တဲ့ဝိုင်းက လူတွေအားလုံးကို ကျောင်းနဲ့နီးတဲ့ကိုယ့်အိမ်မှာဝိုင်းပြီး Review လုပ်မယ်ဆိုတော့ ကျောင်းသားအားလုံး အိမ်မှာလာစုတာ လူအယောက် ၅၀ ကျော်ကျော်လောက်။ လူတော်တော်များများကို မသိပေမဲ့ ကျောင်းလွှတ်ချိန်မှာ အကုန်လုံးစုပြီး သိသိမသိသိ ခိုဖမ်းတမ်းကစားကြတာ၊ ဘောလုံးကန်ကြတာ အသံတွေကဆူညံလွန်းလို့ ဆရာမတွေ ကျောင်းအပေါ်ထပ်က ကြိမ်လုံးနဲ့ ရွယ်ပြမှ ကိုယ်ရှိန်သပ်ပြီး ငြိမ်နေကြတာ။ တခါတ လေကျရင် အဲလိုမျိုးပြန်ကစားချင်စိတ်ပေါက်မိပေမဲ့ အသက်ကကိုယ့်ကို ပာန့်ထားနေတော့ အီလည်လည်ကြီးနဲ့။
၉တန်းတုန်းကဆိုရင် ဘောလုံကန်ချင်တော့ အတန်းထဲမှာ လေလျော့နေတဲ့ဘောလုံးတွေကို ယောက်ျားလေးတွေကထားထားတော့ အဲဒီလေလျော့နေတဲ့အလုံးကို အတန်းထဲမှာပဲ သူတို့ယောက်ျားတွေမ၇ှိရင်ခိုးကန်ဖြစ်တယ်။မကန်တဲ့သူက တံခါးစောင့်လုပ်ရတာပေါ့။ ဒါမှလူလာတယ်လို့အချက်ပေးရင် ဘောလုံးကိုအခန်းထောင့်ကိုပြစ်ကန်ပြီး ကိုယ့်နေရာမှာကိုယ် အပြေးအလွှားပြန်ထိုင်ရတယ်။အတန်းထဲမှာမိန်းကလေးက ၄၀ လောက်ရှိပြီး ကျားကမှ ၁၀ ယောက်လောက်တောင်မှမရှိတော့ သူတို့ဘောလုံးကိုကန်ထားမှန်းသိလို့ ဒီဘက်ကိုလှည့်ကြည့်ရင် ဒီဘက်ကမိန်းမတွေက မျက်နှာမာမာနဲ့ဘာကြည့်တာလဲဆိုတဲ့ မျက်နှာပေးနဲ့ပြန်ကြည့်တတ်တော့ သူတို့တွေလဲကိုယ်တွေကို ဘာပြန်ပြောရဲမလဲ။
၁၀တန်းပြီးတောင်တာမှ လသာတဲ့ညတွေမှာ အိမ်ကအလုပ်သမားတွေ၊ မောင်လေး၊ ညီမလေးတွေနဲ့ ခြံဘေးမှာ ဖိနပ်ပြစ်တမ်းကစားကြသေးတယ်။ (အမှန်မှာ ဂျင် သို့မပာုတ် အုတ်ချပ်ပြားတွေနဲ့ ကစားရမှာပါ)။ ကိုယ့်ကိုနိုင်ပြီးစားသွားရင်တော့ မျက်နှာကမကောင်းပဲစူတာတော့ သိတ်ပြီးမကောင်းပါဘူး။ မရှိတော့ရှိတာနဲ့ပဲဆော်ကြရတာပေါ့။အဲလိုအဲလို မျောက်ချချင်ပါသေးတယ်။အခွင့်အရေးရခဲ့ရင်ပေါ့။

သူငယ်ချင်းတွေနဲ့နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့၁၀နှစ်နီးပါး ၁၀ တန်းနှစ်ကနောက်ဆုံးဆိုတော့ ဒီ ၁၀ နှစ်နီးပါးမှာ သူတို့တွေလဲ ဘယ်ဆီရောက် ဘယ်တွေပေါက်ပြီး ဘာတွေများလုပ်နေလဲဆိုတာ တခါတလေတွေးမိတယ်။

