Monday, October 12, 2009

စိန်စိန်နှင့်နောက်ဆက်တွဲ



စိန်စိန်နှင့်နောက်ဆက်တွဲ..

စိန်စိန့်အကြောင်းရေးထားတာ အကြမ်းပဲ ရှိသေးတာကိုမှားပြီး ပို့စ်လုပ်မိပြီး ဘယ်လိုလုပ် တခုတဲဖြစ်အောင်လုပ်ရမှန်း မသိလို့ နောက်ပို့စ် အနေနဲ့ပဲရေးလိုက်တော့မယ်…

ကျမငယ်ငယ်က တခါကျတော့ ပြောစကားနားမထောင်လို့ မေမေက ရိုက်မယ်အလုပ်မှာ စိန်စိန်က ကျမအသားနာမှာစိုးလို့ လှမ်းကာတာ အိမ်နောက်ဖေး မီးဖိုချောင်မှာမေမေက အေ၇ှ့ကရိုက်မယ်လုပ်ရင် စိန်စိန်ကအလယ်မှာ ဝင်ခံပြီး ကျမကို သူ့အနောက်ကိုပို့ပြီး ကာထားတာ ကျမတို့၃ ယောက်သား ဝိုင်းကြီးပတ်ပတ် ကစားနေလားတောင်ထင်ရတယ်.။
ဒါပေမဲ့ စိန်စိန်က မေမေ့ကို အမရယ်. ကလေးပဲ ဘာသိမှာလဲ ဆိုပြီးပြောတော့ ကျမလွတ်ငြိမ်းချမ်းသာခွင့်ရသွားတယ်.။ ဘာကိစ္စနဲ့ ရိုက်ခံထိခဲ့ရတာ စဉ်းစားလို့တော့မရတော့ဘူး။ စိန်စိန်က ကျမကို သူရွာကို မပြန်ခင်မှာသွားတယ်။ အိမ်မှာ လိမ်လိမ်မာမာနေနော်။ စိန်စိန်မရှိရင် သမီးကို ဆွဲပေးမဲ့လူရှိမှာ မပာုတ်ဘူးဆိုပြီး..။နောက်ပိုင်းတော့ ကျမ အဲလိုဆူခံလဲမထိအောင် နေသွားခဲ့တဲ့လို့ထင်တာပဲ။

စိန်စိန်က အဲဒီတုန်းက ၁ရ နှစ် ၁၈ နှစ်လောက်လို့ထင်တယ်.။ ကျမက ၅ နှစ် ၆နှစ်လောက်၊ ကျမတို့ ၂ ယောက် ဘယ်သွားသွား အတူတူဆိုတော့ တနေ့ ငါးစိမ်းတန်းမှာ ဈေးဝယ်ထွက်တော့ ကျမကစိန်စိန်လက်ကို ကိုင်ပြီး တောင်ငေးမြောင်ငေး လုပ်နေချိန် ကျမတို့ရှေ့က လမ်းလယ်ခေါင်မှာ ချထားတဲ့ လင်ဗန်းထဲက ငါးအရှင်တကောင် ခုန်ထွက်ပြီး အပြင်ကိုပျံလိုက်တာ ကျမမှာ မြွေတကောင်ခုန်တယ်ထင်ပြီး စိန်စိန့်ကိုယ်ပုံကို ဘယ်လိုခုန်တက်တယ် မသိဘူး.။ တခါတဲ သူ့ ပခုံးပေါ်ကိုရောက်ရော.။ဈေးသည်တွေခမျာ ငါးကို ဖမ်းရတာတမျိုး၊ ကျမတို့ ၂ ယောက်ဈေးလယ်ခေါင်မှာ ကိုယ့်လို့ကန့်လန့်နဲ့ ဖြစ်ပုံကို ကြည့်ပြီး ရယ်နေကြလိုက်တာမျိုးနဲ့။ အဲဒီအဖြစ် ဖြစ်ပြီး နောက်ပိုင်း ငါးစိမ်းတန်းကို နောက်၃ ၊ ၄ နှစ်နေမှ ရောက်ဖြစ်တော့တယ်.။

