Wednesday, November 11, 2009

သြော် အသက် အသက်..




ငယ်သူငယ်ချင်း ၂ ယောက်နှင့် ပြန်ဆုံစဉ်ပြောမိသော စကားများ


၂၀၀၃ ခုနှစ် - သူငယ်ချင်း ရဲမြင့်ထွန်းနှင့် အသက် ၂၀ အရွယ်တွင်ပြောမိသော အကြောင်းအရာ

ကျမ- “နင်က ကိုယ်နဲ့ ရွယ်တူ ဒါမှမပာုတ် ငယ်တဲ့ကောင်မလေးတွေကို မကြိုက်ပဲ ဘာကြောင့်ကိုယ့်ထက်ကြီးတဲ့ မမတွေကို ကြိုက်ရတာလဲ ။ ငါကတော့ မမနဲ့မောင်လေး ဇာတ်လမ်းမကြိုက်ဘူး.။ ညီမလေးနဲ့ ကိုကြီးကမှ နဲနဲ တော်အုန်းမယ်..”

သူငယ်ချင်း - “ နင်ဘာသိလို့လဲ ငါက အသက်၂၀ ဆိုတော့ ငါ့ထက်ငယ်တာကို ကြိုက်ရင်ကလေးတွေပဲ ရှိမှာပေါ့။ သူတို့တွေကို ကြိုက်ရင် ဂဂျီဂဂျောင်ကြမှာပေါ့ ။ ငါကြီးပဲ အလျှော့ပေးနေရမှာ..။ အခု ငါကမမတွေကို ကြိုက်တော့ အဆင်ပြေတယ်လေ.။ သူတို့ က အခုအချိန်မှာ ငါ့ထက်လူကြီးဆန်ပြီး ကလေးတွေလို ပူညံပူညံ သိပ်ရှိမှာ မပာုတ်ဘူးလေ..”

၂၀၀၉ ခုနှစ် - ၆ နှစ်ခန့် ကြာသောအခါ..

ကျမ- “ ပော့ နင့်မမတွေရဲ့ ဇာတ်လမ်းက ဘယ်လိုလဲ”

သူငယ်ချင်း - “ နင်ကလဲ အခုမှ တရေးနိုးလာတာလား ။ မမဇာတ်လမ်းက နောက်မှ ကျန်ခဲ့ပြီ”

ကျမ - “ဘယ်လို ဘယ်လို ဘာဖြစ်လို့တုန်း”

သူငယ်ချင်း - “ အခုအချိန်မှာ မမတွေကို ကြိုက်ရင် ငါ့ထက် အသက်ပိုကြီးပြီး အိုနေမှာပေါ့ပဲာ့ ။ အခု ငါ ညီမလေးတွေကိုပဲ ကြိုက်တော့တယ် ။ ငါက ၂၆ ဆို သူတို့လေးတွေက အခုမှ ၂၀ လေးတွေ.. ဒါမှမပာုတ် ဒီထက်တောင် ငယ်ချင် ငယ်ဦးမှာ ”

ကျမ - “အင်း သိပ်လဲ ကောင်းကောင်း မကြိုက်ရှာဘူးကိုး”


ဒါလေးက ပထမပိုင်း ပေါ့


နောက် ဒုတိယပိုင်းက

နယ်မြို့လေးမှာနေတဲ့ အထက်တန်းကျောင်းသူ သူငယ်ချင်းများနဲ့ ၁၉၉၉-၂၀၀၀ ခုနှစ်တုန်းက ဆိုရင် နွေကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ စက်ဘီးကိုယ်စီ စီးပြီး ရန်ကုန်- သထုံ အထွက် ကားလမ်းနံဘေးက အသုတ်စုံဆိုင်မှာ သွားစားနေကြပေါ့. ကျမတို့အုပ်စု က ၅ ယောက်လောက်ပေါ့..။