၁၀တန်းအပြီး

၁၀တန်းစာမေးပွဲပြီးပြီးချင်းလုပ်တာကတော့ အသကုန်နေဖင်ထိုးတဲ့ထိအိပ်၊ ကျားမင်းစာအုပ်ဆိုင်က စာအုပ်တွေဌားပြီးဖတ်တော့တာပဲ။ နေ့ခင်းဘက်ဆိုရင်တော့ ဆိုင်ဝိုင်းထိုင်ရတာပေါ့။ ဈေးဝိုင်းရောင်းပေးတာထက်ကို တနေ့တနေ့ ဘယ်ဆိုင်မှာမုန့်ဝယ်စားရမယ်ဆိုတာက အလုပ်တခု။ ၅ လ ပိုင်းလောက်ရောက်တော့ ရန်ကုန်က သူငယ်ချင်း စုရည်ဝင်းကဖုန်းလှက်ဆက်ပါတော့တယ်။ သူ့မိဘတွေနဲ့ ကိုယ်မိဘတွေက လူမှုရေးဘက်ကကော၊စီးပွားရေးရော ရင်းနှီးနေတဲ့ လူရင်းတွေလေ။ သူ့အိမ်ကလူကြီးတွေက ၁၀တန်းအပြီးသင်တန်းတက်ဖို့ကို ကိုယ်နဲ့ရင်းနှီးတဲ့သူနဲ့ပဲတက်ရမယ်ဆိုတော့ KMD မှာ သူ့နာမည်နဲ့ကိုယ့်နာမည်ကို ပေးထားတယ်ဆိုပြီး သထုံကိုဖုန်းလှမ်းဆက်တော့ ရန်ကုန်ကိုလာခဲ့ဖို့အကြောင်းဖန်လာလေရဲ့။သူကလည်းချက်ချင်းကြီး နီးရာကားနဲ့ ရန်ကုန်ကိုလာတော့ဆိုတော့ ဖေဖေကမောင်လေးနဲ့ ၂ ယောက်အတူတူ လိုင်းကားနဲ့ပဲသွားတဲ့။ နိုင်ငံခြားမှာ ကျောင်းတက်ချင်ရင်ခုကတည်းက ကိုယ့်ဘာသာအစစအရာရာ လုပ်နိုင်အောင်ဆိုပြီး ကိုယ့်ဘာသာကိုသွားခိုင်းခဲ့တယ်။အဲဒီတုန်းက ၁၆ နှစ် ဘဝမှာပထမဦးဆုံး မောင်လေးကိုဦးဆောင်ပြီး ကိုယ်ကလူကြီးလုပ်ပြီး သွားခဲ့ရတဲ့ခရီးပါ။ ကိုယ်တို့မောင်နှမတွေက ဘယ်အရာမဆိုနှုတ်လေးနဲ့ပဲ လိုချင်တာကိုပြောလိုက်ယုံ၊ လုပ်ပေးမဲ့လူတွေအဆင်သင့်နဲ့ ကြီးခဲ့ရတော့ အခုကကိုယ့်ဘာသာကိုဆိုတော့ လန့်လဲလန့်ခဲ့ရတယ်။အဲဒီအချိန်တုန်းကဆိုရင် စကားပြောလဲမရဲ၊ နှုတ်ကလဲမသွက်။ (အပြင်မှာ သူစိမ်းတွေနဲ့ဆိုရင်ပြောပါတယ်)။ အိမ်မှာတော့အိမ်ကျယ်ပေါ့။ KMD က ကွန်ပြူတာသင်တန်းကို အစပြုပြီးတခြားသင်တန်းတွေကို တက်ဖြစ်တော့တယ်။ ရန်ကုန်ရောက်ရောက်ခြင်း သူငယ်ချင်းကလိုင်းကားစီးသင်တန်း Training ပေးပါတော့တယ်။ သူ့အဖေက နံနက်ပိုင်းပွဲရုံမသွားခင် တခါတလေကားနဲ့လိုက်ပို့ပေမဲ့ များသောအားဖြင့်ကတော့ လိုင်းကားနဲ့ကိုယ့်ဘာသာကို ဒိုးရပါတယ်။မေမေက တက္ကစီးဖိုး ပိုက်ဆံပေးပဲမဲ့ အစားမက်တဲ့ကိုယ်ကတော့ မုန့်များများစားရအောင်ဆိုပြီး တက္ကစီသိပ်မစီးပဲ မုန့်များများဝယ်စား၊ လိုင်းကားများများစီး၊ ကုန်ကြောင်းများများလျှောက်ပြီးဖြတ်သန်းခဲ့ရတဲ့ရက်တွေကို ပြန်ပြီးလွမ်းလားဆိုရင်တော့ ဟင်အင်းဆို ဟင်အင်းပဲ။ အိမ်ကို ကားဝယ်ပေးရင်ပေး မပေးရင် ရည်းစားထားပစ်မယ်ဆိုတော့ နင့်ထိုက်နဲ့နင့်ကံတဲ့။ သထုံအိမ်ကကား ရန်ကုန်ကိုတက်လာရင်တော့ သွားချင်တဲ့နေရာတွေကို လိုက်ပို့ခိုင်းတော့တာပဲ။ အိမ်ကိုကားဝယ်ပေးဖို့ အဲလိုရည်းစားထားမယ်ဆိုတာနဲ့ အကြပ်ကိုင်လို့မရတော့ option ကနှစ်ခုတည်း၇ှိတယ်။ သထုံကိုပြန်ပြီးစီးပွားရေးလုပ်ချင်လုပ်၊ မလုပ်ရင်နိုင်ငံခြားမှာကျောင်းမြန်မြန်သွားတက်ရုံပဲရှိတော့တယ်။ အကိုဝမ်းကွဲ ၂ ယောက်က ပိုလီမှာတက်နေတော့ သူတို့ဆီကိုပဲအကုန်လုံးက သွားစေချင်ကြတယ်။
ဒါပေမဲ့လဲ အရာရာတိုင်းက ကိုယ်လိုချင်သလိုပုံဆွဲယူလို့ မရတဲ့လောကကြီးဆိုတော့….။


Singaporeကိုမသွားဖြစ်ခဲ့တော့ အကို၂ယောက်ကိုထမင်းချက်ကြွေးရမဲ့ဝဋ်ကနေလွတ်တယ်ဆိုရင်မမှားပါဘူး။နိုင်ငံခြင်းမတူတော့ကိုယ်လုပ်တာတွေကို အိမ်ကိုပြန်ပြီးအစီရင်ခံမဲ့လူမရှိတော့ဘူးပေါ့။သူတို့တွေလဲလွတ်လပ်တာပေါ့။ မပာုတ်ရင် ကျမကသူတို့အမေဆီ အကုန်ပြန်တိုင်မှကိုး။ ပာားပာား….ပာား။

မှတ်မှတ်ရရရှိခဲ့တဲ့အိမ်သားတွေ (၂)




စိန်စိန်တော်တယ်......