ကျမက စိန်စိန်နဲ့ ဆိုဘယ်ဖြစ်ဖြစ် လမ်းသလားချင်တော့ နောက်ထပ် ဒုက္ခရောက်တာရှိသေးတယ်.။ ဘယ်တော့မှလဲ စိတ်မှတ်မရှိပြန်ဘူး…။
ကျမ ၁ တန်းနှစ်လောက် က မိုးတွေအရမ်းရွာနေတဲ့ မိုးတွင်းကြီးမှာ စိန်စိန်က သူ့ရွာက သူငယ်ချင်းတယောက်ဆီ သွားဖို့ပေါ်လာတယ်.။ အဲဒီသူငယ်ချင်းနာမည်တော့ မေ့သွားပြီ။ ဒါပေမဲ့ လူကိုမြင်ရင် ကျမ သူ့ကိုမှတ်မိတယ်။ သူကလဲ ကျမကိုချစ်သလို ကျမလဲ သူ့ကို ချစ်ခဲ့တယ်.။ အဲဒီအမ အိမ်ထောင်ကျသွားပြီး သူ့ယောကျာ်းနဲ့ ကျမတို့ မြို့ရဲ့ အောက်ပိုင်း အောင်ဇေယျ ကွက်သစ်မှာနေ နေတယ်ဆိုလို့ စိန်စိန်က သွားတွေ့မှာ.။ ကျမက ကိုယ့်နားထဲမှာ ဒီကွက်သစ်နာမည်ကို ကြားဖူးပေမဲ့ မရောက်ပါဘူး.။ ငယ်လဲငယ်တော့ ကွက်သစ်ဆိုတာဘာလဲပေါ့. ။ ကွက်သစ်ဆိုရင် ဘာများလဲဆိုတာ သိပ်ပြီး သိချင် စူးစမ်းချင်နေတော့ စိန်စိန်က အဲဒီကို သွားမယ်ဆိုတာ သိကထဲက သူ့နားကကို မခွါတော့ဘူး။ စိန်စိန်က ကျမကို မလိုက်နဲ့ ။ အဲဒီနေရာက ညစ်ပတ်တယ်။ လူမိုက်တွေနေတာ မကောင်းဘူးဆိုလဲ ကျမက မရဘူးဆို မရဘူးပဲ။ အဖိုး အဖွားတွေက စိန်စိန် တယောက်ထဲသွား၊ မိုးတွေရွာနေတော့ ကျမကို ခေါ်မသွားစေချင်ဘူး။ အဖိုးအဖွားတွေ နေ့ခင်းဘက် အိပ်ချိန်မှာ စိန်စိန် အိမ်ကထွက်မယ်လဲလုပ်ရော ကျမ စိန်စိန့် ထမီကိုလက်ကဆွဲပြီး လွှတ်ကိုမလွှတ်တော့တာ..။ကျမ အဲလို စိန်စိန့်အပေါ်ဆိုးခဲ့တာ။ ကျမ ဘယ်လောက်ဆိုးဆိုး စိန်စိန်ပာာ ကျမကို ဘယ်တော့မှ မအော်ငေါက်ခဲ့။ စိတ်လဲ မဆိုးခဲ့ဘူး..။
ကျမလဲ သူထမီကို တရွတ်တိုင်ဆွဲပြီးလိုက်တော့တာ.။ သူလဲ ကျမကို မနိုင်တော့ ကဲ ကဲ ဆြို့ပီး အိမ်က လူကြီးတွေ ကျမ ပါသွားမှန်း မသိအောင် ခိုးထွက်ခဲ့ရတယ်.။ အဲလိုနဲ့ ကျမတို့ ၂ ယောက်သားထီးတချောင်းနဲ့ ကွက်သစ်ကို ထွက်လာပါလေရော.။
မိုးတွေကလဲ အဲဒီနေ့ကမှ ရွာလိုက်တာပြောမနေနဲ့..။ ကွက်သစ်က မြို့ရဲ့ အောက်ပိုင်းဆိုတော့ သွားရင်း သွားရင်းနဲ့ မြေကနိမ့်နိမ့်လာ..။ အဲဒီဘက်ပိုင်းမှာ ရေတွေကလဲ ကြီးနေ ။ ကျမတို့မြိ့ရဲ့ အပေါ်ဘက်ပိုင်းက ရေတွေက မိုးရွာရင်အဲလို အောက်ပိုင်းကစီးဆင်းသွားတာ အဲဒီတော့မှ ကျကျနနမြင်ရတာ။ ကျမ က ၁တန်းနှစ်ပဲ ၇ှိသေးတာဆိုတော့ အရပ်ကပုပုလေး။ တဖြည်းဖြည်း လမ်းကလျှောက်ရင်းနဲ့ ရေတွေက ကျမခါးလောက်လဲ ရောက်လာရော ကျမလဲလန့်လာတော့ စိန်စိန်က ထီးတဘက်ကိုင်ရင်းနဲ့ ကျမကို ခါးထစ်ခွင်ချီထားရတယ်။ ကျမတို့ နားကို လှေလှော်ပြီး ရောက်လာတဲ့ကောင်လေးကို စိန်စိန်က သူ့သူငယ်ချင်းအိမ်ကို သွားလို့ရလားလို့မေးတော့ ကောင်လေးက အမ အဲဒီထိဆိုရင် ကုန်းကြောင်းသွားလို့မရဘူး။ ရေကြီးနေချိန်ဆိုလှေနဲ့မှ သွားလို့ရမှာလို့ ပြောတော့မှ စိန်စိန်နဲ့ကျမနောက်ကြောင်းပြန်လှည့်လာကြတယ်..။အဲဒီတုန်းက ကလေးဆိုတော့ အရမ်းရေတွေများနေတာကို ကြည့်ပြီး ပင်လယ်လောက်ရေတွေများနေတာလောက်ထိကို ထင်မိခဲ့တယ်။