နောင် ၁၀ နီးပါးခန့်ကြာပြီး အဲဒီ အုပ်စုထဲမှ သူငယ်ချင်း ဖြူဖြူနဲ့ Facebook မှာ ဆုံပြီး စကားပြောသော်
ကျမ- “ ဖြူဖြူ ငါတို့ ငယ်ငယ်တုန်းကလို ငါ သထုံပြန်လာရင် နင်ပါမြို့ကို ပြန်လာပြီး ပိာုတုန်းကလို စက်ဘီး စီးပြီး မုန့်သွားစားရအောင်လေ..။”

၅မိနစ်ခန့် သူမရဲ့ ပြန်ကြားချက်ကို စောင့်ပြီးသော်

သူငယ်ချင်း - “ ငါတို့ကအရင် ကလို ၁၆ နှစ် မပာုတ်တော့ ဘူး။ ၂၆ နှစ် ရှိနေပြီ..။ ဘယ်လိုလုပ်ပြီး ငယ်ငယ်တုန်းကလို ရတော့မှာလဲ ..မနင်းချင်စမ်းပါနဲ့ ပာယ်....။”

ဖြူဖြူ ကတော့ စက်ဘီးစီးတာကို အကြေက်အကန်ငြင်းတယ်..။ ပိာုတုန်းကထဲက သူက စက်ဘီးစီးတာ သိပ်မကျွမ်းလို့ မှောက်ကျဘူးတာကိုး.။ ဂုန်းဆင်းဆိုရင် သူ့နောက်ကလိုက်စီးတာ အဆင်ပြေပေမဲ့ အိမ်အပြန်ဂုန်းတက်ဆိုရင်တော့ သူကလဲ မနင်းနိုင် ၊ ကျမလဲ စီးရမှာ ခပ်လန့်လန့်ဆိုတော့ ၂ ယောက်သားစက်ဘီး ကို တွန်းပြီး အိမ်ပြန်ရတာလဲ များတာကိုး….။

သူပြောတာလဲ ပာုတ်သားလို့စိတ်ထဲက တွေးမိတယ်…။ ကျမတို့ ၂ ယောက်သား စက်ဘီးအခုချိန်မှာ စီးတာကို မြင်ယောင်ကြည့်ရင် မြသပိတ်တောင်ခြေကနေ ပီပါ ၂ လုံးကို တွန်းချလိုက် သလိုဖြစ်နေမလား မသိဘူး။

ကိုယ့်ပာာနဲ့ကိုယ် ငြိမ်ငြိမ်နေပြီး မစီးတာကမှ ကောင်းဦးမယ်….။


သူငယ်ချင်း၂ ယောက်နဲ့ အဲလိုပြောမိတော့မှ ကိုယ့်ထက်ငယ်တဲ့အငယ်မရှိလို့ ၈ နှစ်ကြာအောင် ကိုယ့်ကိုယ်ကို ငါတော့ အသက်မကြီးသေးပါဘူး..။ အရင်အတိုင်းပဲလို့ မြင်နေတဲ့ စိတ်ကလေး ပျောက်ကုန်ပြီး ငါလဲ တော်တော် အသက်ကြီးလာနေပြီလို့ သံဝေဂရမိတယ်..။

အသက်ကြီးလာရင်လဲ လူတွေရဲ့ အတွေးအခေါ်တွေလဲ ပြောင်းလဲလာတာကိုလဲ ပြန်ဆင်ခြင်မိတယ်..။ ကျမအပါအဝင်ပေါ့..။

ဒါကြောင့်မို့ အပေါင်းအသင်းဆိုရင် ကိုယ့်ထက်ကြီးသူနဲ့ပဲ ပေါင်းချင်တယ်..။ ငယ်သူဆိုရင် အမြဲတမ်းကိုယ့်ကို အသက်ကြီးလာပြီ ဆိုတာကို remind လုပ်နေမှာ စိုးတယ်လေ..။ အပွာတ် ..အပွာတ်..။

ဒါပေမဲ့ ကြီးသူကော ၊ ငယ်သူကိုကော အကုန်လုံးကို ခင်တတ်ပါတယ်..


သထုံသူ
November 11,2009
3:08pm

No comments:

Post a Comment