နောက်တယောက်က အဖွားကသူ့ကို " ကလိစိန်" လို့နာမည်ပေးထားပြီး လူကြီးတွေအားလုံးကသူ့ကို "ကလိစိန်" လို့ခေါ်ပြီး ကျမတို့ကလေးတွေအားလုံးက "စိန်စိန်" လို့ခေါ်ပါတယ်။ စိန်စိန် နဲ့ စိန်စိန့် အဖွားဒေါ်မထားက ကျမအဖိုးအဖွားတွေခြံရဲ့အနောက်မှာအိမ်လေးဆောက်ပြီးနေကြတာပါ။ သူတို့တွေလည်း ရင်းငြိမ်ကပါပဲ။ ရင်းငြိမ်မှာပိာုတုန်းက သူပုန်ဝင်တော့ သူတို့မိသားစု သထုံကိုပြေးလာတော့ အဖွားက သူတို့မြေးအဖွား ၂ ယောက်ကို ဒီခြံမှာ နေချင်သလောက်နေဆိုပြီးပေးနေထားတာပါ။ ၁၉၇၀ ဝန်းကျင်လောက်လို့ထင်ပါတယ်။ ဖေဖေကအဲဒီတုန်းက အလယ်တန်းလောက်လို့ထင်ပါတယ်။ စိန်စိန်က အဲဒီတုန်းက ငယ်ငယ်ပဲ၇ှိပါဦးမယ်။ ဖေဖေတို့ညီအစ်ကို ၅ ယောက်ရှိတော့ အဲဒီ ညီအစ်ကို ၅ ယောက်ရဲ့ဒဏ်ခံရပါတယ်။ သူတို့တွေအိမ်က အဖိုးအဖွားမသိအောင် ခိုးထွက်ရင် စိန်စိန်နဲ့အဖွားဒေါ်မထားက မသိချင်ယောင်ဆောင်ပေးရတယ်။ အဖွားကအရမ်းကို မာန်မာနကြီးပြီး စည်းကမ်းရှိတော့ ဖေဖေတို့ညီအစ်ကိုတွေအိမ်ထောင်ကျပြီး ချွေးမတွေ ရန်ကုန်ကနေသထုံကိုလာလည်ရင်အဖွားအကြိုက်ကို စိန်စိန်က ပိုပြီးသိတာမို့ အဲဒီချွေးမတွေ အဖွားရဲ့ဆူခံမထိရအောင်သူက ကူညီဝိုင်းလုပ်ပေးရတယ်။ သူ့ကိုဆိုရင်တအိမ်လုံးက ချစ်ကြတာကျမတို့မြေးတွေလက်ထက်ထိပါပဲ။ကျမငယ်ငယ်တုန်းက အဖိုးအဖွားတွေနဲ့ တအိမ်ထဲနေတုန်းဆိုတော့ ကျမပာာအိမ်မကြီးပေါ်မှာဆိုရင် အိပ်ချိန်နဲ့စားချိန်ပဲ၇ှိပါတယ်။ အိမ်နောက်ဖေးက ဖွားဒေါ်မထားတို့ဆီမှာ တနေကုန်နေပြီး စိန်စိန့်နောက်ကိုတကောက်ကောက်လိုက်နေတော့တာပဲ။ အဖိုးအဖွားတွေက တခါတလေကျရင် ကျမအရမ်းကို အိမ်အလည်လွန်အားကြီးလွန်းတော့ အိမ်နောက်ဖေးကအိမ်မှာပဲနေတာ့ ၊အိမ်မကြီးကို ပြန်မလာနဲ့တော့လို့တောင်ပြောယူရတယ်။ စိန်စိန်ရဲ့မုန့်ဖိုးကတော့ ခြံထဲမှာ၇ှိတဲ့ အုန်းပင်တွေကအုန်းသီးရောင်းလို့ရတာနဲ့ တခြားခြံထဲကရောင်းလို့ရတာတွေပါ။အဖွားဒေါ်မထားမှာ ရင်းငြိမ်မှာနေတဲ့သားသမီးတွေရှိတော့ သူ့ကိုထောက်ပံ့ပါတယ်။ စိန်စိန့်အမေလည်းရွာမှာရှိပေမယ့် ဒီခြံမှာပဲအဖွားနဲ့နေရင်းပျော်နေတာပဲ။ အဖွားဒေါ်မထားနဲ့စိန်စိန်က ကျမကိုအလိုလဲလိုက်၊ချစ်လဲချစ်တော့ သူတို့အိမ်မှာမြဲတာ မဆန်းလှပါဘူး။ထမင်းစားချိန်ဆိုရင် ထမင်းပန်းကန်မှာ ပာင်းကိုပုံပြီးသူတို့အိမ်မှာပဲ အမြဲသွားစားတယ်။ အိမ်မကြီးမှာပာင်းကောင်းကောင်းချက်ရင် ပာင်းတခွက်ကိုကျမအဖွားက အဖွားဒေါ်မထားကိုပေးလေ့ရှိသလို ကျမကကိုယ်စားရမယ့်ဝေပုံထဲကပာာကို မျှပြီးကျွေးလေ့ရှိတယ်။ ကိုယ့်အိမ်ကပာင်းကောင်းကောင်းထက် သူများမရှိမယ့်ရှိမယ့်ချက်ထားတာက ပိုပြီးစားလို့ကောင်းပါတယ်။ အဲဒီအကျင့်က အခုကြီးတဲ့အထိရှိလို့ ကျမသူများထမင်းစားတာကိုတွေ့လို ငေးနေရင် ဖေဖေက မရှက်ဘူးလားလို့တောင်မေးယူရတယ်။ အပြင်လူမသိရင် နင့်ကိုငါတို့က အငတ်ထားတယ်ထင်နေဦးမယ်တဲ့။အိမ်မှာတခြားနေတဲ့အဖော်တွေ၇ှိတော့ စိန်စိန်ပာာ ကျမတို့မောင်နှမ ၂ ယောက်ကိုထိန်းပေးတဲ့လူဖြစ်လာပါတယ်။ ညီမလေးကအဲဒီတုန်းကမမွေးသေးပါဘူး။ မေမေကကျမဆိုးလို့ဆူရင် စိန်စိန်ကအမြဲကာပြီးပြောပေးတယ်။အဲဒါတွေကြောင့်စိန်စိန့်ကို ကျမတို့ကိုထိန်းပေးတဲ့လူတွေထဲမှာ အချစ်ဆုံးပါပဲ။

မှတ်မှတ်ရရ၇ှိခဲ့တဲ့အိမ်သားတွေ..(၁)