ကျမ တို့၂ ယောက် ကွက်သစ်ကနေ လှည့်ထွက်လာတော့ ကျမတို့ ၂ ယောက်ရုပ်ပာာ ရေပက်ခံထိထားတဲ့ ကြွက်စုပ်လိုပဲ။ အောက်ပိုင်းကလဲစို အပေါ်ကထီးကလဲမလုံနဲ့ကိုး.။

စိန်စိန်နဲ့ ကျမ အိမ်နောက်ဘေးခြံက စောင်းလျားသီးတွေ သွားခိုး ခူးတာ အိမ်ရှုင်ကုလားမကြီး ခုနစ်သံချီအော်တော့မှ ကျမတို့ ၂ ယောက် ဝါးလုံးကို ပစ်ချပြီး အိမ်ဘက်ကို ပြေးတာတန်းနေတာပဲ.။
အဲလိုမျိုးတွေလုပ်ခဲ့တာ ကိုယ့်ကိုကိုယ်ပြန်စဉ်းစားမိရင် ပြုံးမိတယ်…။

နောက်တော့ ကျမ ၂ တန်းနှစ်မှာ စိန်စိန်ရဲ့အဖွား ဒေါ်မထား ကို အရမ်းအသက်ကြီးလာတော့ ရွာမှာပဲ ခေါင်းချခြင်တယ်ဆိုပြီးတော့ ရွာကိုပြန်သွားပါလေရော..

ပြန်ပြီး လအနည်းငယ်အကြာမှာ အဖွားဒေါ်မထားဆုံးသွားတော့ ကျမတို့မောင်နှမ ကို မဆုံးခင်ညမှာ မြင်ချင်တယ်ဆိုပြီး ရွာကလူတွေ နောက်တနေ့မှာ သထုံလာပြီး ပြောရမှာသိရတာ၊။သူဆုံးတာ ကိုယ့်အဖွားအရင်း ပျောက်သွားသလိုခံစား မိခဲ့တယ်. ။ ဒါနဲ့ နောက်တနေ့မှာပဲ ကျမရဲ့ အဖွားအရင်းနဲ့ ရင်းငြိမ်ကို လိုက်သွားခဲ့တယ်..။

ရွာရောက်တော့ ကျမက ငယ်သေးတော့ အဖွားဒေါ်မထားကို ပေးမကြည့်ပဲ စိန်စိန့် ကို ကျမအဖွားက ကလေးကို တခြားနေရာ ခေါ်သွားပြဆိုတော့ ကျမတို့ ၂ ယောက်သား သူများတွေ စပါးတွေစိုက်ပြီးလို့ ရိတ်သိမ်းနေတဲ့ လယ်ထဲမှာ ဖွင့်ထားတဲ့ ထမ်းရည် နဲ့ လ္ဘက်၊ ဂျင်းသုပ်ဆိုင်ကို ရောက်သွားရော..။

တောမှာများ ပိာုတုန်းကလူတွေ တယောက်နဲ့တယောက်ရင်းနှီးပုံများက ဒီလို…

စိန်စိန် နဲ့ ကျမ ဆိုင်သေးလေးထဲကို ရောက်သွားတော့ ဆိုင်ရှုင် အဒေါ်ကြီးက စိန်စိန့်ကို နင်တို့ ၂ ယောက် သုပ်စားချင်တာ ကိုယ့်ပာာကို သုပ်စားပြီးမှ ပိုက်ဆံထားသွားတဲ့ အဲဒီလို…။
မှတ်မိသလောက်ကတော့ ဆိုင်ရှင် အဒေါ်ကြီးက တခြားဝိုင်းမှာ စကားတွေထိုင်များနေတာ…။