ဒီတခါတော့ အိမ်မှာနေသွားတဲ့လူတွေရဲ့အကြောင်းကို စဉ်းစားမိလို့သူတို့ရဲ့အကြောင်းလေးတွေကိုပဲ စာစီလိုက်တော့မယ်။
ငယ်စဉ်ကလူတော်တော်များများနဲ့ကြီးပြင်းခဲ့လို့ ပတ်သတ်ခဲ့တဲ့လူတွေရဲ့အကြောင်းလေးတွေပါ......။
(၁)
ကျမရဲ့ဖေဖေဘက်ကအဖွားနဲ့မေမေဘက်က အမျိုးတွေအားလုံးနီးပါးပာာ သထုံကိုကျော်ပြီး မုတ္တမကားလမ်းပေါ်မှာရှိတဲ့ ရင်းငြိမ်ရွာကအဆက်တွေကြီးပါပဲ။ ရင်းငြိမ်ကိုသထုံကနေသွားမယ်ဆိုရင် မိနစ် ၂၀ လောက်ကားမောင်းယုံနဲ့ရောက်ရော။ တရွာလုံးကလူတွေနဲ့သိနေတော့ အိမ်မှာလူလိုလို့ အဖော်ခေါ်ရင်ရင်းငြိမ်ကလူတွေကိုပဲ ခေါ်ထားလေ့၇ှိတယ်။ တယောက်နဲ့တယောက်အကြောင်းသိဆိုတော့ စိတ်ချရတယ်လေ။ အဲဒီမှာတင်ပဲ မအိမိုးဆိုတော့အမကြီးတယောက် ကျမတို့အိမ်မှာနေဖို့အကြောင်းဖန်လာပါတယ်။ အမှန်မှာသူကအရင်ဆုံး ရန်ကုန်က ဘကြီးရဲ့အိမ်မှာ ၄ နှစ်လောက်နေနေရာက ကြီးကြီးကအရမ်းစည်းကမ်းကြီးတော့ မနေချင်တော့ဘူးလို့အဖွားကိုပြောတော့ အဖွားကအဲဒါဆို ဘယ်အိမ်မှာနေမလဲမေးတော့ သထုံကကျမတို့အိမ်မှာနေချင်တယ်တဲ့။ကျမတို့မိသားစုကလည်းအိမ်အသစ်ပြောင်းခါစဆိုတော့ ခေါ်တဲ့လူတိုင်းကသိပ်မငြိမ်၊ အဖွားတို့အိမ်မှာကလဲ နောက်လူတယောက်ရှိပြီးသားဆိုတော့ သူ့ကိုကျမတို့အိမ်မှာပဲခေါ်ထားလိုက်တော့တယ်။
ကြီးကြီးဆီမှာကောင်းကောင်း Training ရခဲ့တော့ မေမေအနေနဲ့သိပ်ပြီးသင်ပြနေစရာမလိုတော့ တော်တော်လေးအဆင်ပြေပါတယ်။ပာင်းချက်ကလဲကောင်း၊ အိမ်မှုကိစ္စလည်းတော်တော်နိုင်တယ်။ သူအဲဒီအချိန်တုန်းက ၁၇၊ ၁၈ ဝန်းကျင်လောက်ပဲရှိပါဦးမယ်။သူ့ကိုသူလည်း အသန့်ကြိုက်တော့သန့်သန့်၇ှင်းရှင်းရှိတယ်။ဖေဖေနဲ့မောင်လေးက ခေါ်ထားတဲ့မိန်းကလေးတွေ သန့်သန့်ရှင်းရှင်းမ၇ှိရင် ထမင်းကိုမစားတော့ မေမေကမီးဖိုချောင်ပြန်ဝင်ရတတ်ပါတယ်။ ကျမတို့မောင်နှမ ၃ ယောက်နဲ့တခါတလေမှာ စကားများတာကလွဲရင်တော်တော်ကောင်းပါတယ်။သူကျမထက် ၇နှစ် ၈နှစ်လောက်ကြီးတယ်ထင်တယ်။ သူ့အမေက မအိမိုးကျမတို့အိမ်မှာနေစဉ်ဆုံးသွားတော့ မဆုံးခင်အိမ်ကိုလာလည်စဉ်တုံးက မေမေကို့ သူ့သမီးကို စောင့်ရှောက်ဖို့အပ်သွားတော့ ကျမတို့က သူ့ကိုဆွေမျိုးလိုပဲထားပါတယ်။အိမ်ကိုလာလည်တဲ့လူတွေတောင်သူ့ကို ကျမတို့ရဲ့ဆွေမျိုးလို့ပဲထင်ပါတယ်။ကျမတို့ကလည်းအိမ်ဖော်လို့ ဘယ်တော့မှာမပြောပါဘူး။ ပိုက်ဆံပေးခေါ်ထားပေမဲ့ သူအိမ်မှာရှိတဲ့အတွက်ဖေဖေနဲ့မေမေပာာ ကျမတို့မောင်နှမ၃ယောက်ကိုအိမ်မှာထားပြီး စိတ်အေးလက်အေးစီးပွားရှာနိုင်တော့ တွေးတတ်ရင် သူ့ကျေးဇူးကိုယ့်အပေါ်မှာရှိပါတယ်။ မေမေက ကိုယ့်မိသားစုစားဖို့အတွက်ဆိုပြီးဈေးဝယ်တော့ ဈေးကြီးတယ်၊များတယ်မတွက်ဘူး။အဲလိုဆိုတော့ပိုက်ဆံပိုကုန်ပေမဲ့ သူ့ကိုဈေးလွှတ်လိုက်ရင်တော်တော်စေ့စေ့စပ်စပ်ဈေးဝယ်တတ်တယ်။ ပိုက်ဆံကိုဘယ်တော့မှလည်းမတိုဘူး။ မေမေက သူလိုအပ်လို့သုံးခြင်ဝယ်ချင်ရင် ပေးတတ်တော့ ဘာမှတိုနေစရာလည်းမလိုဘူးလေ။ အိမ်မှာကခေါ်ထားတဲ့လူအပြင် ဆိုင်မှာကော၊ အလုပ်ရုံမှာလုပ်တဲ့လူတွေကို သူများအလုပ်၇ှင်တွေလိုခွဲခွဲခြားခြား မဆက်ဆံတဲ့အတွက် တော်တော်လေးအနေချောင်တော့ နေတဲ့လူတွေက နှစ်တော်တော်ကြာအောင်နေကြတယ်။ သူများဆီမှာသွားလုပ်ပြီးရင်လည်း ကိုယ်ဆီပဲပြန်လာကြတယ်။
မအိမိုးနဲ့ဈေးဝယ်ထွက်ရင်သတိထားရတယ်။ ကျမဆိုကျောင်းပိတ်ရင်ဆိုရင် သူနဲ့ဈေးဆွဲခြင်းလိုက်ဆွဲတိုင်းပြေးပေါက်ကိုအရင်ကြည့်ထားရတယ်။ သူကဈေးဝယ်ရင် အရမ်းဆစ်တယ်။အဲဒီမှာဈေးသည်က စိတ်တိုပြီးအလေးနဲ့ချိန်ရော။ သူကဈေးသည်ကို "နင်တို့ကအရမ်းတင်ထားတာကိုး၊ မဆစ်လို့ရမလားတဲ့" ။ မအိမိုးကို ကျမတို့အိမ်ကမှန်းဈေးသည်တွေကသိတော့ "အမတောင်နင့်လောက်မဆစ်ဘူးတဲ့"။ သူတို့ပြောတဲ့အမဆိုတာ မေမေ့ကိုပြောတာပါ။
အဲဒါနဲ့မေမေက "အိမိုးရယ် နင်အဲဒီလောက်ထိဈေးမဆစ်ပါနဲ့၊ သူတို့မှာမ၇ှိလို့ဈေးရောင်းတာအမြတ်တော့ကျန်ဦးမှာ့ပေါ့တဲ့" ။မေမေကကိုယ်ကိုယ်တိုင် ကုန်သည်ဆိုပေမဲ့အဲလိုမျိုးပါ။ အမှန်မှာမအိမိုးအဲလိုဖြစ်တာ ရန်ကုန်ကကြီးကြီးကသွင်းပေးလိုက်တဲ့အကျင့်တွေပါ။ သူသနားဖို့ကောင်းတာက စာမသင်ခဲ့ရဘုး။ ကျမအဖွားနဲ့တွေ့တော့ သူ့အသက်က ၁၂၊ ၁၃ လောက်၇ှိနေပြီဆိုတော့စာသင်ဖို့နောက်ကျပြီး၇ှက်တတ်တဲ့အရွယ်ရောက်နေတော့ မသင်ဖြစ်တော့ဘူး။ သူကျမတို့အိမ်ကနေထွက်ပြီး မော်လမြိုင်က မွန်လူမျိုးအိမ်မှာသွားနေပြီး ကျမတို့အိမ်ပြန်လာနေတော့ ကျမအကြိုက်ပါဘဲ။ ဘာလို့လဲဆိုတော့ မွန်ပာင်းတော်တော်များများသူချက်တတ်လာတော့ ကျမတို့မောင်နှမတွေ တခါမှမစားဖူးတဲ့ပာင်းထူးထူဆန်းဆန်းတွေစားရတာပေါ့။
(စကားမစပ်- သထုံကမွန်ပြည်နယ်ထဲမှဆိုပေမယ့် သထုံမှာနေတာများတာက ပအိုဝ်၊ကရင်၊ ဗမာ၊ ကုလား၊ တရုတ် တွေပဲများပါတယ်။ မွန်တွေကိုတွေ့၇မှာက ရင်းငြိမ်ရွာကို ကျော်သွားပြီး ဇင်းကျိုက်၊အပေါင်လောက်ရမှစပြီးတွေ့ရမှာပါ၊ ဒါတောင်အများကြီးမပာုတ်သေးပါဘူး။)
ဒီလိုနဲ့နှစ်တွေကုန်လွန်လာရင်းက ကျမညီမလေး ၄တန်းလောက်မှာ မအိမိုးက ညီမလေးကို သူ့နာမည် ဘယ်လိုရေးရမလဲဆိုတာသင်လာခိုင်းတယ်။ အရင်တုန်းက အိမ်မှာသင်ပေးမယ်ဆိုတာမသင်ခဲ့ဘူး။ သူကိုယ်နှိုက်က လိုလိုလားလားဆိုတော့ အကုန်လုံးကစိတ်ဝင်တစားနဲ့သင်ပေးကြတယ်။ ညီမလေးသူစာကျက်ပြီးလို့ ရှိရင်မအိမိုးအခန်းကိုသွားသွားပြီးသင်ပေးတယ်။ နောက်လအနည်းငယ်ကျတော့ သူအိမ်က အလုပ်ရုံထဲကကောင်လေးတယောက်နဲ့ ရောရောနှောနှောဖြစ်လာတော့ မေမေကသိပ်မရောနဲ့လို့သတိပေးတာသူမကြိုက်ပါဘူး။အဲဒီကောင်လေးက သူ့ထက်ငယ်ပြီးမအိမိုးက ကျမတို့အမျိုးဆိုပြီး အပိုင်ပဲလို့တွက်တယ်ဆိုတာ သူမသိပါဘူး။ သူကရုပ်ရည်သန့်ပြီး ဆံပင်ကတင်ပါးထိအောင်လဲရှည်၊ အိမ်မှာလုပ်ပိုင်ခွင့်လဲ၇ှိတော့မဆန်းလှပါဘူး။အဲဒီရက်ပိုင်းမှာသူကလန်ကဆန်လုပ်လာပါတယ်။ မေမေ့ အင်္ကျီတချို့လဲ အဲဒီရက်ပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။မေမေဆူတာသူမကြိုက်တော့ မေမေ့အကျီတွေကို သူ ခြံနောက်ဖက်ကအလုပ်သမားတွေသုံးတဲ့ အိမ်သာထဲမှာသွားပြစ်ချတာနောက်များမှသိရပါတယ်။ သူလား မကြာပါဘူး။ အဲဒီကောင်လေးနဲ့လင်နောက်လိုက်သွားပါတယ်။သူလင်နောက်လိုက်မှာမို့လို့ ညီမလေးဆီမှာ လက်ထပ်စာချုပ်မှာ ဆိုင်းထိုးဖို့အတွက်စာသင်မှန်းနောက်မှသိပါတယ်။ကောင်လေးမိသားစုက မအိမိုးကို ကျမတို့အိမ်ကအမျိုးဆိုပြီးလိုလိုလားလားရှိပြီးနောက်တော့အမျိုးမပာုတ်မှန်းသိတော့ ဘယ်လိုဆက်ဖြစ်လဲမသိတော့ပါဘူး။ မေမေကသူတပါးကို သူမတူအောင်ကောင်းပြီးကူညီတတ်ပေမဲ့ သူ့ကိုစိတ်တိုအောင်၊စိတ်ဆိုးအောင်လုပ်ရင် သိတ်လှည့်မကြည့်တတ်ပါဘူး။ ကျမသထုံပြန်ရောက်တဲ့အချိန်ခဏလေးမှာ ရှမ်းခေါက်ဆွဲဆိုင်မှာစားနေတုန်း သူ့ကို ဆေးရုံကကလေးမွေးပြီး ဆင်းလာတာတွေ့တာ နောက်ဆုံးအကြိမ်ပါဘဲ။ နောက်တော့သူဘာလုပ်နေလဲ၊ဘာဖြစ်နေလဲဆိုတာမသိတော့ပါဘူး။
.....ပိာုးငယ်စဉ်ကဘဝမှာခဏရှိဖူးခဲ့တဲ့ လူတယောက်အကြောင်းပါ။ ကျမအတွက်တော့ လူတယောက်အကြောင်း၊ ဖြစ်လေ့ဖြစ်ထရှိတဲ့လူတွေရဲ့ဘဝတွေထဲက အစိတ်အပိုင်းလေးတခုမို့ရေးလိုက်ရတာပါ။......