ကျမကလဲ အစားပုပ်တော့ ဘယ်ရမလဲ..။ စိန်စိန်ကို များများထည့်နော် များများဆိုပြီး အသုပ် သုပ်ခိုင်းတာ..။ ၂ ယောက်သား ဝါးတီးဖွင့်ပြီးမှ လယ်ကွင်းဘက်ကနေ ရွာထဲကို ပြန်ဝင်လာတာ..။
ကလေးဆိုတော့ အဖွားဒေါ်မထားဆုံးသွားတာ စိတ်မကောင်းပေမဲ့ ကိုယ်လုပ်ချင်တာသာလုပ်ပြီး နေခဲ့တာ.။
စိန်စိန်လဲ ဒီလိုနဲ့ အိမ်ထောင်ကျပြီး ကလေး ၃ ယောက်တောင်ရှိလို့ အရွယ်တောင်ရောက်နေကြပြီ…။ စိန်စိန် ကျမကို ချစ်လို့ သူ့ သမီး အကြီးဆုံးရဲ့ နာမည်တောင် ကျမရဲ့ ရှေ့နာမည် ၂ လုံးကို ယူပြီးပေးထားသေးတယ်..။

ရင်းငြိမ်ရွာမှာ ပဲ နေပေမဲ့ ကျမ တို့ မောင်နှမကို သတိရတိုင်း သူ့မှာ ကျမကြိုက်တတ်တဲ့ လယ်ဂဏန်းသေးသေးလှော်၊ ကောက်ညှင်းထုပ်၊ တခြားပေါက်တတ်ကရ စာလေးတွေ ဝယ်ဝယ်လာပြီး တွေ့တယ်.။ ကျမ ထိုင်းမှာ ကျောင်းတက်ပြီး ခဏအိမ်ပြန်တော့ စိန်စိန်မှာ ကျမကို လာပြီးတွေ့သေးတယ်.

ကျမဒီ မှာ ရှိစဉ် အိမ်ကိုဖုန်းဆက်တာ စိန်စိန်အိမ်မှာ ရောက်နေတယ်ဆိုပြီး မေမေက နင်တို့ ၂ ယောက်ပဲ စကားပြောကြဆိုလို့ ကျမတို့ ၂ ယောက်ဖုန်းကြာကြာ ပြောဖြစ်ခဲ့တယ်.။

ကျမငယ်ငယ်ကလေးဘဝတုန်းကထဲက ကျမကို ၇ှားရှားပါးပါး မိသားစုထဲက ဆွေမျိုးအရင်းခေါက်ခေါက်တွေကမှ စိန်စိန့်လို ကျမအနွံတာ ခံခဲ့တဲ့လူ တယောက်မှ မရှိခဲ့တာ…

ကျမဘဝမှာ စိန်စိန်ကို တော်တော်လေး သံယောဇဉ်ကြီးတဲ့အတွက် သူ့အတွက် အမှတ်တရရေးလိုက်တာပါ.။

ဒါကြောင့်…

ကျမအိမ်ဒီတခေါက် ပြန်ရင် တခြားဆွေမျိုးတွေနဲ့ မတွေ့ရင်နေပါစေ.။ စိန်စိန့်ကိုတော့ တွေ့ရမယ်..။ရင်းငြိမ်ရွာကို သွားပြီး ငယ်ငယ်တုန်းကလို စိန်စိန့်လက်ကိုဆွဲပြီး ရွာရိုးကိုးပေါက် ပတ်ရဦးမယ်…။

2 comments:

  1. စိန်စိန်လက်ကိုဆွဲပြီး ရွာရိုးကိုးပေါက်လျှောက်ရင် ဖိုးစိန်ကိုလဲခေါ်ပါလား..

    ငယ်ဘဝက အမြဲအမှတ်တရရှိတတ်ပါတယ်

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  2. ကိုဖိုးစိန်လိုက်မယ်ဆိုရင် အလည်ခေါ်သွားပါ့မယ်ရှင်..။ လယ်တောထဲက ဆိုင်မှာလဲ မုန့်ပါဝယ်ကျွေးပါ့မယ်..

    လာလည်သွားတာကျေးဇူးပါရှင်..

    သထုံသူ

    ReplyDelete