Sunday, June 21, 2009

ငယ်ဘဝအမှတ်တရလေးများ (၁)

ကိုယ်နဲ့ဆိုင်တဲ့ငယ်ငယ်တုန်းက မှတ်မှတ်ရရကတော့ နွေရာသီကျောင်းပိတ်ရက်ရောက်ပီဆိုရင် အဖိုးက ကိုယ်နဲ့မောင်လေးကို ခေါ်ပြီး ကတုံးတုံးပေးတော့တာပဲ.. အဲလိုနဲ့နွေရာသီတွေကို ကတုံးဘဝနဲ့ ဖြတ်သန်းခဲ့ရတယ်..။ ဘာကြောင့်ခေါင်းတုံးတုံးရတာလဲဆိုတော့ နွေရာသီမှာ မျောက်ရှူံးအောင်ကစားလို့တယ်လေ.။ ဟုတ်ပ ..ကစားတာကလဲလွန်ပါတယ်.။ ထမင်းစားချိန်နဲ့ အိပ်ချိန်ပဲ အိမ်ပေါ်မှာ ကျန်တဲ့
အချိန်တွေကတော့ ခြံထဲမှာ မျောက်မူးလဲအောင် ဆော့ပါတယ်။
များသောအားဖြင့်ကတော့ ကျမတို့မောင်နှမနဲ့အဖော်ရအောင် အိမ်မှာခေါ်ထားတဲ့ ကောင်လေးတယောက်နဲ့ ကစားရပါတယ်.။ နောက်အိမ်ရှေ့အိမ်က မောင်လေးနဲ့ရွယ်တူ ကောင်မလေး အပါအဝင် အားလုံးပေါင်း၎ယောက်..လောင်းကျော်ကြလေသတည်း.။ တခါတလေ ရန်ကုန်မှာနေတဲ့ မောင်နှမဝမ်းကွဲတွေ သထုံကိုရောက်လာလို့ ကစားကြရင် ခြံထဲရော အိမ်ထဲမှာပါ တိုင်းပြည်ပျက်သလား အောက်မေ့ရပါတယ်.။ အဲဒါကို အဖိုးအဖွားတွေက ရွာထဲသူပုန်ဝင်တယ်လို့ ပြောကြပါတယ်.။ ဖိုးဖွားတွေက ခဏခဏအလှူလုပ်ကြတော့ ရန်ကုန်က အမျိုးတွေကလည်း သထုံကို ခဏခဏချီတက်လာကြပါတယ်.။ အဲလိုဆိုတော့ ဖိုးဖွားတွေအိမ်ကို သူပုန်ဝင်ခံ ခဏခဏ ထိပါတယ်.။ အမှန်တကယ် အပြင်မှာလည်း သထုံမြို့ထဲကို ၁၉၈၀ မတိုင်ခင်ကအထိ သူပုန် ခဏခဏဝင်ခံထိတယ်လို့ လူကြီးတွေပြောသံကြားဖူးတယ်..များသောအားဖြင့်ကတော့ နို့တလုံးစိန်ဆိုတဲ့ အမျိုးသမီးနဲ့အဖွဲ့က မြင်းတွေစီးပြီး မြို့ထဲဝင်တယ်တဲ့.။
အခုဒီလို မောင်နှမတွေအကြောင်းရေးမိတော့ ဟိုးငယ်စဉ်ဘဝကို တမ်းတမိပြီး မောင်နှမတွေအားလုံးနဲ့ ခဏလောက်ဖြစ်ဖြစ် ပြန်တွေ့ချင်မိတယ်..။ ကျမတောင်းဆိုတာ သိပ်မလွန်ပါဘူးနော်.။ အခုတော့ အကုန်လုံးက တယောက်တနေရာစီမှာ…ဒါပေမဲ့ ကိုယ်တယောက်ထဲက အားလုံးနဲ့ဝေးရာစီမှာ..။

ကျမတို့ငယ်ငယ်က ရန်ကုန်ကအမျိုးတွေလာရင် အကုန်လုံးစုပြီး မိုးရာသီဆိုရင် စမ်းချောင်းမှာ ရေအမြဲသွားကူးစမြဲ၊ နွေရာသီဆိုရင်တော့ မြသပိတ်တောင်၊ ဘုရားငါးဆူ၊ ရွှေဘုန်းပွင့် တို့ကိုအမြဲတက်ဖြစ်စမြဲ.။ ကျမတို့မြို့မှာက စမ်းချောင်းက မရှိဘူးဆိုရင်တောင်မှ ၄,၅ ခုလောက်တော့ရှိတယ်။ ဟိုးငယ်ငယ်တုန်းကဆိုတော့ အကိုတွေကဘောင်းဘီတိုလေးတွေနဲ့ ကျမတို့ညီအမတတွေက ရှင်မီးစွပ်ကျယ်၊ ဘောင်းဘီတိုလေးတွေနဲ့ ၊ စမ်းချောင်းနားရောက်လို့ ဘကြီးက ကားကိုအရှိန်လျှော့ရုံပဲရှိသေး ကျမတို့တွေက ကားပေါ်ကခုန်ဆင်း ရေထဲကိုတဗွမ်းဗွမ်းနဲ့ခုန်ချတော့တာပဲ။ အခန့်မသင့်ရင်တော့ ကြီးကြီးရဲ့ လက်ခေါက်နဲ့ခေါင်းကို သို့မဟုတ် ဗိုက်ကြောကို မိတ်ဆက်ဖြစ်တယ်။ အဲဒီ ကြီးကြီးရဲ့လက်သံက တော်တော်ပြောင်ပါတယ်။ အကိုဝမ်းကွဲတွေကတော့ သူတို့အမေရဲ့လက်သံကို ခဏခဏ မြည်းခွင့်ရနေတဲ့အတွက် သူတို့က အေးဆေးပဲ။ ကျမကတော့ ကြီးကြီး ရဲ့လက်သံကို ကျိုက်ထီးရိုးမှာ တခါမြည်းခွင့်ရလိုက်ပါတယ်..။ ကိုယ်ကဆိုးလို့မဟုတ်ပါဘူး။ မနက်ဝေလီဝေလင်း မနက် ၄ နာရီလောက်ကြီး စေတီရင်ပြင်ပေါ် ကောက်ညင်းပေါင်းစားနေတဲ့အချိန်မှာ.. အဲဒီတုန်းက အလင်းရောင်ကလည်းမှုန်ဝါးဝါး မမြင်မစမ်းတဲ့အချိန် ကျမဗိုက်ပေါ်မှာ ပူပူလောင်လောင် စပ်ဖြင်းဖြင်းအရသာ ခံစားရတော့ အသံတောင်ချက်ချင်းမထွက်နိုင် ဘာဖြစ်လို့ဖြစ်မှန်းတောင်မသိ နောက်မှ ….အား… လို့ အော်မိမှ ကြီးကြီးကလန့်ပြီး ကျမမျက်နှာကို သေချာကြည့်ပြီးမှ ကျမကို သူ့သား ကျမအကို ..ကိုမင်းနဲ့မှားပြီး ဗိုက်ခေါက်ဆွဲလိမ်မိတာပါတဲ့။ မောင်နှမတွေက တနှစ်ကြီးတနှစ်ငယ် ဆိုတော့အရပ်တွေက မတိမ်းမယိမ်း၊ မှောင်ကြီးထဲမှာဆိုတော့ကလေးတွေမှားကုန်တာပေါ့။..ကျမအကို ကိုမင်းကတော့ သူ့အစားခံပေးတဲ့ ကျမကို ကျေးဇူးတွေတင်လို့ တပြုံးပြုံးနဲ့..ငါ့အမေလက်ရာစားကောင်းလားလို့ခဏခဏမေးပါတယ်.။အဲဒီတုန်းက အသက်က ၈နှစ် ၉နှစ် ဝန်းကျင်ပဲရှိလိမ့်ဦးမယ်။ မြန်မာနိုင်ငံကနေ မထွက်ခွါခင်အထိ .အမျိုးတွေစုံလို့ စကားစပ်မိရင် အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ခဏခဏအစခံရပါတယ်။
နောက်ပြီး မြသပိတ်တောင်တက်ရင်လဲ တောလမ်းကတက်ပြီးတောလမ်းကပြန်ဆင်းဖြစ်တာများပါတယ်.၊ တောလမ်းနဲ့ မြို့လမ်းဆိုပြီးရှိပါတယ်။ မြသပိတ်ဘုရားလမ်း ဇေတဝန်ကျောင်းအရှေ့ရှိ မုဉ်ဦး ကလှေခါးနဲ့တက်တဲ့လမ်းကမြို့လမ်း ..အဲဒီဘေးက မြေသားနဲ့လမ်းကိုတော့တောလမ်းပေါ့။ တောလမ်း နဲ့တက်ရတဲ့ လမ်းကို ပိုပြီးသဘောကျပါတယ်။ အရင်ဆုံး မြသပိတ်ဘုရားဖူး၊ နောက် ဘုရားငါးဆူ က ဘုန်းဘုန်းလေးကျောင်းကို သွား၊ မနက်စောစော ရောက်တဲ့အခါဆိုရင်တော့ ဘုန်းဘုန်းလေးကို ကန်တော့ပြီးပြန်ပါတယ်။ နောက်ကျမှတောင်ပေါ်တက်လို့ နေမွန်းတည့်လောက်ဆိုရင်တော့ ဘုန်းဘုန်းလေးကျာင်းမှာ ဝါးတီးဖွင့်ပါတယ်။ မနက် ၉ နာရီလောက် တောင်ခြေပြန်ရောက်ရင်တော့ တောင်ခြေမှာ ထန်းရေနဲ့ အာဗြဲခြောက် ကို ဝင်တီးကြဖြစ်ပါတယ်။နောက်ထပ် ရှိသေးတဲ့တောလမ်းတခုကတော့မရမ်းချောင်မှာရှိတဲ့ ခေမာရာမ သီလရှင်စာသင်တိုက်ကနေဖြတ်ပြီးတော့ သွားရတဲ့လမ်းပါ။ လူတော်တော်များများက အရင်ပြောခဲ့တဲ့ လမ်း၂ ခုဆီကသွားတာများပါတယ်။ သထုံမြို့မှာ ခေမာရာမ သီလရှင် စာသင်တိုက်ဖြစ်လာအောင် ဖိုးဖိုးဖွားဖွားတွေက
စတင်တည်ထောင်ပေးတဲ့ ဒကာရင်းတွေဖြစ်တာကြေင့် ကျမတို့တွေက သီလရှင်ကျောင်းကို ဥဒဟို သွားနေတော့ အမြဲလိုလို ခေမာရာမက တောလမ်းကနေတဆင့် မြသပိတ်တောင် ကိုတက်ဖြစ်တာများပါတယ်။
အဲဒီခေမာရာမကျောင်းဘေးမှာကျောက်ရေတွင်းဆိုတာရှိပါတယ်.။အဲဒီနား ပတ်ဝန်းကျင်ကလူတွေ၊ သီလရှင်တွေ နဲ့ အဲဒီကျောင်းတက်တဲ့ လူအချို့သာ ဒီကျောက်ရေတွင်းရှိတယ်ဆိုတာ သိမယ်ထင်ပါတာယ်။ ကျောင်းနားမှာနေတဲ့သူတွေက မရှိဆင်းရဲသားများတော့ ချိုးရေသောက်ရေအတွက် ကျောက်ရေတွင်းကရေက အားထားရပါတယ်။ ညနေစောင်းကျရင် ရေလာခပ်တဲ့ လူတော်တော် များများကိုတွေ့ရတတ်တယ်။ ကျောက်ရေတွင်းဖြစ်လာတာကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကျန်စစ်သားမင်း သထုံပြည်ကို လာတိုက်စဉ်တုန်းက ရေဆာလို့ လှံနဲ့ ထိုးရာမှနောက် ခေတ်အဆက်ဆက်ပြောင်းရာမှ ဒီကျောက်ရေတွင်းဖြစ်လာတယ်လို့ပဲ ကြားဖူးပါတယ်။ သေသေချာချာ ဂဂဏဏတော့မသိပါ။ ကျမအမေးကို ခံရတဲ့လူတိုင်း က ကလေးပီပီနေစမ်း၊ အရမ်းစပ်စုတာပဲဆိုတော့ အကြည့်ကို ခံရလွန်းတော့ ဒီလောက်နဲ့ပဲတော်လိုက်ရပါတယ်။ ကျောက်ရေတွင်းကရေတွေက ဒီညနေ ခပ်လို့ ရေနည်းသွားရင်တောင်မှ မနက်ဖြန်လာကြည့် ရေကအမြဲပြန်ပြည့်ပြီး ၁၂ ရာသီပတ်လုံးရေမခမ်းပါဘူး။ အဲဒီကျောက်ရေတွင်းရှေ့ လျှိကနေတည့်တည့်ဆက်သွားလို့ရှိရင် တောကနက်သွားပါပြီ။ သီလရှင်ကျောင်းက နွေရာသီ မှာရေမလောက်ရင် လျှိမှာရှိတဲ့ စိမ့်စမ်းရေကိုပိုက်နဲ့ သွယ်ပြီး ကျောင်းထဲကိုယုရတယ်လေ။ကျမ ၁၀ နှစ်သမီး သီလရှင်ဝတ်စဉ် လျှိထဲကရေပိုက်ပြတ်တော့ တခြားသီလရှင်တွေနဲ့အတူလုပ်အားပေးလိုက်တာပေါ့။အမှန်တကယ်ကရောက်ဖူးချင်လို့ပါ။လျှိထဲဝင်တာနက်လေ ခြင်ကိုက်ခံရတာ ရွာမှာ စတုဒီသာကျွေးလို့ လူတွေ ပျားပန်းခပ်မျှ များတယ်ဆိုတာထက် ၁၀ဆ မက ဆိုးပါတယ်။တဝီဝီနဲ့သံစဉ်တီးဝိုင်းလိုပါပဲ။ ကျောင်းကတောင်ခြေမှာရှိလို့ကော၊သီလရှင်တော်တော်များများက ကရင်ပြည်နယ်၊ မွန်ပြည်နယ်အောက်ဘက်ကလာတာများလို့ နဂိုကတည်းက ငှက်ဖျားရောဂါကပါလာပြီးသား။
ကျမ မယ်သီလရှင် တောထဲသွားတာ အိမ်ကသိတော့ လူကြီးတွေကဆူပါလေရော။ အရမ်းခြေရှည်တာပဲတဲ့။ ငှက်ဖျားရောဂါရမယ်ဆိုပြီးတော့။ ကျမကတော့ သူတို့တွေကို ကြည့်ပြီး ငါ သီလရှင် ကို ဆူနေတာ ငရဲကြီးမှာပဲဆိုပြီး မျက်လုံးလေးပေကလပ်၊ ပေကလပ်နဲ့ ။
ငယ်ငယ်တုန်းကအဲလိုမျိုးလေးပါ။

ဇာတ်ကြောင်းလှန်ခြင်း


မူလတန်းအစ…

ကျမငယ်ငယ်မူလတန်းအစက သိပ်ပြီးပျော်စ၇ာမကောင်းခဲ့ဘူး.။ ဘာကြောင့်လဲဆိုတော့ ကျမကအရေးခင်းပြီးနောက်ပိုင်းမှ သူငယ်တန်းကို စကျောင်းတက်ခဲ့ရတာဆိုတော့ အ၇င်ကလူဟောင်းတွေက တော်တော်ဆရာလုပ်ချင်ကြတယ်။ လူဆိုတာကလဲ ကိုယ်ကိုတိုင်ခံကြရမှ နားလည်ကြတယ်။ အခုချိန် ပြန်စဉ်းစားကြည့်တော့ ကလေးတွေဆိုတော့ ဒီလိုပဲပေါ့။ နောက်ပြီးကစားကြရင် အုပ်စုလိုက်အဖွဲ့တွေကစားကြ အဝေမတည့် ရန်တွေဖြစ် အုပ်စုတွေကွဲ တယောက်နဲ့တယာက် စကားတွေမပြောကြ..။ အိမ်မှာ ကိုယ်က မောင်နှမ ၃ ယောက်ထဲမှာအကြီးဆုံး..ကိုယ်ရှေ့မှာစာကြိုးစားဖို့ ပြောမဲ့လူတယောက်မှမရှိ သေသေချာချာ နားမလည်ရင် ရှင်းပြမယ့်လူတယောက်မှမရှိ ၊ ကျူရှင်ကိုပို့ပေမယ့် ၃ တန်းလောက်အထိ စာကိုသေသေချာချာ မကြိုးစားဖြစ်ခဲ့ဘူး.။ နောက် ၄ တန်းလောက်ကြမှ စာကိုကြိုးရမှန်းသိလာခဲ့တယ်..။ သိတတ်တဲ့အရွယ်ရောက်လာတော့ စာမရတာ ရှက်စရာဆိုတာ သိလာခဲ့တယ်..။ ၄ တန်းတုန်းက မြန်မာစာသင်တဲ့ ဆရာမက စာမရရင် နားရွက်ဆွဲပြီး စင်္ကြန်မှာ ဟိုဘက်ဒီဘက်ကို နားရွက်ဆွဲပြီး လမ်းထွက်လျှောက်ခိုင်းတယ်..။ အဲလိုဆိုတော့ စာကမကျက်ဘဲနဲ့ နေလို့မရတော့ဘူးလေ..။ ကျမ အဲဒီလောက်အထိ စာကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက တရက်မှာဆရာမစာမေးတော့ စာမရတဲ့လူတွေက အတန်းအနောက်မှာ အပြစ်ပေးခံရဖို့အတွက် သွားပြီးရပ်နေရတယ်…၊ ကျန်တဲ့လူတွေက ကိုယ့်အလှည့်ရောက်ဖို့အတွက် ဆရာမဘက်ကို မျက်နှာမူနေတဲ့အချိန်မှာ ကျမတို့ရဲ့အနောက်ဘက်က ရေကျတဲ့အသံကြားလို့ ကြည့်ကြည့်တော့ အပြစ်ပေးရဖို့ရပ်နေရတဲ့အထဲက မိန်းကလေးတယောက်က ရှူးတွေပေါက်ချလိုက်တာကိုး.။ အနားကကျောင်းသားတွေလည်း ရှူးနဲ့ဝေးရာကို ရွှေ့ကြပေါ့…အကုန်လုံးကလည်းကြောင်ပြီးကြည့်နေကြသေးတယ်။ နောက်ပြီးမှ ဆရာမက ကျောင်းသားတယောက်ကို အောက်ထပ်က စာသင်ခန်းကိုလွှတ်ပြီး အဲဒီရှုးပေါက်ချထားတဲ့နေရာအောက်က ကျောင်းသားတွေကိုနေရာရွှေ့ခိုင်းရတယ်..။ အဲဒီမိန်းကလေးက နှစ်ကျ ခန္ဒာကိုယ်ကလည်းကျန်တဲ့ လူတွေထက်လဲကြီးတော့ မစရဲတော့ ကျန်တဲ့လူတွေလည်း အဲဒီဟာကိုမေ့မေ့ပြောက်ပြောက် ဖြစ်သွားကြတာပါပဲ..။